ဒဂုံတက္ကသိုလ် ချင်းစာသင်တန်းဆင်းလက်မှတ်ပေးအပ်ပွဲအခမ်းအနားကျင်းပ

ရန်ကုန်မြို့ ဒဂုံတက္ကသိုလ်မှာ ပထမဆုံးအကြိမ် ချင်းစာကို တစ်လကြာ သင်ကြားပြီးနောက် ဇူလိုင်(၃၁)ရက်မှာ သင်တန်းဆင်းလက်မှတ်ပေးအပ်ပွဲအခမ်းအနားကျင်းပပါတယ်။

ယနေ့ ချင်းတိုင်းရင်းသားအခြေခံစာပေနှင့်ဘာသာစကား သင်တန်းဆင်းပွဲ ကျောင်းသား ကျောင်းသူ အယောက် ၅၃ဦး တက်ရာက်နိုင်ပါတယ်။

ဒီသင်တန်းကို ဒဂုံတက္ကသိုလ် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုကော်မတီက ဦးဆောင်ပြီး ဇူလိုင်(၃)ရက်ကစပြီး ဇူလိုင်(၃၁)ထိသင်ကြားပါတယ်။ ဒီသင်တန်းမှာ ချင်းစာအပြင် ကချင်၊ မွန်၊ ရှမ်းနဲ့ ရခိုင်စာတွေလည်းသင်ကြားနေပါတယ်။
ချင်းစာပေနှင့်ယဉ်ကျေ်းမှုကော်မတီ(ရန်ကုန်-တက္ကသိုလ်များ)အဖွဲ့ဥက္ကဌ ဆလိုင်းဘွဲ့ထာဆန်က “အခုက ဟားခါးစာနဲ့စသင်ပါတယ်။ နောက်နှစ်တွေမှာ တခြားချင်းစာတွေလဲလေ့ကျသင်သွားမယ်။ အခုသင်တန်းက ချင်းစာကို စိတ်ဝင်စားသင်ယူချင်သူတွေအတွက် အဓိကထားပြီး ထမင်းစား၊ ရေသောက်အဆင့်ပဲသင်ပေးပါတယ်”လို့ဆိုပါတယ်။
ချင်းစာကို ကျောင်းသူ၊သား (၁၀)ယောက်ကျော်က သင်ယူလျက်ရှိပါတယ်။ ဒီသင်တန်းကို တစ်ပတ်မှာ သုံးရက်သင်ကြားပြီး တစ်နေ့မှာ ညနေ (၂)နာရီနဲ့ (၃)နာရီကြားသင်ပေးနေပါတယ်။

နောက်ဆုံးရသတင်းများ

အမတ ၃၇၁ ကို စစ်ကောင်စီ ကရဟတ်ယာဉ်နဲ့လူအင်အားဖြည့် ၊ ဒုတပ်ရင်းမှူးကိုလည်း ရဟတ်ယာဉ်နဲ့ ခေါ်ဆောင်သွား

မေ ၁၅၊ ၂၀၂၆Zalen မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ် ပြည်ဝရွာအခြေစိုက် အမြောက်တပ်ရင်း (အမတ – ၃၇၁) ကို စစ်ကောင်စီတပ်က Mi-17 ထောက်ပံ့ရေးရဟတ်ယာဉ်တစီး နဲ့ တပ်သားအင်အားလာရောက်ဖြည့်တင်းခဲ့ပြီး၊ ဒုတပ်ရင်းမှူး တဦးကိုလည်းပြန်လည်ခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ ...

ဆက်ဖတ်ရန်