တီးတိန်မြို့မှာ (၅)ရက်အတွင်း တစ်နေ့ နှစ်နာရီသာ မီးရမယ်

တီးတိန်မြို့မှာ ရေအားလျှပ်စစ်ပေးတဲ့မြောင်းကိုပြုပြင်မှာဖြစ်တဲ့တွက် မေလ(၂၄)ရက်မှ (၂၉)ရက်ထိ တစ်နေ့ကို နှစ်နာရီသာ မီးရမယ်လို့တီးတိန်မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးက မေလ(၂၄)ရက်ကထုတ်ပြန်ထားပါတယ်။

တီးတိန်မြို့ကို အဓိကမီးပေးတဲ့ ဇလွီးမြောင်းဟာ ၂၀၁၇ ခုနှစ် အောက်တိုဘာ(၃၀)ရက်က ပေ (၁၀၀)ကျိုးအက်ပျက်စီးသဖြင့် အရေးပေါ်ယာယီပြုပြင်ထားပြီး အခုသဘာဝဘေးခံနိုင်အောင် ပြုပြင်မှာဖြစ်တဲ့တွက် ဟိုင်ကျင်းရေမြောင်းကနေ အနည်းငယ်ဝင်လာတဲ့ရေအားနဲ့ မြို့မီးပေးမှာဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ်။

၂၀၁၇ ခုနှစ်တုန်းက ဇလွီးမြောင်းပျက်စီးမှုအားမြင်တွေ့ရစဉ်

 

 

Zalen ad

နောက်ဆုံးရသတင်းများ

ရွှေကုက္ကိုလ်ရှိ ကျားဖြန့်ဂိုဏ်းချုပ် တရုတ်နိုင်ငံသားတဦး ထိုင်းမှာ ဖမ်းဆီးရမိ

ဧပြီ ၁၀၊ ၂၀၂၆ Zalen မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်ရှိ ကျားဖြန့်နဲ့ တိုက်ရိုက်ဆက်နွှယ်နေတဲ့ ၃၂ နှစ်အရွယ် တရုတ်အွန်လိုင်းလောင်းကစားဂိုဏ်းချုပ်တဦးကို ထိုင်းရဲတပ်ဖွဲ့က ပတ္တရားရှိ ဇိမ်ခံဗီလာတခုမှာ ဒီနေ့မနက်မှာ ဝင်ရောက်စီးနင်းဖမ်းဆီးလိုက်ပါတယ်။ ဖမ်းဆီးခံရသူဟာ အွန်လိုင်းလောင်းကစား ပလက်ဖောင်းပေါင်း ၂၃၉ ...

ဆက်ဖတ်ရန်