ချင်းပြည်နယ်မှာ ကျရောက်တဲ့ ၂၀၁၅ ခုနှစ်သဘာဝဘေးဒဏ်ကြောင့် အက်ကွဲသွားတဲ့ ပထမဆုံး အမေရိကန်နှစ်ခြင်းသာသနာပြုဆရာတော်များရဲ့ အုတ်ဂှုကိုပြန်လည်ပြုပြင်ပြီး အောက်တိုဘာ(၆)ရက်နေ့မှာ ဟားခါးမြို့တွင် အခမ်းအနားနဲ့ပြန်လည်ဖွင့်လှစ်လိုက်ပါတယ်။
၂၀၁၅ ခုနှစ် သြဂုတ်လမှာ သာသနာပြုဆရာတော်များရဲ့အုတ်ဂှု အက်ကွဲနေတာတွေ့ရစဉ်(Photo: Rev. Thang Tin Sum)
ယင်းအုတ်ဂှုဟာ ပထမဆုံးချင်းပြည်နယ်မှာ သာသနာပြုတဲ့ အမေရိကန်နှစ်ခြင်းအဖွဲ့က သာသနာပြုဆရာများ၊ ဂုဏ်ပြုထိုက်တဲ့ ပထမဆုံးချင်းခရစ်ယာန်ဆရာတော်များမြုပ်နှံထားရာနေရာလည်းဖြစ်ပါတယ်။
ဟားခါးနှစ်ခြင်းခရစ်ယာန်နယ်အဖွဲ့အစည်းက လူငယ်ဌာနအတွင်းရေးမှူး ပါစတာဗန်တလိန်းထန်က “အရင်က အုတ်ဂှုတွေကိုနေရာမရွေ့ပဲ ပြန်လည်ပြုပြင်ပြီးတော့ဆောက်ထားတာပါ။ ဖွင့်ပွဲကိုတော့ အုတ်ဂှုတွေပြုပြင်ဖို့ကူညီထောက်ပံ့ပေးတဲ့ အမေရိကန်က ချင်းနှစ်ခြင်းခရစ်အဖွဲ့ကအတွင်းရေးမှူးနဲ့ ဟားခါးနှစ်ခြင်းအဖွဲ့က အတွင်းရေးမှူးတွေဖြစ်တယ်”လို့ပြောပါတယ်။
