တီးတိန်နဲ့ ဟားခါးမြို့မှာ စက်သုံးဆီကို အကန့်အသတ်နဲ့သာ ရောင်းချ

‌မတ် ၆၊ ၂၀၂၆

Zalen

Zalen ad

ချင်းပြည်နယ်၊ တီးတိန်မြို့နဲ့ ဟားခါးမြို့တွေမှာ

စက်သုံးဆီတွေကို ပုံးတွေနဲ့ ၀ယ်ယူခွင့်မပေးတော့ပဲ ဆိုင်ကယ်နဲ့ ကားတွေ ထည့်ဖို့သာ ရောင်းချပေးနေတယ်လို့ သိရပါတယ်။

လက်ရှိမှာ ဓာတ်ဆီဈေးနှုန်း မြင့်တက်တာမျိုးမရှိပဲ ပုံမှန်ရောင်းဈေး တစ်ဂါလံကို ၂၆,၀၀၀ ကျပ် ဈေးရှိနေပြီး မတက်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

” ၀ယ်စုသူတွေကို မရောင်းတာပေါ့နော်၊ ဈေးကတော့ မတက်သေးဘူး၊ ပုံမှန်ပဲ။ ဆိုင်ကယ်တွေ၊ ကားတွေထဲပဲ ထည့်ပေးတယ်။ လောလောဆယ်တော့ ဆိုင်တွေက ဆီလက်ကျန်ရှိသလောက် ရောင်းပေးမယ်လို့ ပြောတယ်။ ” လို့ တီးတိန်မြို့ခံတဦးက ပြောပါတယ်။

မတ်လ ၄ ရက်နေ့မှာ ဟားခါးမြို့ကို မန္တလေးဘက်က ဆီကား တစ်စီး၀င်လာတာကြောင့် လက်ရှိမှာ ဆီရှိနေသေးတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒါကြောင့် ဟားခါးနဲ့ တီးတိန်မှာတော့ စက်သုံးဆီ အပို ၀ယ်မရတာကလွဲရင် ဓာတ်ဆီ၀ယ်ယူဖို့ တန်းစီနေစရာမလိုသေးဘူးလို့ သိရပါတယ်။

စစ်ကောင်စီက အီရန် စစ်ရေးအခြေအနေတွေကြောင့် စက်သုံးဆီချွေတာရေး သတိပေးထားပြီးမတ်လ ၇ ရက်နေ့ကစပြီး EV ယာဉ်မှအပ ကား၊ ဆိုင်ကယ် ကိုယ်ပိုင်ယာဉ်အားလုံး တစ်ရက်မောင်း၊တစ်ရက်နားစနစ် ကျင့်သုံးရမယ်လို့ ထုတ်ပြန်ထားပါတယ်။

လက်ရှိမှာတော့ မြို့ကြီးတွေအပါအ၀င် မြို့တော်တော်များများမှာ ဆီဝယ်ဖို့ တန်းစီရတာ၊ ဆီဆိုင်ပိတ်တာ၊ ကန့်သတ်ရောင်းချတာတွေ ဖြစ်ပေါ်နေပါတယ်။

Mary

နောက်ဆုံးရသတင်းများ

ရွှေကုက္ကိုလ်ရှိ ကျားဖြန့်ဂိုဏ်းချုပ် တရုတ်နိုင်ငံသားတဦး ထိုင်းမှာ ဖမ်းဆီးရမိ

ဧပြီ ၁၀၊ ၂၀၂၆ Zalen မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်ရှိ ကျားဖြန့်နဲ့ တိုက်ရိုက်ဆက်နွှယ်နေတဲ့ ၃၂ နှစ်အရွယ် တရုတ်အွန်လိုင်းလောင်းကစားဂိုဏ်းချုပ်တဦးကို ထိုင်းရဲတပ်ဖွဲ့က ပတ္တရားရှိ ဇိမ်ခံဗီလာတခုမှာ ဒီနေ့မနက်မှာ ဝင်ရောက်စီးနင်းဖမ်းဆီးလိုက်ပါတယ်။ ဖမ်းဆီးခံရသူဟာ အွန်လိုင်းလောင်းကစား ပလက်ဖောင်းပေါင်း ၂၃၉ ...

ဆက်ဖတ်ရန်