တီးတိန်မြို့ တပ်ကုန်းကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ အင်အားဖြည့်တင်းနေ

အောက်တိုဘာ ၂၇၊ ၂၀၂၅

Zalen

ချင်းပြည်နယ်၊ တီးတိန်မြို့က ခလရ ၂၆၈ တပ်ရင်းကို စစ်ကောင်စီတပ်က ‌အောက်တိုဘာ ၂၆ နဲ့ ၂၇ ရက်မှာ နှစ်ရက်ဆက်တိုက် လေယာဉ်နဲ့ အင်အားဖြည့်တင်းနေတယ်လို့ သိရပါတယ်။

အောက်တိုဘာ ၂၆ ရက်နေ့မှာ စစ်တပ်သုံး Mi 3 လေယာဉ် ၅ ကြိမ်၊ အောက်တိုဘာ ၂၇ ရက်နေ့မှာ ၂ ကြိမ် တပ်ကုန်းကို လာရောက်ပြီး လက်နက်နဲ့ လူအင်အားဖြည့်တင်းနေတာလို့ ဒေသခံတွေက ပြောပါတယ်။

Zalen ad

” လူတွေ၊ လက်နက်ရိက္ခာတွေ ချတာပေါ့၊ အဲဒီ လေယာဉ်ကွင်းက Mi 3 ပဲ ဆင်းလို့ရတာ၊ ကွင်းကျဉ်းတယ်။ ကလေးမြို့ကနေ ဖြည့်နေတာ အသွားအပြန် ဖြတ်ပျံနေတာပဲ။ ရွေးကောက်ပွဲအတွက် ထပ်ထည့်နေတာလို့ထင်တယ်။ ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲလုပ်မယ့်မြို့ထဲမှာ တီးတိန်မြို့လည်း ပါ၀င်နေတဲ့အတွက် အဲဒါကြောင့် အင်အားထပ်ဖြည့်နေတာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ချင်းတော်လှန်ရေးတပ်တွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ရိခေါ်ဒါရ်မြို့ပေါ်မှာလည်း ဒီကနေ့မှာ ကင်းထောက်လေယာဉ်တစ်စီး ပျံသန်းခဲ့တယ်လို့ သိရပါတယ်။ ဒါ့ပြင် CNA ဌာနချုပ်ကိုလည်း ဒီမနက် ၁၁း ၅၀ အချိန်တွင် ကင်းထောက်လေယာဉ်တစ်စီးပျံသန်းလာတယ်လို့သိရတယ်။

ဒီကနေ့မှာပဲ ကလေးမြို့ကနေ တီးတိန်မြို့ဘက်ကို မြေပြင်ကနေ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတယ်လို့ CDF CDM Siyin က ထုတ်ပြန်ပါတယ်။

‌စစ်ကောင်စီတပ်ဟာ ချင်းပြည်နယ်နဲ့ ထိစပ်နေတဲ့ကလေးမြို့ကိုလည်း အင်အားတွေ ဖြည့်တင်းနေပြီး ကလေး တောင်ပိုင်းနဲ့ မြောက်ပိုင်းကျေးရွာတွေကို စစ်ကြောင်းထိုးနေပါတယ်။

Helen

နောက်ဆုံးရသတင်းများ

အမတ ၃၇၁ ကို စစ်ကောင်စီ ကရဟတ်ယာဉ်နဲ့လူအင်အားဖြည့် ၊ ဒုတပ်ရင်းမှူးကိုလည်း ရဟတ်ယာဉ်နဲ့ ခေါ်ဆောင်သွား

မေ ၁၅၊ ၂၀၂၆Zalen မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ် ပြည်ဝရွာအခြေစိုက် အမြောက်တပ်ရင်း (အမတ – ၃၇၁) ကို စစ်ကောင်စီတပ်က Mi-17 ထောက်ပံ့ရေးရဟတ်ယာဉ်တစီး နဲ့ တပ်သားအင်အားလာရောက်ဖြည့်တင်းခဲ့ပြီး၊ ဒုတပ်ရင်းမှူး တဦးကိုလည်းပြန်လည်ခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ ...

ဆက်ဖတ်ရန်