စစ်ရေး တင်းမာနေဆဲ ဖြစ်တဲ့ ကျွန်းပင်သာ နဲ့ မင်းသာကျေးရွာမှာ တောင်သူများ ယခုနှစ် မိုးစပါး စိုက်ပျိုး နိုင်ခြင်း မရှိသေး

၃၊ ဇူလိုင် ၂၀၂၄

Zalen

စစ်ကိုင်းတိုင်း၊ တမူးမြို့ အထက်ပိုင်း ကျွန်းပင်သာ ကျေးရွာနဲ့ မင်းသာကျေးရွာတွေ မှာ စစ်ရေးတင်းမာ နေဆဲ ဖြစ်တာကြောင့် ယခုနှစ် မိုးရာသီမှာ လယ်ယာစပါး ထွန်ယက် စိုက်ပျိုးနိုင်ခြင်း မရှိဘူးလို့ ဒေသခံများက ပြောပါတယ်။

မေလ ၁၁ ရက်နေ့က မြို့သစ် မြို့ကို တော်လှန်ရ ပူးပေါင်းတပ်ဖွဲ့ မှ တိုက်ခိုက် သိမ်းပိုက်ပြီးနောက် ဒေသခံ ကျေးရွာသားများ ဘေးလွတ်ရာ ထွက်ပြေး တိမ်း ရှောင်ခဲ့ကြတာပါ။

” ကျွန်တော်တို့က အခုထိရွာပြန်ဝင်လို့လည်း မရသေးဘူး။ မိုးကလည်း ကျလာပြီ။ အရင်နှစ်ကဆို ဒီချိန် ပျိုးထောင်လို့ ပျိုးသက် တော်တော် ရနေပြီ။ ဒီနှစ် လယ်မလုပ်နိုင်ရင် နောက်နှစ် ဘာစားကြမလဲ။ တွေးကြည့်ရင် ရင်လေးတယ်ဗျား ” လို့ တောင်သူ တစ်ဦးက Zalen ကို ပြောပါတယ်။

ကျွန်းပင်သာကျေးရွာ ဒေသခံများဟာ မေလ ၁၂ ရက်နေ့က ရွားလုံးကျွတ် ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်ခဲ့ကြတာဖြစ်ပြီး ကျေးရွာအတွင်းမှာ စစ်ကောင်စီလက်အောက်ခံ ပျူ၊ SNA၊ ကသည်း လက်နက်ကိုင်များ အခြေချ တပ်စွဲထားတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကျေးရွာကို ပြန်လည် ဝင်ရောက်ပြီး လယ်ယာ လုပ်ငန်းမျာ စိုက်ပျိုး လုပ်ကိုင်နိုင်ရန် အခက်ခဲရှိနေကြတာ ဖြစ်ပါတယ်။

ဒါ့အပြင် မင်းသာ ကျေးရွာဒေသခံများလည်း မေလ ၁၂ရက်နေ့က အများစုဟာ ဘေးလွတ်ရာ ထွက်ပြေး တိမ်း ရှောင်ခဲ့ကြတာဖြစ်ပြီး စစ်ကောင်စီနဲ့ နီးစပ်တဲ့ ဒေသခံ အချို့ ကျန်ခဲ့တာဖြစ်ပြီး ၎င်းတို့ကို စစ်ကောင်စီကနေ လယ်ယာ လုပ်ကိုင်ခွင့် ပေးထားတယ်လို့ ဒေသခံများက ပြောပါတယ်။

အလားတူ တမူးအထက်ပိုင်း ကျေးရွာပေါင်း ၂၀ ခန့်ဟာလည်း ယခုနှစ် မိုးရာသီမှာ တောင်သူများ လယ်ရာ မိုးစပါး စိုက်ပျိုးနိုင်ခြင်း မရှိတာ‌ကြောင့် လာမယ့်နှစ်မှာ ဆန်၊ စပါးရှားပါးမှု ရှိနိုင်ပြီး ဆန်ဈေး အဆမတန် မြင့်တက်လာမှာကို ဒေသခံများ စိုးရိမ်နေကြ ပါတယ်။

သတင်း – စနေသား

နောက်ဆုံးရသတင်းများ

မီဇိုရမ်ပြည်နယ်၊ လုံးလေမြို့က မြန်မာစစ်ဘေးရှောင်များရဲ့ မှတ်ပုံတင်ကို ယာယီသိမ်းမယ်လို့ဆို

၂၁ ၊ မေလ၊ ၂၀၂၅ Zalen မီဇိုရမ်ပြည်နယ်၊ လုံးလေမြို့၊ လျှပ်စစ်ရပ်ကွက်ဆိုင်ရာကောင်စီ ( Electric Veng Local Council ) က ၎င်းတို့ ရပ်ကွက်အတွင်းခိုလှုံနေထိုင်တဲ့ မြန်မာစစ်ဘေးရှောင်များရဲ့ နိုင်ငံသားမှတ်ပုံတင်ကဒ်ပြားကို မနေ့ ...

ဆက်ဖတ်ရန်