ပလက်ဝမြို့နယ်တွင် မိုင်းမတော်တဆမူကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၂) ဦးအပြင်ထန်းဒဏ်ရာရ

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အထက်ပိုင်းရှိ ရှင်းလက်ဝကျေးရွာအနီးတွင် ဇူလိုင်လ (၃) ရက်နေ့၌ ချင်းအမျိုးသားတပ်မတော်(CNA)နဲ့ အကြမ်းဖက်စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက်စစ်ကောင်စီက ရှင်းလက်ဝကျေးရွာရှိ တပ်စခန်းနဲ့ ရဲစခန်းအပြင် ကျေးရွာရှိ ပြည်သူများသွားလာသည့် လမ်းကြောင်းများအား နင်းမိုင်းများထောင်ထားပြီး ကျေးရွာအဝင်အထွက် ပိတ်ထားသည်ဟု သိရှိရသည်။

ဇူလိူင်လ (၁၂) ရက်‌နေ့တွင် အကြမ်းဖက်စစ်ကောင်စီက ၎င်းတို့ထောင်ထားသည့် မိုင်းများအား ပြန်ဖော်ရာတွင် မိုင်းမတော်တဆ (၂)ကြိမ် ပေါက်ကွဲပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် (၂)ဦး အပြင်းအထန်ဒဏ်ရာ ရရှိပြီး မစိုးရိမ်ရ ဒဏ်ရာ (၂)ဦး ရရှိသည်။

၎င်းတို့ ထောင်ထားသည့် မှိုင်းများအား မတော်တဆ အိမ်မွေးတိရစ္ဆာန်များ‌က မှိုင်းနင်းမိပြီး ပေါက်ကွဲလျှင် မိုင်းတစ်လုံးတန်ဖိုးအတိုင်း ပိုင်ရှင်က ပြန်လျှော်ပေးရမည်ဟု သိရှိရသည်။

ပလက်ဝမြို့နယ်အထက်ပိုင်းရှိ ရှင်းလက်ဝကျေးရွာအား အကြမ်းဖက်စစ်ကောင်စီက ရွာအဝင်၊အထွက် ပိတ်ထားသောကြောင့် ကျေးရွာ ၁၀ ကျော် ဆန်နဲ့ အခြားစားသောက်ကုန်ပစ္စည်းများဝယ်ရာတွင် အခက်ကြုံတွေ့နေရသည်။

ပက္ကလို၀ရွာ၊ ကြိုင်ထင်၀ရွာ၊ ရေနစ်ရွာ၊ ခုံရွာ၊ ပြင်ဒိုင်ရွာ၊ စင်အမ်ရွာနှင့် ဖြင့်ဝရွာစသည့် ကျေးရွာများသည် ရှင်းလက်ဝရွာအား ဆန်နဲ့ အခြားအ‌ခြေခံစားသောက်ကုန် ပစ္စည်းများအား အဓိကထား မှီခိုပြီး ဝယ်ယူစားသောက်နေရသည်။

နောက်ဆုံးရသတင်းများ

ကလေးမြို့ မော်လိုက်အကျဥ်းထောင်တွင်း ဖြိုခွင်းခံရခြင်း(၃)နှစ်ပြည့်

ရဲဝံ့သူ ရေးသည်။ စစ်ကိုင်းတိုင်း ကလေးမြို့ မော်လိုက်ကလေး အကျဥ်းထောင်အတွင်း ဖိနှိပ်မှုကို အဓိက အုပ်ချုပ်ရေးမဏ္ဏိုအဖြစ် အသုံးပြုခြင်းကြောင့် အရေးပေါ် ကိစ္စအဖြစ် ထိမ်းသိမ်းခံ အချုပ်သား ဗန်ဒိမ်း ဦးဆောင်သည့်အဖွဲ့များမှ ဆန္ဒထုတ်ဖော်မှုကြောင့် လူမဆန်စွာ ဖြိုခွင်းခံရပြီး အကျဥ်းသား ...

ဆက်ဖတ်ရန်