တမူးမြို့တွင် ပစ်ခတ်မှုဖြစ်ပွားရာ စကစတပ်နဲ့ အပေါင်းပါ ၉ ယောက်သေဆုံး

စစ်ကိုင်းတိုင်းအထက်ပို တမူးမြို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ဒေသခံ TSG တပ်တို့ အိန္ဒိယနယ်စပ်အနီးတွင် မနေ့ ဇူလိုင် ၂၄ ရက် ညနေ ၄း၁၅ မိနစ်ခန့်တွင် ပစ်ခတ်ကြာရာ စစ်ကောင်စီတပ်မှ (၇)ဦး၊ ပျူစောထီး (၁)ဦး နဲ့ ကသည်းလက်နက်ကိုင် ၁ ဦး စုစုပေါင်း ၉ ဦးသေဆုံးတယ်လို့ TSG (Tamu Security Group) ကထုတ်ပြန်ထားပါတယ်။

ယင်းထုတ်ပြန်ချက်ထဲတွင် မိမိတို့ TSG မုန်တိုင်းတပ်ခွဲများတပ်ချသောနေရာသို့ စစ်ကောင်စီလက်ပါးစေ ပျူစောထီးလက်နက်ကိုင်များမှ စစ်ကောင်စီများအား လိုက်လံပြသပေးရာ မိမိတို့ TSG မုန်တိုင်းတပ်ခွဲများကင်းလှည့်နေစဉ် ထိပ်တိုက်တွေ့ဆုံခဲ့ပြီး ပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်လို့ဖောြ်ပထားပါတယ်။

ယမန်နေ့ညက တိုက်ပွဲကြောင့် TSG ဘက်မှရဲဘော်များ ထိခိုက်ဒဏ်ရာအသေးအမွှားမျှမရှိဘူးလို့ထုတ်ပြန်ထား ပါတယ်။ ယင်းတိုက်ပွဲဟာ ည ၅ နာရီလောက်အထိကြာမြင့်ပါတယ်။

(Zawgyi)
တမူးၿမိဳ႕တြင္ ပစ္ခတ္မႈျဖစ္ပြားရာ စကစတပ္နဲ႔ အေပါင္းပါ ၉ ေယာက္ေသဆုံး

စစ္ကိုင္းတိုင္းအထက္ပို တမူးၿမိဳ႕တြင္ အၾကမ္းဖက္စစ္ေကာင္စီတပ္နဲ႔ ေဒသခံ TSG တပ္တို႔ အိႏၵိယနယ္စပ္အနီးတြင္ မေန႔ ဇူလိုင္ ၂၄ ရက္ ညေန ၄း၁၅ မိနစ္ခန႔္တြင္ ပစ္ခတ္ၾကာရာ စစ္ေကာင္စီတပ္မွ (၇)ဦး၊ ပ်ဴေစာထီး (၁)ဦး နဲ႔ ကသည္းလက္နက္ကိုင္ ၁ ဦး စုစုေပါင္း ၉ ဦးေသဆုံးတယ္လို႔ TSG (Tamu Security Group) ကထုတ္ျပန္ထားပါတယ္။

ယင္းထုတ္ျပန္ခ်က္ထဲတြင္ မိမိတို႔ TSG မုန္တိုင္းတပ္ခြဲမ်ားတပ္ခ်ေသာေနရာသို႔ စစ္ေကာင္စီလက္ပါးေစ ပ်ဴေစာထီးလက္နက္ကိုင္မ်ားမွ စစ္ေကာင္စီမ်ားအား လိုက္လံျပသေပးရာ မိမိတို႔ TSG မုန္တိုင္းတပ္ခြဲမ်ားကင္းလွည့္ေနစဥ္ ထိပ္တိုက္ေတြ႕ဆုံခဲ့ၿပီး ပစ္ခတ္မႈျဖစ္ပြားခဲ့ပါတယ္လို႔ေဖာျ္ပထားပါတယ္။

ယမန္ေန႔ညက တိုက္ပြဲေၾကာင့္ TSG ဘက္မွရဲေဘာ္မ်ား ထိခိုက္ဒဏ္ရာအေသးအမႊားမွ်မရွိဘူးလို႔ထုတ္ျပန္ထား ပါတယ္။ ယင္းတိုက္ပြဲဟာ ည ၅ နာရီေလာက္အထိၾကာျမင့္ပါတယ္။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်