တိုက်ပွဲပြင်းထန်နေတဲ့ တီးတိန်မြို့နယ်၊ ထန်မွှော်တောင်ကို စစ်ကောင်စီဗုံးကြဲ

မေ ၄၊ ၂၀၂၆

Zalen

Zalen ad

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ထန်မွှော်တောင် (ခေါ် )လေထန်ကုန်း အနီးမှာ စစ်ကောင်စီတပ်နဲ့ ချင်းညီနောင်တပ်ဖွဲ့တွေအကြား မေ ၂ ရက်နေ့ကစပြီး တိုက်ပွဲပြင်းထန်နေပါတယ်။

စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး တွေနဲ့ ပစ်ခတ်‌နေသလို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မေ ၃ ရက်နေ့ နေ့လယ်ပိုင်းကစပြီး စစ်ကောင်စီတပ် လေယာဉ်နဲ့ သုံးကြိမ်လာပြီး ဗုံး ခြောက်လုံးထပ်မနည်းကြဲချခဲ့ပါတယ်။

ဒီကနေ့ မေ ၄ ရက်မနက်ပိုင်းမှာလည်း လေယာဉ်နဲ့ ဗုံးတစ်ကြိမ် ကြဲချခဲ့တယ်လို့ ဆိုပါတယ်။

” လက်နက်ကြီးကတော့ တောက်လျောက်ပစ်နေတာ။ မနေ့က လေယာဉ် သုံးကြိမ်လာတယ်၊ မိုးတွေရွာနေတာတောင် ဗုံးကြဲသွားတာ။ ဒီမနက်လည်း တခေါက်လာတယ်။ ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကိုင်းတိုင်း ကလေးမြို့ကနေ တီးတိန်မြို့နယ်ဘက်ကို အင်အားဖြည့်ဖို့ တက်လာတဲ့ စစ်ကောင်စီတပ်တွေနဲ့ ချင်းတော်လှန်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲ ဖြစ်ပွားနေတာပါ။

ကလေးမြို့ကနေလည်း တိုက်ပွဲဖြစ်ရာ နေရာကို လက်နက်ကြီးနဲ့ ပစ်ကူနေသလို တီးတိန်မြို့ပေါ်ကနေလည်း လက်နက်ကြီး ပစ်ကူနေပါတယ်။

မေလ ၂ ရက်နေ့ကလည်း တီးတိန်မြို့အဝင် ဆီဆိုင်အနီးမှာ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် လက်နက်ကြီးစ ထိမှန်ပြီး အသက် ၁၃ နှစ်အရွယ် မောင်လျန်‌မုန်ကင် (Lian Muan Kim) သေဆုံးခဲ့ရပါတယ်။

Mary

#တီးတိန်မြို့#ထန်​မွှော်​တောင်#လေထန်ကုန်း#စစ်​ကောင်စီ#ဗုံးကြဲ#ချင်း​တော်လှန်​ရေးပူး​ပေါင်းတပ်#Zalen

နောက်ဆုံးရသတင်းများ

ပင်တဂွန်က လျှို့ဝှက် UFO ဖိုင် ၁၆၀ ကျော် ထုတ်ပြန် ၊ ဂြိုဟ်သားအမှန်တကယ်ရှိနေပြီလားဆိုတာ ကမ္ဘာတဝန်း လူစိတ်ဝင်စားမှုမြှင့်တက်လျက်ရှိ

မေ ၉၊ ၂၀၂၆ Zalen နှစ်ပေါင်းများစွာ လူတွေကြား ထင်မြင်ချက်အမျိုးမျိုးနဲ့ ပြောဆိုနေကြတဲ့ UFO အကြောင်းကို အမေရိကန် ပင်တဂွန်ဘက်က တိတ်တဆိတ်မနေတော့ဘဲ စာရွက်စာတမ်း ၁၆၀ ကျော်ကို မနေ့က မေ ၈ရက်နေ့မှာ တရားဝင် ...

ဆက်ဖတ်ရန်