တမူး-ကလေးလမ်းပေါ်ရှိ နမွန်းတားကျေးရွာကို တော်လှန်ရေးတပ်ဖွဲ့များ ပြန်လည်ထိန်းချူပ်ထားပြီး လက်နက်အချို့ သိမ်းဆည်း

အောက်တိုဘာ ၂၄၊ ၂၀၂၅။

Zalen

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ တမူး-ကလေးလမ်းမပေါ်ရှိ နမွန်းတားကျေးရွာကို တော်လှန်ရေးအင်အားစုများက ပြန်လည်ထိန်းချူပ်နိုင်ပြီး လက်နက်အချို့ သိမ်းဆည်းရမိတယ်လို့ စစ်ရေးသတင်းအရင်းအမြစ်များဆီက သိရပါတယ်။

အောက်တိုဘာ ၂၂ ရက်နေ့က စစ်ကြောင်းထိုးလာတဲ့ ပန်းသာကျေးရွာအခြေစိုက် စစ်ကောင်စီ ပူးပေါင်းတပ်ဖွဲ့များကို တော်လှန်ရေးအင်အားစုများက ပြန်လည်ခုခံတိုက်ခိုက်လို့ နမွန်းသားကျေးရွာကို အခုလို ပြန်လည်ထိန်းချူပ်နိုင်ခဲ့တာဖြစ်ပါတယ်။

Zalen ad

” စကစ စစ်ကြောင်းက ခမိတ်ကျေးရွာဘက်ကနေ မနက်အစောပိုင်းက စစ်ကြောင်းထိုးလာတာပါ။ နေလည်ပိုင်းလောက်မှာ နမွန်းတားကိုလည်း ပေးလိုက်ရတယ်။ တော်လှန်ရေးအဖွဲ့က တန်ပြန်ထိုးစစ်ဆင်တော့ ညနေပိုင်းလောက်မှာ နမွန်းတားကို ပြန်ရတာပါ။ ရှင်းလင်းရေးလုပ်တော့ စကစ ဘက်က ကျန်ခဲ့တဲ့ အလောင်း ၄ လောင်းနဲ့ လက်နက် ၇ လက်သိမ်းဆည်းရမိတယ်” လို့ စစ်ရေးအရင်းအမြစ်တစ်ဦးက Zalen ကိုပြောပါတယ်။

အခုလိုတော်လှန်ရေးတပ်ဖွဲ့များထိန်းချူပ်ထားတဲ့ တမူး-ကလေး လမ်းမပေါ်ရှိ နမွန်းတားကျေးရွာကို ခဏတာ စစ်ကောင်စီတပ်ဖွဲ့များကို ပေးလိုက်ရပေမယ့် တော်လှန်ရေးအင်းစုများက တန်ပြန်တိုက်ခဲ့လို့ အောက်တိုဘာ ၂၂ ရက်နေ့ညနေပိုင်းမှာဘဲ ပြန်လည်ထိမ်းချုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

အဲဒီလို တော်လှန်ရေးအင်းစုများ တန်ပြန်ထိုးစစ်ဆင် တိုက်ခဲ့ရာ စစ်ကောင်စီတပ်ရဲ့ အလောင်း ၄ လောင်းနဲ့ လက်နက် ၇ လက် ကိုသိမ်းဆည်း ရမိခဲ့တာလို့ဆိုပါတယ်။

ကလေး-တမူး-လမ်းပေါ်ရှိ တော်လှန်ရေးတပ်ဖွဲ့များထိန်းချုပ်ထားတဲ့ နမွန်းတားကျေးရွာကို ပန်းသာကျေးရွာအခြေစိုက် စစ်ကောင်စီတပ်များက မကြာခဏဆိုသလို ထိုးစစ်ဆင် တိုက်ခိုက်နေတာဖြစ်ပါတယ်။

သတင်း – အမေ့သား

ပုံစာ – တော်လှန်ရေးတပ်ဖွဲ့များအားတွေ့ရစဉ်။

ဓာတ်ပုံ – လူမှုကွန်ယက်

နောက်ဆုံးရသတင်းများ

Depo တားဆေးနဲ့ ပတ်သက်ပြီး သတိပေးချက်အသစ်များ ထွက်လာ

ဖေဖော်ဝါရီ ၁၄၊ ၂၀၂၆ Zalen သုံးလတကြိမ် အသုံးပြုကြတဲ့ ကိုယ်ဝန်ကာကွယ်ဆေး Depo-Provera နဲ့ ပတ်သက်ပြီး ဦးနှောက်အကျိတ်တမျိုးဖြစ်သော meningioma ဖြစ်နိုင်ခြေ ရှိနိုင်ကြောင်း နိုင်ငံတကာ သတင်းများတွင် ဖော်ပြထားပါတယ်။ ထုတ်လုပ်သူ Pfizerရဲ့ ဆေးအမှတ်တံဆိပ်စာရွက် ...

ဆက်ဖတ်ရန်