တီးတိန်မြို့မှာ ကလေးငယ်တစ်ဦး မြေမြှုပ်မိုင်းနင်းမိလို့ ခြေတစ်ဖက် ဖြတ်ရ

ချစ်ခြင်းနွေ/ ၃၊ အောက်တိုဘာ၊ ၂၀၂၃။

Zalen

ချင်းပြည်နယ် မြောက်ပိုင်း တီးတိန်မြို့နယ်မှာ စက်တင်ဘာ ၃၀ ရက်နေ့က မြေမြှုပ်မိုင်းနင်းမိလို့ ညာဘက် ခြေထောက် ဖြတ်တောက်လိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မိုင်းနင်းမိသူဟာ အသက် ၁၂နှစ်အရွယ် မညောင်ငိုက်နွမ်းဖြစ်ပြီး စစ်ကောင်စီရဲ့ တပ်ကုန်းအနီးမှာ ထင်းရှာသွားရင်း မိုင်းနင်းမိတာလို့ ဒေသခံတွေက ပြောပါတယ်။

Zalen ad

မညောင်ငိုက်နွမ်းဟာ တီးတိန်မြို့နယ်ဆေးရုံမှာ ညာဘက်ခြေထောက်ကို ဒူးအောက်ကနေ ဖြတ်တောက်ခဲ့ပေမယ့် မသက်သာတာကြောင့် ကလေးမြို့ဆေးရုံမှာ ပေါင်ကနေ ပြန် ဖြတ်တောက်ခဲ့တယ်လို့ မိသားစုဝင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

“ အရင်ကလည်း ထင်းရှာသွားနေကြပဲ။ တပ်ကုန်းနားမှာဆိုတော့ စစ်ကောင်စီက ထောင်ထားတဲ့ မိုင်းပဲဖြစ်မှာ။ ပြီးတော့ အဲ့လိုမဖြစ်အောင် သူတို့ အနီးအနားကို မသွားဖို့ သတိထားရမှာပေါ့။ ” လို့ တီးတိန်မြို့ဒေသခံတစ်ဦးက ပြောပါတယ်။

လက်ရှိမှာ မညောင်ငိုက်နွမ်ဟာ ကလေးမြို့ဆေးရုံမှာ ဆေးကုသမှု ခံယူနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၆ရက်နေ့က မင်းတပ်မြို့မှာ မြို့အဝင်မှာ စစ်ကောင်စီတပ်ရဲ့ ထောင်ထားတဲ့ မိုင်းကြောင့် အသက် ၆၀အရွယ် အမျိုးသားတစ်ဦးသေဆုံးကာ အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့ပါတယ်။

နောက်ဆုံးရသတင်းများ

ပေါ်တာကြောင့် လူငယ်မဲ့သွားသော ပလက်ဝမြို့နယ်က ‌ကျေးရွာများ

အယိုက်လင်း ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်အတွင်းရှိ ကျေးရွာတွေမှာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ခန့်မှစတင်ပြီး အာရက္ခတပ်တော် (ULA/AA) က ၎င်းတို့ခန့်အပ်ထားတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးက တဆင့် အမျိုးသမီး၊ အမျိုးသား လူငယ်တွေကို စစ်မှုထမ်းဖို့အတွက် ဆင့်ခေါ်မှုတွေကို ...

ဆက်ဖတ်ရန်