ပလက်ဝ-‌ကျောက်တော် ရေကြောင်းလမ်း တစ်ပတ်နှစ်ကြိမ်သာ ပြေးဆွဲခွင့်ပြုသောကြောင့် ပလက်ဝဒေသခံတွေ အခက်ကြုံတွေ့

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်တို့ ပြေးဆွဲသည့် ရေလမ်းကြောင်းကို စစ်ကောင်စီက တစ်ပတ်နှစ်ကြိမ်သာ ခွင့်ပြုသည့်အတွက် ကျန်းမာရေး အတွက် အခက်ကြုံတွေ့ပြီး၊ ကုန်ပစ္စည်းများ ဈေးတက်ရခြင်းဖြစ်သည်ဟု ပလက်ဝ ဒေသခံတွေက ဆိုသည်။

ပလက်ဝ-ကျောက်တော် ကုလားတန်မြစ်ရေလမ်းကြောင်းကို စစ်ကောင်စီလက်အောက်ခံ ဇက်ရေယာဉ်သင်္ဘောဖြင့် တစ်ပတ် နှစ်ကြိမ်နှုန်းနဲ့ အင်္ဂါနေ့နှင့် သောကြာနေ့တွင် ပြေးဆွဲပေးနေသည်။

“စစ်တပ်အာဏာသိမ်းပြီးနောက် ပလက်ဝဒေသခံတွေက ကျန်းမာရေးနှင့် အခြားအခြေခံစားသောက်ကုန် ပစ္စည်းတွေကအစ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ကို အဓိကထား ဝယ်ယူနေကြရတယ် “လို့ ပလက်ဝ ဒေသခံ တစ်ဦးက ဆိုသည်။

ပလက်ဝမြို့နယ် ဒေသခံပြည်သူများသည် မြို့နယ်ပြည်သူဆေးရုံတွင် ဆေးကုသမူ မသက်သာလျှင်သော်လည်းကောင်း၊ ဓာတ်မှန်ရိုက်ချင်သော်လည်းကောင်း စစ်တွေဆေးရုံတွင် သွားနေရသည်။ စစ်ကောင်စီက ပလက်ဝ-ကျောက်‌တော် ပြေးဆွဲသည့် ဇက်ရေယာဉ် သင်္ဘောစီးနင်းခမှာ လူတစ်ဦးလျှင် ၁၈၀၀ ကျပ်နှုန်းသာ သတ်မှတ်ထားသည်ဟု စစ်ကောင်စီဝါဒဖြန့် သတင်းစာနဲ့ ရုပ်မြင်သံကြားတို့တွင် တရားဝင်ကြေညာထားသော်လည်း လက်ရှိတွင် လူတစ်ဦး ၃၀၀၀ ကျပ် ပေးစီးနေရသည်။

ထို့အပြင် စစ်ကောင်စီ ဂိတ်တွေဖြစ်သည့် (၂၈၉)ဂိတ်၊ မီးဝဂိတ်၊ တင်းမဂိတ်တွေမှာ ခရီးသည်အား မှတ်ပုံတင်စစ်ဆေးမူများလည်း ပြုလုပ်နေသည်။ “တစ်ပတ်ကို သင်္ဘော နှစ်ကြိမ်ထွက်တယ်၊ လူတစ်ယောက်ကို ယာဉ်စီးနှင်းခ ၃၀၀၀ ကျပ် ကျသင့်တယ်၊ လမ်းတလျောက် စစ်တပ်ဂိတ်တွေမှာ မှတ်ပုံတွေ အရမ်းစစ်ပါတယ်”ဟု ဒေသတွေက ဆိုသည်။ ယခုလို တစ်ပတ်နှစ်ကြိမ်သာ ပြေးဆွဲခွင့်ပြုသည့်အတွက် ပလက်ဝမြို့နယ်တွင် ကုန်ပစ္စည်း လှည်ပတ်စီးဆင်းမူနှောင့်နှေးပြီး ဈေးတက်နေရသည်ဟု ဆိုသည်။ ကိုယ်ပိုင်ဟွန်ဒါစက်လှေငယ်ဖြင့်သွားလျှင် စစ်ကောင်စီထံ အဆင့်ဆင့်စာတင်နေရပြီး ခွင့်ပြုချက်ရမှသာ သွားခွင့်ရကြောင်းလည်း သိရှိရပါသည်။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်