ဆီမီးဖိုင်နယ်တွင် ချင်း U-21 အသင်းရှုံးနိမ့်ပြီး တတိယဆုရရန်ဆက်လက်ကြိုးစားမယ်

တိုင်း နဲ့ ပြည်နယ် U-21 အမျိုးသားဘောလုံးပြိုင်ပွဲတွင် ဆီမီးဖိုင်နယ်တွင် ချင်းအသင်းက ကရင်အသင်းကို (၃)ဂိုး၊ (၂)ဂိုးနဲ့ ရှုံးနိမ့်သွားကြောင်းသတင်းရရှိပါတယ်။

ယင်းပြိုင်ပွဲဟာ နေပြည်တော် ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်းတွင် ယနေ့ နံနက် (၇)နာရီခွဲတွင် ယှဉ်ပြိုင်ကစားကြပါတယ်။

ညနေပိုင်း (၃)နာရီတွင် မကွေးတိုင်းအသင်းက မွန်အသင်းကို (၃)ဂိုး၊ (၁)ဂိုးနဲ့အနိုင်ရရှိသွားပါတယ်။

U-21 ချင်းပြည်နယ်အသင်းသားများ

ချင်းပြည်နယ်အသင်း နည်းပြ ကိုဆီးမွန်က “ပထမရမယ်လို့ မျော်လင့်ပြီးစိတ်ဓာတ်ခွန်အားအပြည့်နဲ့ကြိုးစားခဲ့ရတာတွေအခုတော့မရနိုင်တော့ဘူး။ တတိယဆုအတွက် ထပ်ကြိုးစားရအုံးမယ်”
လို့ ၎င်းလူမှုကွန်ယက်စာမျက်နှာပေါ်မှာဖော်ပြထားပါတယ်။

Zalen ad

ဒါကြောင့် တတိယလုပွဲကို ဖေဖော်ဝါရီလ (၁၁)ရက် နံနက် (၇)နာရီခွဲတွင် ချင်း နဲ့ မွန်အသင်း ယှဉ်ပြိုင်ကြမှာဖြစ်ပြီး ညနေ (၃)နာရီတွင် ကရင် နဲ့ မကွေးအသင်းတို့ ဗိုလ်လုပွဲယှဉ်ပြိုင်ကြမှာဖြစ်
ပါတယ်။

(Zawgyi)

ဆီမီးဖုိင္နယ္တြင္ ခ်င္း U-21 အသင္းရႈံးနိမ့္ၿပီး တတိယဆုရရန္ဆက္လက္ၾကိဳးစားမယ္

တုိင္း နဲ႔ ျပည္နယ္ U-21 အမ်ဳိးသားေဘာလံုးျပိုင္ပြဲတြင္ ဆီမီးဖုိင္နယ္တြင္ ခ်င္းအသင္းက ကရင္အသင္းကို (၃)ဂိုး၊ (၂)ဂိုးနဲ႔ ရံႈးနိမ့္သြားေၾကာင္းသတင္းရရွိပါတယ္။

ယင္းျပဳိင္ပြဲဟာ ေနျပည္ေတာ္ ဝဏၰသိဒၶိေဘာလုံးအားကစားကြင္းတြင္ ယေန႔ နံနက္ (၇)နာရီခြဲတြင္ ယွဥ္ျပိဳင္ကစားၾကပါတယ္။

ညေနပိုင္း (၃)နာရီတြင္ မေကြးတုိင္းအသင္းက မြန္အသင္းကို (၃)ဂိုး၊ (၁)ဂိုးနဲ႔အႏိုင္ရရွိသြားပါတယ္။

ခ်င္းျပည္နယ္အသင္း နည္းျပ ကိုဆီးမြန္က “ပထမရမယ္လို႔ ေမ်ာ္လင့္ၿပီးစိတ္ဓာတ္ခြန္အားအျပည့္နဲ႔ႀကိဳးစားခဲ့ရတာေတြအခုေတာ့မရႏိုင္ေတာ့ဘူး။ တတိယဆုအတြက္ ထပ္ႀကိဳးစားရအုံးမယ္”
လို႔ ၄င္းလူမႈကြန္ယက္စာမ်က္ႏွာေပၚမွာေဖာ္ျပထားပါတယ္။

ဒါေၾကာင့္ တတိယလုပြဲကို ေဖေဖာ္ဝါရီလ (၁၁)ရက္ နံနက္ (၇)နာရီခြဲတြင္ ခ်င္း နဲ႔ မြန္အသင္း ယွဥ္ျပဳိင္ၾကမွာျဖစ္ၿပီး ညေန (၃)နာရီတြင္ ကရင္ နဲ႔ မေကြးအသင္းတို႔ ဗိုလ္လုပြဲယွဥ္ျပဳိင္ၾကမွာျဖစ္
ပါတယ္။

နောက်ဆုံးရသတင်းများ

ပေါ်တာကြောင့် လူငယ်မဲ့သွားသော ပလက်ဝမြို့နယ်က ‌ကျေးရွာများ

အယိုက်လင်း ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်အတွင်းရှိ ကျေးရွာတွေမှာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ခန့်မှစတင်ပြီး အာရက္ခတပ်တော် (ULA/AA) က ၎င်းတို့ခန့်အပ်ထားတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးက တဆင့် အမျိုးသမီး၊ အမျိုးသား လူငယ်တွေကို စစ်မှုထမ်းဖို့အတွက် ဆင့်ခေါ်မှုတွေကို ...

ဆက်ဖတ်ရန်