စုပ်လည်းစူး၊ စားလည်းရူး ဖြစ်နေတဲ့ အစ္စရေးအပေါ် ထောက်ခံမှု

Mr.Richard

၂၀၂၃ ခုနှစ် အောက်တိုဘာလဆန်းပိုင်းမှာ ဂါဇာဘက်ကနေ ဟားမက်စ်စစ်သွေးကြွတွေဟာ အစ္စရေးကို ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ အရပ်သားတွေကို ပစ်မှတ်ထား သတ်ဖြတ်ခဲ့တဲ့ ဟားမက်စ် အုပ်စုဟာ လူပေါင်း ၁၅၀၀ နီးပါးကို သတ်ဖြတ်ခဲ့ပြီး ထိုထဲတွင် သာမန်အရပ်သားတွေ အများဆုံး ပါဝင်ခဲ့တယ်။

အစ္စရေးကို တိုက်ခိုက်မှုကြောင့် မွက်စလင်နိုင်ငံတွေနဲ့ မွက်စလင်အများအပြားကတော့ ပါလက်စတိုင်းကို ထောက်ခံကြောင်း ဆန္ဒဖော်ထုတ်မှုများ ပြုလုပ်ခဲ့ကြပေမယ့် ခရစ်ယာန်အများစုကတော့ မပျော်ရွှင်နိုင်ခဲ့ဘူး။ ဘုရားရဲ့ လူမျိုးလို့ သတ်မှတ်ခံထားရတဲ့ အစ္စရေး(ခ) ဂျူးလူမျိုးတွေအပေါ် ဟားမတ်စ် အဖွဲ့ရဲ့ ရက်စက်ကြမ်းကြုက်တဲ့ လုပ်ရပ်အပေါ် အစ္စရေးက ပြန်ပြီးလက်တုန့်ပြန်လာခဲ့တယ်။ ဟားမတ်စ်အဖွဲ့ရဲ့ တိုက်ခိုက်မှုကို မွက်စလင်တချို့ ဂုဏ်ယူနေကြသလိုပဲ အစ္စရေးကို ထောက်ခံကြတဲ့ သူတွေထဲမှာ ခရစ်ယာန်ဘာသာဝင်တချို့လည်း ပါဝင်နေပါတယ်။ ဘုရားရဲ့ အမျိုး၊ ကောင်းချီးပေးခံထားရတဲ့ မျိုးနွယ်စု လို့ ယူဆခြင်းခံထားရတဲ့ အစ္စရေး သို့မဟုတ် ဂျူးလူမျိုးတွေအပေါ် မြန်မာပြည်က ခရစ်ယာန်တွေ စီုးရိမ်ကြောင့်ကြပြီး ဆုတောင်းပေးနေကြတာလည်း ရှိပါတယ်။ ဒါပေမယ့် အစ္စရေးဟာ မြန်မာပြည်သူတွေအတွက်တော့ ကောင်းကျိုးပေးတဲ့ နိုင်ငံမဟုတ်ပါဘူး။ အစ္စရေးဟာ မြန်မာပြည်သူတွေကို ဖိနှိပ်ရက်စက် အကြမ်းဖက်နေတဲ့ စစ်တပ်အုပ်စုကို ဆယ်စုနှစ် ၄ ခုကြာ စစ်လက်နက်ပစ္စည်းများနှင့် အခြားအသုံးအဆောင်ယာဉ်တွေကို ရောင်းချပံ့ပိုးလာခဲ့ပါတယ်။

အစ္စရေးဟာ နှစ်ပေါင်း ၄၀ ကျော်ကြာမြင့်တဲ့အထိ စစ်တပ်ကို စစ်လက်နက်တွေ ရောင်းပေးတဲ့အပြင် စစ်သင်တန်းတွေ၊ နည်းပညာတွေပါ ခေတ်အဆက်ဆက် ပံံ့ပိုးလာခဲ့ပါတယ်။ အစ္စရေးဆီက ရတဲ့ စစ်လက်နက်ပစ္စည်းတွေနဲ့ စစ်တပ်ဟာ ယနေ့ မြန်မာပြည်မှာ ခရစ်ယာန်အများစု နေထိုင်ရာ ဒေသတွေမှာ စစ်ပွဲတွေ ဆင်နွဲခဲ့ကြတာပါ။ ခရစ်ယာန် ဘာသာဝင်တွေ သိန်းပေါင်းများစွာ စစ်ဘေးရှောင်ဘဝ ရောက်ခဲ့ကြသလို တချို့ သူတွေ ကိုယ့်နေရပ်ကို ပြန်မရောက်နိုင်ကြတော့ပါဘူး။ မြန်မာပြည်မှာ ကချင်၊ ကယား၊ ကရင်၊ ချင်း ဒေသများမှာ ခရစ်ယာန်ဘာသာဝင်ဦးရေးအများအပြားရှိနေပြီး တချို့ဒေသတွေဟာ နှစ်ပေါင်းဆယ်စုနှစ်ချီကြာ ပြည်တွင်းစစ်ဒါဏ်ကို အပြင်းအထန် ခံစားနေကြရပါတယ်။ ဒီလို ဒေသတွေက ပြည်သူတွေ ဒုက္ခရောက်ဖို့အတွက် စစ်တပ်ကို စစ်လက်နက်ပံပိုးတာ၊ ကူညီရောင်းချတာတွေကို အစ္စရေးနိုင်ငံကလည်း ပြုလုပ်နေတာပါ။ အစ္စရေးနိုင်ငံကတော့ မြန်မာဟာ ကုလသမဂ္ဂမှာ ၎င်းတို့ကို ပထမဆုံး ထောက်ခံပေးတဲ့ နိုင်ငံ အဖြစ် အသိအမှတ်ပြုကာ ခေတ်အဆက်ဆက် စစ်အစီုးရတွေကို ကူညီပံပိုးနေခဲ့တာပါ။

အမေရိကန်ရဲ့ စီးပွားရေးပိက်ဆို့မှုတွေ ရှိနေစဉ်မှာတောင် အစ္စရေးက မြန်မာစစ်တပ်နဲ့ ဆက်ဆံရေးမပြတ်ရှိနေတာပါ။ အဆီုးဆုံးက အစ္စရေးဆီက ရတဲ့ စစ်လက်နက်ပစ္စည်းတွေဟာ ပြည်ပရန်ကို ကာကွယ်ဖို့ မဟုက်ပဲ တိုင်းရင်းသားဒေသတွေမှာ မငြိမ်းနိုင်သောစစ်မီးအတွက် အသုံးချခဲ့ကြတယ်။ ဒီဒေသတွေဟာ ခရစ်ယာန်ဘာသာဝင်တွေသည် ယနေ့ ဘုရားရဲ့ မျိုးနွယ်စု လို့ ဆိုကာ ထောက်ခံနေကြပေမယ့် တဖက်မှာ ကိုယ့်ဒေသ ထိခိုက်နစ်နာမှုကလည်း ကြီးမားလှပါတယ်။ ပြောရရင် မြန်မာပြည်မှာ ခောက်အဆက်ဆက် စစ်တပ်အုပ်စုက နေရာယူပြီး ပြည်သူတွေကို ဖိနှိပ်ရက်စက်နိုင်ခြင်း အကြောင်းရင်းတွေထဲမှာ အစ္စရေးနိုင်ငံက စစ်လက်နက်ရောင်းချတာ၊ စစ်သင်တန်းပေးတာကလည်း ပါဝင်ပါတယ်။

ဒါကြောင့် လက်ရှိ အစ္စရေး-ဟာမက်စ် စစ်ပွဲမှာ အစ္စရေးဘက်က ထောက်ခံသူတွေထဲမှာ စစ်တပ်ထောက်ခံသူတွေလည်း ပါဝင်နေတယ်။ စစ်ကောင်စီအုပ်စုကတော့ တဖက်က စစ်လက်နက် နဲ့ ပစ္စည်းတွေ အကူအညီ ရယူထားရတဲ့ အီရန် လိုနိုင်ငံနဲ့လည်း မျက်နှာ မပြတ်ရအောင်၊ အစ္စရေးကိုလည်း မျက်နှာချိုသွေးလို့ ရအောင် ကြားနေပုံစံ နေပြထားပါတယ်။ ဘာကြောင့်လဲဆိုတော့ အစ္စရေးကို အဓိက ရပ်တည်ပေးနေတာက အမေရိကန် ဖြစ်နေတာကြောင့် ဖြစ်ပြီး ဟားမက်စ်ဟာ နောက်ကွယ်မှာ အီရန်ရဲ့ ပံ့ပိုးမှုဖြင့် လည်ပတ်နေပါတယ။ အီရန်အကူအညီတွေဟာ ရုရှားကျော့ထောက်နောက်ခံပြုပေးနေတဲ့ ဆီးရီးယားနဲ့ လက်ဘနွန် လို့ နိုင်ငံတွေကနေ တဆင့် သွားနေတာပါ။ ဆိုတော့ စစ်ကောင်စီဟာ နှစ်ဖက်လုံးကို မျက်နှာ မပြတ်ရအောင် ကြားနေဝါဒကို ကျင့်သုံးလိုက်တာပါ။ သို့ပေမယ့် အစ္စရေးအတွက် စီုးရိမ်ပေးနေကြတဲ့ မြန်မာပြည်က ခရစ်ယာန်တွေအတွက် သိရမှာက တိုင်းရင်းသားဒေသတွေမှာ အပြင်းအထန် ဖိနှိပ်ခံရတာ၊ ရက်စက်တာတွေကို ကျူးလွန်နေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်များတွင် အစ္စရေးလက်ချက်မကင်းကြောင်း သိဖို့ လိုအပ်ပါတယ်။ အကြောင်းရင်းကတော့ အစ္စရေးဟာ မြန်မာစစ်တပ်ကို စစ်လက်နက်များဖြင့် ပါဝင်ကူညီထောက်ပံ့ ပေးနေတယ်ဆိုတာကို သိဖို့ လိုပါတယ်။

အစ္စရေးဟာ မြန်မာစစ်တပ်က အရင်စစ်အစီုးရ ခေတ်အဆက်ဆက်သာမကပဲ လက်ရှိအချိန်ထိလည်း စစ်လက်နက်ပိုင်းဆိုင်ရာတွေမှာလည်း ပါဝင်သုံးစွဲနေကြဆဲ ဖြစ်တယ်။ ခေတ်အဆက်ဆက် ပြည်သူတွေကို ဖိနှိပ်ရက်စက်ခဲ့တဲ့ စစ်တပ်ရဲ့ အုပ်ချုပ်မှု‌တွေကို အစ္စရေးက စီးပွားရေးအခွင့်အလမ်းအဖြစ် မြင်ပြီး အသုံးချခဲ့ပါတယ်။ အစ္စရေးသည် ယနေ့ခေတ် မြန်မာစစ်တပ် ဖြစ်လာစေရန် အဓိက ပါဝင်ကူညီခဲ့သော ဗိသုကာ ဟု BBC က ညွန်းဆိုထားပါတယ်။ အစ္စရေး အစိုးရ အဆက်ဆက်ဟာ ကြမ်းကြုတ်တဲ့ မြန်မာ စစ်အာဏာပိုင်တွေကို စီးပွားဘက်တွေ အဖြစ် သဘောထားခဲ့ကြပြီး၊ စစ်တပ်အောက်က မြန်မာပြည်ကိုလည်း သူတို့ရဲ့ စီးပွားရေး အခွင့်အလမ်း/အခွင့်ကောင်း အဖြစ်သာ အစ္စရေးက အသုံးချခဲ့ကြတာ ဖြစ်တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

မြန်မာစစ်တပ်နဲ့ကြား ပူးပေါင်း ဆက်ဆံရေး ကနေ တဆင့် အစ္စရေးဟာ ပင်လယ် ရေကြောင်း ဆက်သွယ်ရေး၊ စိုက်ပျိုးရေး၊ ခရီးသွားနဲ့ ဆောက်လုပ်ရေးတို့လို ကဏ္ဍ အမျိုးစုံမှာလည်း မြန်မာပြည်ထဲ လုပ်ဆောင် နေခဲ့တယ်လို့ အစ္စရေး သတင်းစာ ဟားရက်ဇ် Haaretz က ဆိုပါတယ်။ ဒါကို ကြည့်ရင် အစ္စရေးဟာ မြန်မာစစ်တပ်ကို ဘယ်လောက်ထိ ရင်းနှီးပါက်သက် ဆက်ဆံနေလဲဆိုတာ တွေ့နိုင်တယ်။ မြန်မာပြည်က ခရစ်ယာန်အများစုကတော့ အစ္စရေး က ဂျူးလူမျိုးတွေဟာ ဘုရားမျိုးနွယ် ဖြစ်တယ် ဆိုပြီး စီုးရိမ်ပေးခဲ့ကြတာပါ။ ဒါပေမယ့် အစ္စရေးကတော့ မြန်မာပြည်တောင်တန်းဒေသတွေမှာ စစ်မီးတောက်လောင်ဖို့၊ တိုင်းရင်းသားတွေကို သတ်ဖြတ်အကြမ်းဖက်ဖို့ လုပ်နေတဲ့ စစ်တပ်ကို စစ်လက်နက်တွေ ကူညီပေးနေပါတယ်။

ဒီအချက်က မြန်မာပြည်က စစ်တပ်အကြမ်းဖက်မှုကြောင့် နေရပ်ကို စွန့်ခွာ ထွက်ပြေးနေကြရတဲ့ တိုင်းရင်းသား ခရစ်ယာန်ဘာသာဝင်တွေအတွက်ကတော့ စုပ်လည်းစူး၊ စားလည်းရူး အခြေအနေမျိုး ဖြစ်နေတယ်။ ခုတော့ ရန်သူရဲ့ အဝိုင်းခံနေရတဲ့ အစ္စရေးနဲ့ ပတ်သက်ပြီး နှစ်ပေါင်းများစွာ သံသမန်ဆက်ဆံရေးအရကော စစ်လက်နက်ပါ ထောက်ပံ့ရရှိနေတဲ့ မြန်မာစစ်တပ်ကတော့ ကြားနေဝါဒသုံးပြီး မရပ်တည်ပေးတော့ပါဘူး။ အစ္စရေးနဲ့ အမြဲတမ်း ဆက်ဆံရေးကောင်းရှိခဲ့တဲ့ ရုရှားလုပ်ရပ်အတိုင်းပဲ စစ်ကောင်စီဟာ အစ္စရေး တကယ်လိုအပ်ချိန်မှာ မရပ်တည်ပေးတော့တာပါ။ မြန်မာကနေ အစ္စရေးအတွက် ရပ်တည်ဆုတောင်းပေးနေကြတာ ဆိုလို့ အဖိနှိပ်ခံ တိုင်းရင်းသား ခရစ်ယာန်ဘာသာဝင်တွေပဲ ဖြစ်တယ်။ ဒီပြည်သူအများစုကလည်း အစ္စရေးထောက်ပံကူညီခဲ့ဖူးတဲ့ မြန်မာ စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုက်မှုကြောင့် မွေးရပ်မြေကို စွန့်ခွာကြသူတွေ အများကြီး ပါဝင်နေတယ်။ တချိန်ကြရင် အစ္စရေး(ဂျူးလူမျိုးစု) အနေနဲ့ မြန်မာပြည်သူတွေ အထူးသဖြင့် စစ်ပွဲဖြစ်ပွားနေတဲ့ တိုင်းရင်းသားဒေသက ပြည်သူတွေကို ပြန်တောင်းပန်သင့်တယ် လို့ ဆိုချင်တယ်။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်