ပင်တဂွန်က လျှို့ဝှက် UFO ဖိုင် ၁၆၀ ကျော် ထုတ်ပြန် ၊ ဂြိုဟ်သားအမှန်တကယ်ရှိနေပြီလားဆိုတာ ကမ္ဘာတဝန်း လူစိတ်ဝင်စားမှုမြှင့်တက်လျက်ရှိ

မေ ၉၊ ၂၀၂၆

Zalen

Zalen ad

နှစ်ပေါင်းများစွာ လူတွေကြား ထင်မြင်ချက်အမျိုးမျိုးနဲ့ ပြောဆိုနေကြတဲ့ UFO အကြောင်းကို အမေရိကန် ပင်တဂွန်ဘက်က တိတ်တဆိတ်မနေတော့ဘဲ စာရွက်စာတမ်း ၁၆၀ ကျော်ကို မနေ့က မေ ၈ရက်နေ့မှာ တရားဝင် ထုတ်ပြန်လာပါတယ်။

ထုတ်ပြန်ထားတဲ့ ဖိုင်တွေထဲမှာ ၁၉၄၀ ခုနှစ်များမှစပြီး ဖြစ်ပွားခဲ့သော UFO တွေ့ရှိမှုများ၊ စစ်လေယာဉ်မှူးတွေ မျက်မြင်တွေ့ခဲ့ရတဲ့ အလင်းရောင်အရာဝတ္ထုတွေ၊ radar မှာဖမ်းမိခဲ့တဲ့ မရှင်းလင်းနိုင်သေးတဲ့ လေထဲကအရာ  တွေ ပါဝင်နေတယ်လို့ သိရပါတယ်။

ဒါပေမယ့် ဂြိုဟ်သားရှိတယ် လို့ တရားဝင်အတည်ပြုထားတာတော့ မရှိသေးပါဘူး။

အခုလိုထုတ်ပြန်မှုကြောင့် UFO နဲ့ပတ်သက်တဲ့ နှစ်ပေါင်းများစွာ သံသယတွေ ပြန်လည်ပူပန်လာနေပါတယ်။ ဂြိုဟ်သားအမှန်တကယ်ရှိနေပြီလားဆိုတာ ကမ္ဘာတဝန်းက လူထုအကြားမှာ စိတ်ဝင်စားမှု မြှင့်တက်လျက် ရှိနေပါတယ်။

အထူးသဖြင့် ၂၀၂၅ ခုနှစ်အတွင်း အမေရိကန်စစ်လေယာဉ်တစင်းက “အပူချိန်အလွန်မြင့်မားသည့် မီးလုံးပုံစံ အရာဝတ္ထု” တခုနှင့် ကြုံတွေ့ခဲ့သည့် ဖြစ်စဉ်တခုလည်း ပါဝင်ခဲ့ပြီး၊ ထိုအရာသည် အလွန်မြန်ဆန်စွာ ရွေ့လျား သွားကြောင်း စစ်ဘက်မှတ်တမ်းများတွင် ဖော်ပြထားပါတယ်။

ဒါ့အပြင် Apollo အာကာသခရီးစဉ်များနှင့် ဆက်စပ်သည့် မှတ်တမ်းများပါဝင်ပြီး၊ Apollo 11 အာကာသယာဉ်မှူး Buzz Aldrin ကလည်း လပေါ်ခရီးစဉ်အတွင်း မရှင်းလင်းနိုင်သည့် အရာဝတ္ထုတချို့ကို တွေ့မြင်ခဲ့ကြောင်း ပါရှိသည်ဟု သတင်းများတွင် ဖော်ပြထားပါတယ်။

ယခုထုတ်ပြန်မှုသည် သမ္မတ Donald Trump ရဲ့ “UFO / Alien ဆိုင်ရာ ဖိုင်များကို အများပြည်သူသို့ ဖော်ပြရန်” ညွှန်ကြားချက်နောက်ပိုင်း စတင်ထွက်ပေါ်လာခြင်းဖြစ်ကြောင်း CBS News နဲ့ အခြားသတင်းဌာနများက ဖော်ပြထားပါတယ်။

သို့သော် ပင်တဂွန်နှင့် NASA တို့ဘက်က “ဂြိုဟ်သားရှိကြောင်း အတည်ပြုနိုင်သည့် သက်သေမတွေ့ရသေး” ဟု ပြောကြားထားပြီး၊ ထုတ်ပြန်လိုက်သည့် UFO ဖြစ်ရပ်အများစုမှာ လေထုအခြေအနေ၊ ဒရုန်း၊ သို့မဟုတ် အခြားနည်းပညာဆိုင်ရာ အရာဝတ္ထုများ ဖြစ်နိုင်ကြောင်း သုံးသပ်မှုများလည်း ရှိနေပါတယ်။

Zaya Moon

Photo- Ai

#UFO #NASA #DonaldTrump #Alien#Apollo#ပင်တဂွန်#Zalen

နောက်ဆုံးရသတင်းများ

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်မြောက် မွေးနေ့အကြိုအဖြစ် Proof of Life လှုပ်ရှားမှုမှာ ဒေါက်တာဆာဆာ ပါဝင်

ဇွန် ၁၃၊ ၂၀၂၆Zalen လာမယ့် ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်မယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁) နှစ်မြောက် မွေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ဒေါက်တာဆာဆာက Proof of Life ကမ်ပိန်းမှာ ပါဝင်ကြောင်း သူ့ရဲ့ ...

ဆက်ဖတ်ရန်