တော်လှန်ရေး ၄ နှစ်ပြည့်အထိန်းအမှတ်အဖြစ် မတူပီမြို့နယ် CDM ကော်မတီမှ အချက် ၃ ချက်ပါသဘောထား ထုတ်ပြန်

၇၊ ဖေဖော်ဝါရီလ၊ ၂၀၂၅

Zalen

အကြမ်းဖက်စစ်ကောင်စီက လက်နက်အားကိုးပြီး မတရားသဖြင့် အာဏာသိမ်းခဲ့တဲ့ ၄ နှစ်ပြည့် အထိန်းအမှတ် အဖြစ် မတူပီမြို့နယ် CDM ကော်မတီက အချက် ၃ ချက်ပါ သဘောထားကို ဒီကနေ့ထုတ်ပြန်ထားပါတယ်။

အဆိုပါ သဘောထားများက မြန်မာနိုင်ငံပြည်တွင်းစစ်ဖြစ်ပွားရခြင်းရဲ့အဓိကအကြောင်းအရင်းမှာ “တန်းတူမှုမရှိခြင်း” ဖြစ်တာကြောင့် အနာဂတ်မြန်မာနိုင်ငံအား တန်းတူမှုကိုအာမခံတဲ့ “ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု” တည်ထောင်ရန်၊ မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းမဆို မိမိရဲ့ကာကွယ်ရေးတာဝန်ကို ကျော်လွန်ပြီး နိုင်ငံရေးစွက်ဖက်မှုကို ဆန့်ကျင်ကြောင်း နဲ့ ဘုံရည်မှန်းချက်တူညီတဲ့ တော်လှန်ရေးအဖွဲ့အစည်း အားလုံးနဲ့ချိတ်ဆက်ကာ ပူးပေါင်းကာ တော်လှန်ရေးပြီးတဲ့အထိဟန်ချက်ညီညီ ပူးပေါင်းမယ် ဆိုတဲ့အချက်တွေ ဖြစ်ပါတယ်။

နွေဦးတော်လှန်ရေးကို အဓိကတွန်းအားပေးတဲ့ နိုင်ငံ့ဝန်ထမ်း CDMers များဟာ မိမိတို့ရဲ့ ရာထူးနဲ့ဘဝများ ကို နိုင်ငံ နဲ့လူမျိုးအတွက်စွန့်လွှတ်ပြီး တော်လှန်ရေးမှာယနေ့အထိ အရှိန်အဟုန်ဖြင့် ပါဝင်လျက်ရှိရာ ချင်းပြည်နယ်က တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ CDM ပါဝင်မှုရာခိုင်နှုန်းအမြင့်ဆုံးဖြစ်တယ်လို့ဆိုပါတယ်။

စစ်တပ် အာဏာသိမ်းတာကို သိရှိတာနဲ့ မတူပီမြို့နယ် CDM သမားများဟာ ဖဲကြိုနီ ( Red Ribbon) လှုပ်ရှား ခြင်း၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၃ ရက်နေ့က စလို့ CDM လှုပ်ရှားမှုစတင်ခြင်း၊ လမ်းမပေါ်ဆန္ဒဖော်ထုတ်မှုများမှာ ပြည်သူ များနဲ့အတူ ဦးဆောင်ပါဝင်ခြင်း၊ ဆန္ဒဖော်ထုတ်ခြင်းကို နှိမ်နှင်းလာရာ ပျောက်ကြားစနစ်ဖြင့် ဆန္ဒဖော်ထုတ်ခြင်း များ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

အခုလို အကြမ်းဖက်စစ်ကောင်စီရဲ့ မတရားအာဏာသိမ်းမှုကို ဆန့်ကျင်တဲ့အနေဖြင့် မတူပီမြို့နယ်အတွင်းရှိ ဌာန ၃၄ ခုမှ ဝန်ထမ်းပေါင်း ၁၆၇၂ ဦး နဲ့ မြို့နယ်ပြင်ပမှာရှိတဲ့ ဌာနပေါင်းစုံမှ ဝန်ထမ်းများလည်းပါဝင်တယ်လို့ သိရပါတယ်။

သတင်း – Grace

နောက်ဆုံးရသတင်းများ

တလန်ဇာန်ကျေးရွာ လေကြောင်း တိုက်ခိုက်မှုဟာ တော်လှန်ရေးသမားများလုပ်ခဲ့တာဆိုတဲ့ သတင်းအမှား

Zalen မတ်လ ၂၁ ရက်၊ ၂၀၂၅ ခုနှစ် ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ တလန်ဇာန်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်း ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ဘုရားကျောင်းနဲ့ အဆောက်အအုံတွေ ပျက်စီးတာကို တော်လှန်ရေးတပ်ဖွဲ့တွေက လက်နက်ကြီးဖြင့်ပစ်ခတ်တာလို့ မဟုတ်မမှန်လုပ်ကြံဝါဒဖြန့်ချိလျက်ရှိဆိုတဲ့ သတင်းကို ...

ဆက်ဖတ်ရန်