ပလက်ဝမှာ ဆန်နဲ့လူ(၁၉)ယောက်တင်လာတဲ့စက်လှေနှစ်စီးကို အေအေတပ်ဖွဲ့ကဖမ်းဆီး

ပလက်ဝမှာ ဆန်နဲ့လူ(၁၉)ယောက်တင်လာတဲ့စက်လှေနှစ်စီးကို အေအေတပ်ဖွဲ့ကဖမ်းဆီး
ပလက်ဝမြို့မှ တောင်ပြိုရွာသို့သွားတဲ့ ဆန်နဲ့ ခရီးသည်တင်ဆောင်လာတဲ့ စက်လှေနှစ်စီးကို အေအေလက်နက်ကိုင်တပ်ဖွဲ့က ဒီမနက်ဖမ်းဆီးသွားတယ်လို့သတင်းရရှိပါတယ်။
အခုလိုဖမ်းဆီးခံရတာဟာ ပလက်ဝမြို့ကနေ ၁၀ မိုင်အကွာ ကျီးလေရွာမရောက်ခင်မှာဖြစ်ပြီး ပလက်ဝဒေသခံတွေ အဓိကသွားလာတဲ့ ကုလားတန်မြစ်ကြောင်းပေါ်မှာ အခုလိုဖြစ်ပွားတာဖြစ်ပါတယ်။ ၎င်းစက်လှေထဲတွင် အမျိုးသမီး (၉)ဦးအပါအဝင် လူ (၁၉)ဦးလိုက်ပါသွားပါတယ်။
ပလက်ဝမြို့ဒေသခံတစ်ဦးက “စက်လှေတွေ အေအေက ဖမ်းဆီးသွားတယ်ဆိုတာ မှန်ပါတယ်”လို့ ပြောပါတယ်။
အေအေလက်နက်ကိုင်တပ်ဖွဲ့တွေဖမ်းဆီးထားတဲ့ခရီးသွားပြည်သူတွေအကြောင်းကို ညနေ (၆)နာရီထိ ဘာသတင်းမှမကြားရသေးပါ။

နောက်ဆုံးရသတင်းများ

ပေါ်တာကြောင့် လူငယ်မဲ့သွားသော ပလက်ဝမြို့နယ်က ‌ကျေးရွာများ

အယိုက်လင်း ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်အတွင်းရှိ ကျေးရွာတွေမှာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ခန့်မှစတင်ပြီး အာရက္ခတပ်တော် (ULA/AA) က ၎င်းတို့ခန့်အပ်ထားတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးက တဆင့် အမျိုးသမီး၊ အမျိုးသား လူငယ်တွေကို စစ်မှုထမ်းဖို့အတွက် ဆင့်ခေါ်မှုတွေကို ...

ဆက်ဖတ်ရန်