တီးတိန်မြို့နယ်မှာ လေပြင်းတိုက်လို့ ဧက(၃၀၀)ကျော် ပြောင်းဖူးခင်းပျက်စီး

တီးတိန်မြို့နယ်မှာ လေပြင်းတိုက်လို့ ကျေးရွာအချို့မှာ ပြောင်းဖူးခင်း ဧက(၃၀၀)ကျော်ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီကသတင်းရရှိပါတယ်။

ဇူလိုင်လ (၂၀)ရက်ညမှာ လေပြင်းတိုက်လို့အခုလိုပျက်စီးခဲ့တာပါ။ ပြောင်းဖူးခင်းပျက်စီးသွားတဲ့ကျေးရွာတွေကတော့ ဗန်သဲ့ရွာ ဧက(၂၀၀)ခန့်၊ ဗာလ်ဗုမ်ရွာ ဧက(၁၇၂)၊ ဆိုင်းဆံရွာ ဧက(၃၀)ခန့်၊ ငန်နူးရွာစသည်တို့ဖြစ်ပါတယ်။

ဗန်သဲ့ရွာ အုပ်ချုပ်ရေးမှူး ဦးဒမ်ပေါင်က “ည (၂)နာရီလောက်မှာလေပြင်းတိုက်တာပါ။ အခုက ပြောင်းဖူးတွေအဖူးထွက်ခါစပဲရှိသေးတယ် မြေပေါ်မှာလဲသွားတဲ့အပင်တွေဆို စားလို့ရတော့မှာမဟုတ်ဘူး။ ဒီလိုမဟုတ်ပဲ နည်းနည်းလဲတဲ့အပင်တွေဆိုရင် အထွက်နှုန်းတော့ကျမယ်။ ဒီသတင်းကို တနင်္ဂနွေနေ့မှာ အစိုးရရုံးကို သတင်းသွားပို့တော့ (၂၄)နာရီအတွင်းသတင်းမပို့လို့ဆိုပြီး ပျက်စီးသွားတဲ့ဧကကို (၇၀)နဲ့ရေးပေးတယ်။ ပြီးတော့ ပိုင်ရှင်အိမ်ခြေလည်း ငါးဆယ် ခုနစ်ဆယ်အိမ်လို့ပဲရေးခိုင်းတယ်။ ကျနော်တို့ရွာက အိမ်ခြေ (၃၅၀)ကျော်ရှိတယ်။ တစ်ချို့က (၃)ဧကစိုက်တဲ့သူတွေလည်းရှိတယ်။ တောင်ယာမခုတ်တဲ့သူက (၁၀)အိမ်လောက်ပဲရှိတယ်”ဟုပြောပါတယ်။

ခုချိန်မှာ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းတွေက ကွင်းဆင်းပြီးစာရင်းကောက်ခံလျက်ရှိပါတယ်။

Zalen ad

နောက်ဆုံးရသတင်းများ

ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ ပြန်လည်လွှတ်ပေးဖို့ အမေရိကန်၊ ဂျပန်နှင့် ကုလသမဂ္ဂတို့ တောင်းဆို

မေ ၂၊ ၂၀၂၆Zalen နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ ပြန်လည်လွှတ်ပေးဖို့ အမေရိကန်၊ ဂျပန်နဲ့ ကုလသမဂ္ဂ တို့က တောင်းဆိုလိုက်ပါတယ်။ အဲဒီတောင်းဆိုမှုတွေဟာ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့လိုက်တဲ့ သတင်းတွေ ထွက်ပေါ်လာပြီးနောက် ထွက်ပေါ်လာတာပါ။ ...

ဆက်ဖတ်ရန်