ဒု-သမ္မတနဲ့ ချင်းလူမှုရေးအသင်း-ရန်ကုန်တွေ့ဆုံပွဲမှာ အချက်(၃)ချက်ဆွေးနွေးမယ်

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ဖိတ်ကြားချက်အရ ချင်းလူမှုရေးအသင်း-ရန်ကုန်(ACSY) အမှုဆောင်ကော်မတီတွေနဲ့ ဒုသမ္မတဟာ နိုဝင်ဘာလ(၃)ရက် နံနက်ပိုင်းမှာ နေပြည်တော်ရှိ ဒုသမ္မတအိမ်တော်တွင် တွေ့ဆုံပွဲကျင်းပမှာဖြစ်ပါတယ်။

ယင်းတွေ့ဆုံပွဲမှာ မလေးရှားရှိချင်းဒုက္ခသည်များ အရေးကိစ္စ၊ လူကြီမင်းများထံမှတင်ပြခြင်သည့်ကိစ္စများတင်ပြခြင်း၊နဲ့ မြို့နယ်အသီးသီးလိုအပ်ချက်တွေဆွေးနွေးသွားမှာဖြစ်ပါတယ်။

ဒုသမ္မတနဲ့တွေ့ဆုံပွဲမကျင်းပခင် နိုဝင်ဘာ(၁)ရက်နေ့မှာ ACSY ရုံးတွင်အကြိုညိုနှိုင်းတိုင်ပင်ဆွေးနွေးကြမယ်လို့သိရပါတယ်။ ချင်းလူမှုရေးအသင်း-ရန်ကုန်နဲ့ ဒုသမ္မတတွေ့ဆုံပွဲဟာ အခု ဒုတိယအကြိမ်တွေ့ဆုံပွဲဖြစ်ပြီး၊ ဒီနှစ်ဖေဖော်ဝါရီလတွင် ပထမဆုံးတွေ့ဆုံပွဲကျင်းပခဲ့တယ်။

နောက်ဆုံးရသတင်းများ

ပေါ်တာကြောင့် လူငယ်မဲ့သွားသော ပလက်ဝမြို့နယ်က ‌ကျေးရွာများ

အယိုက်လင်း ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်အတွင်းရှိ ကျေးရွာတွေမှာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ခန့်မှစတင်ပြီး အာရက္ခတပ်တော် (ULA/AA) က ၎င်းတို့ခန့်အပ်ထားတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးက တဆင့် အမျိုးသမီး၊ အမျိုးသား လူငယ်တွေကို စစ်မှုထမ်းဖို့အတွက် ဆင့်ခေါ်မှုတွေကို ...

ဆက်ဖတ်ရန်