တမူးမြို့ပေါ်တွင် စစ်ကောင်စီက ကားတွေချောဆွဲနေ

၅၊ ဖေဖော်ဝါရီ ၂၀၂၅

Zalen

စစ်ကိုင်းတိုင်း၊ တမူး မြို့မှာ စစ်ကောင်စီတပ်များက မြို့ပေါ်မှာရှိတဲ့ ကားတွေကို ချောဆွဲနေတယ်လို့ ကားသမားနဲ့ နီးစပ်သူတွေဆီကသိရပါတယ်။

စစ်ကောင်စီတပ်များက အရေးပေါ် အသုံးပြုနိုင်ဖို့ ကားတွေ နေ့စဉ် မနက် ၅နာရီကနေ ညနေ ၅နာရီထိ တမူးစစ်တပ်ကုန်းမှာ လာရောက် ထိုးထားရမယ်လို့ ကားသမားတွေကို ညွန်ကြားထားတယ်လို့လည်း သိရပါတယ်။

Zalen ad

” တမူး အထက်အောက်မှာက တိုက်ပွဲပြင်းထန်တော့ စစ်ကူလိုရင်လိုသလို အချိန်မှီလူနဲ့ပစ္စည်းပို့လို့ရအောင်ဆွဲထားတာနေမှာ။ ကားသမားတွေကတော့ ကြောက်နေကြတယ်။ မသွားပြန်ရင် ဖမ်းဆီး နှိပ်ဆက်ခံရမှာလည်း ကြောက်နေကြတယ်” လို့ ကားသမားနဲ့ နီးစပ်သူက Zalen ကိုပြောပါတယ်။

အခုလိုစစ်ကောင်စီတပ်များက မြို့ပေါ်ရှိကားတွေကို စစ်ကူပို့ဖို့နဲ့ စားနပ်ရိက္ခာ၊ လက်နက်၊ ခဲယမ်းများ ဖြည့်တင်းပေးဖို့ ဒေသခံတွေရဲ့ ကားများ အဓမ္မချောဆွဲအသုံးပြုနေတာကြောင့် ကားသမားအသိုင်းဝိုင်းက စိုးရိမ်နေကြတယ်လို့ ဒေသခံများဆီက သိရပါတယ်။

စစ်ကိုင်းတိုင်း တမူးမြို့နယ် မင်းသာ၊ ကျွန်းပင်သာကျေးရွာနဲ့ ပန်သာကျေးရွာမှာ ဇန်နဝါရီ ၂၇ရက်နေ့ကစပြီး ယနေ့ထိ နှစ်ဘက်တိုက်ပွဲ ပြင်းထန်နေတာဖြစ်ပါတယ်။

သတင်း – စနေသား

နောက်ဆုံးရသတင်းများ

အစိုးရဝန်ထမ်းတဦးမှသည် စီဒီအမ်ဈေးသည်မ ဘဝခရီးသို့

နွေဦးဈေးသည်(စီဒီအမ်ဝန်ထမ်းတဦး) ဈေးသည်ဘဝကို အစပြုလာခဲ့တာတော့ ဒီ၂၀၂၁ခုနှစ် ‌ဖေဖော်ဝါရီ ၁ရက်နေ့ ကျမတို့အမိမြန်မာနိုင်ငံတော်ကြီး မတရားအာဏာသိမ်းရာကနေ အစပြုလာခဲ့တာပေါ့လေ။ ဈေးသည်ဖြစ်ရလို့ ဝမ်းနည်းနေတာမဟုတ်ဘူးဟေ့။ ကျမတို့အမေက ဟိုးအရင်ကထဲက ဈေးရောင်းလာတာ ကျမတို့ဘွဲ့ရပညာတတ်လာတာ ဒီဈေးရောင်းရင်းကနေပဲ ရယူလာခဲ့တာပါ။ အမေ့ကိုအားနာတာပါ။ အသက်၄၀ကျော်လေးမှာ မုဆိုးမဖြစ်လာပြီး ...

ဆက်ဖတ်ရန်