ပလက်ဝ-မီဇိုရမ် လမ်းဖောက်ဖို့ အိန္ဒိယက ကန်ဒေါ်လာ (၃၂၈)သန်းကူညီမယ်

ချင်းပြည်နယ် ပလက်ဝမြို့နယ်ကနေ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ကို ဖောက်လုပ်မယ့် (၆၇ ဒသမ၇)မိုင်ရှိတဲ့ ကားလမ်းစီမံကိန်းအတွက် အိန္ဒိယအစိုးရက အမေရိကန်ဒေါ်လာ ၃၂၈ သန်း ကူညီမယ်လို့  မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ အင်ဂျင်နီယာချုပ်(မြို့ပြ) ဦးစိုးသိန်းက ပြောပါတယ်။

ဒီနေ့ နေပြည်တော် Hilton ဟိုတယ်မှာ ကျင်းပတဲ့ ကုလားတန်မြစ်ဘက်စုံသုံး သယ်ယူပို့ဆောင်ရေးစီမံကိန်းမှာ ပါဝင်တဲ့ စစ်တွေဆိပ်ကမ်း၊ ပလက်၀ ပြည်တွင်းရေကြောင်း ဆိပ်ကမ်းနဲ့ ဆက်စပ်ပစ္စည်း အဆောက်အအုံတွေကို စီမံခန့်ခွဲဖို့ Private Port Operator ရွေးချယ်တဲ့ MOU ရေးထိုးတဲ့အခမ်းအနားအပြီးမှာ အခုလိုပြောတာပါ။

မီဇိုရမ်ဘက်ကဖောက်လုပ်ထားတဲ့ ပလက်ဝ-မီဇိုရမ် ကားလမ်းစီမံကိန်းအားတွေ့ရစဉ်

ဦးစိုးသိန်းက “ဒီလမ်းစီမံကိန်းက (၃)နှစ်အတွင်းဖောက်လုပ်မယ်။ ဒါက အိန္ဒိယရဲ့ နှောင်ကြိုးမဲ့ အကူအညီဖြစ်ပြီး ဒေသတွင်း စီးပွားရေး၊ ကုန်သွယ်မှု၊ လမ်းပန်း ဆက်သွယ်ရေး စတဲ့ ကဏ္ဍတွေမှာတိုးတက်လာမယ်”လို့ပြောပါတယ်။

ပလက်ဝ-မီဇိုရမ် ကားလမ်းစီမံကိန်းဟာ မီဇိုရမ်ကနေ မြန်မာနယ်စပ်ထိဖောက်လုပ်ပြီးနေပြီဖြစ်ပြီး ပလက်ဝဘက်တွင်လည်း ကုလားတန်မြစ်ဆိပ်ခံတံတားမှစပြီး ဒီနှစ် ဇူလိုင်လက မြေသားလမ်းဖောက်လုပ်နေပါပြီ။

မြန်မာနဲ့ အိန္ဒိယအစိုးရတို့ ၂၀၀၈ ခုနှစ်က ရရှိထားတဲ့ သဘောတူညီချက်အရ ရေပိုင်းဆိုင်ရာအတွက် အမေရိကန် ဒေါ်လာ သန်း ၁၆၀၊ ကုန်းပိုင်းဆိုင်ရာအတွက် အမေရိကန်ဒေါ်လာ ၃၂၈ သန်း စုစုပေါင်း အမေရိကန်ဒေါ်လာ ၄၈၄ သန်းတန် စီမံကိန်းဖြစ်ပါတယ်။

ဒါ့အပြင် ပြီးစီးသွားတဲ့ ရေကြောင်းဆိုင်ရာ လုပ်ငန်းတွေကြောင့် မြန်မာဘက်က ပလက်ဝမှာ တန်ချိန် နှစ်သောင်း ဆိုက်ကပ်နိုင်မယ့် ဆိပ်ခံတံတားတစ်စင်း၊ ရုံးပိုင်းဆိပ်ကမ်းပိုင်းဆိုင်ရာ အဆောက်အအုံတွေ ရရှိပြီးဖြစ်ပါတယ်။

Ref: RFA

 

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်