ပျူစောထီးအဖွဲ့က တမူးမြို့ထဲ လက်နက်ကိုင်ဆောင်ပြီး အတင်းအဓမ္မဆက်ကြေးကောက်နေ

PR/အောက်တိုဘာ ၆၊ ၂၀၂၃

Zalen

စစ်ကိုင်းတိုင်း၊ တမူးမြို့၊  မြို့မ (၁၄) ချောင်းနက်ကြီးရပ်ကွက်တွင် လက်နက်များကိုင်ဆောင်တဲ့ ပျူစောထီးအဖွဲ့ဝင် ငါးဦးက အောက်တိုဘာလ ၅ ရက်နေ့ မနက် ၁၀ နာရီခန့်တွင် တစ်အိမ်တက် တစ်အိမ်ဆင်းနဲ့ ဆက်ကြေးကောက်ခံနေတယ်လို့သတင်း ရရှိပါတယ်။

တမူး-အောင်ဇေယျလမ်းအထွက် ချောင်းနက်ကြီးရပ်ကွက်ထဲဝင်လာပြီး တစ်အိမ်ကို ငါးသောင်းကနေ သုံးသိန်းအထိ ကောက်ခံသွားတယ်လို့ ဒေသခံတွေထံကသိရတယ်။

ရပ်ကွက်နေပြည်သူတစ်ဦးက “အရင်က သူတို့ဒီဘက်ရပ်ကွပ်ထိလာရောက်ကောက်ခံလေ့မရှိကြပါဘူး။ ဒီနေ့မှရုတ်တရက်ရောက်လာတာ။ ကောက်ခံငွေကလည်းမလွယ်လှဘူးဗျ။

မပေးပြန်ရင်လည်းသူတို့ရိုက်နှက်မှာကြောက်ရတယ်။ တချို့ဆိုတောင်းပန်ပြီး ရက်ချိန်းပြန်ပေးကြတာပေါ့ဗျာ။ စီပွားရေးကလည်းမကောင်း အလုပ်အကိုင်ကလည်းရှားပါး ကုန်ဈေးနှုန်းကလည်းမကျ။ သူတို့တောင်းသလောက်ကိုပေးနေရမယ်ဆို ကျတော်တို့ဘဝကသူတို့ကိုအလုပ်အကျွေး ပြုနေရတဲ့ဘဝဖြစ်နေရတော့မယ်” လို့ပြောပါတယ်။

“ဒါ့အပြင်စက်ဘီးစီးလာတဲ့ အသက်၁၅နှစ်အရွယ်ကလေး ၃ ယောက်ကိုလည်း သူတို့ကိုကြည့်ရကောင်းလားဆိုပြီးထိုးကြိတ်ရိုက်နှက်ကြတယ် သူတို့ကိုမြင်တာနဲ့ဆိုက်မကြည့် မော့မကြည့်ရဲလောက်အောင်ဖြစ်နေကြရတယ်”လို့ဒေသခံတစ်ပြောပြချက်အရသိရတယ်။

လစဉ်‌ကြေးကောက်တာ အိမ်ကောင်းရင်ကောင်းသလိုအနည်းအများကွာဟပါတယ်။ ပျဉ်ထောင်အိမ်ဆို ဈေးတမျိုး နံကပ်တိုက်အိမ်ဆို တမျိုး အာစီတိုက်ဆိုတမျိုးကောက်ကြတယ်လို့သိရတယ်။

အရင်ကမြို့တွင်းရပ်ကွပ်တွေကိုကောက်ခံနေကြတာဖြစ်ပြီး ၂၀၂၂ ခုနှစ်မှာမြို့တွင်းရပ်ကွပ်တွေကိုဓါးပြပုံစံနဲ့စတင်ကောက်ခံနေခဲ့ကြပြီးအခုနှစ်စပိုင်းကနေသူတို့အ‌ေပြာတရားဝင်ပုံစံနဲ့ကောက်ခံလာတာဖြစ်တယ်။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်