ဒဂုံတက္ကသိုလ်တွင် ဒုတိယအကြိမ် ချင်းဘာသာစကားကို သင်ကြား

ဒဂုံတက္ကသိုလ်တွင် ဒုတိယအကြိမ် ချင်းဘာသာစကားကို သင်ကြား

ချင်းစာပေနှင့်ယဉ်ကျေးမှုကော်မတီ (ဒဂုံတက္ကသိုလ်)ကဦးဆောင်ပြီး ဒုတိယအကြိမ် ချင်းဘာသာစကားသင်ကြားရေးအစီအစဉ်ကို ရန်ကုန်မြို့ ဒဂုံတက္ကသိုလ်တွင်ပြုလုပ်ကြပါတယ်။

ဒီအစီအစဉ်ကို ၂၀၁၈ ခုနှစ်တွင်စတင်သင်ကြားခဲ့ပြီး ပထမဆုံးနှစ်တွင် ဟားခါး(လိုင်)စကား၊ ဒုတိယနှစ်တွင် ဖလမ်း(လိုင်)စကားသင်ကြားကြပါတယ်။

ဒီနှစ်တွင် ချင်းဘာသာစကားသင်ကြားတဲ့ ကျောင်းသူ၊ကျောင်းသား ၂၁ ဦးရှိပါတယ်။

Zalen ad

ချင်းစာပေနှင့်ယဉ်ကျေးမှုကော်မတီ (ဒဂုံတက္ကသိုလ်) ဒုတိယဥက္ကဌ ဆလိုင်းဆိုင်မွန်က “ဘယ်ဘာသာစကားသင်ကြားမလဲဆိုတာကို မဲနှိုက်ပြီးတော့သင်ကြားတာဖြစ်တယ်။ သင်ကြားပြီးသား ဘာသာစကားကိုတော့ မဲစာရင်းထဲမှာမထည့်တော့ဘူးပေါ့။ နောက်နှစ်ဆိုလည်း ဘယ်ဘာသာစကားသင်မလဲ မပြောနိုင်သေးဘူး။ လာသင်တဲ့သူတွေထဲမှာ ချင်းတိုင်းရင်းသားမဟုတ်တဲ့သူတွေလည်းပါပါတယ်” လို့ပြောပါတယ်။

ချင်းဘာသာစကားသင်ကြားရေးအစီအစဉ်ကို ဇူလိုင် ၂ ရက်နေ့တွင်စတင်ပြီး ဇူလိုင် ၂၇ ရက်နေ့ထိသင်ကြားကြမှာဖြစ်တယ်။ သင်ကြားချိန်ကတော့ တစ်ပတ်မှာ ၅ ရက်၊ တစ်ရက်မှာ နေ့လည် ၁ နာရီကနေ ၃ နာရီထိသင်ယူကြပါတယ်။

နောက်ဆုံးရသတင်းများ

ပေါ်တာကြောင့် လူငယ်မဲ့သွားသော ပလက်ဝမြို့နယ်က ‌ကျေးရွာများ

အယိုက်လင်း ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်အတွင်းရှိ ကျေးရွာတွေမှာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ခန့်မှစတင်ပြီး အာရက္ခတပ်တော် (ULA/AA) က ၎င်းတို့ခန့်အပ်ထားတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးက တဆင့် အမျိုးသမီး၊ အမျိုးသား လူငယ်တွေကို စစ်မှုထမ်းဖို့အတွက် ဆင့်ခေါ်မှုတွေကို ...

ဆက်ဖတ်ရန်