ပြည်ပရောက်ချင်းတိုင်းရင်းသားများ CDM အတွက်အလှူငွေထည့်ကြဖို့ ဘာသာရေးခေါင်းဆောင်တွေတိုက်တွန်း

ပြည်ပရောက် ချင်းတိုင်းရင်းသားများ ပြည်တွင်းက CDM မှာပါဝင်တဲ့သူတွေအတွက် အလှူငွေတွေထည့်ကြဖို့ အမေရိကန်အခြေစိုက် ချင်းနှစ်ခြင်းမိတ်သဟာယအဖွဲ့ (မြောက်အမေရိက) အထွေထွေအတွင်းရေးမှူးက သိက္ခတော်ရ ဆရာစသင်လာလ်ကပြောပါတယ်။
အမေရိကန်အခြေစိုက် Chin TV International မီဒီယာနဲ့ အင်တားဗျူးအစီအစဉ်တွင် အထက်ပါအတိုင်းပြောကြားခဲ့တာဖြစ်ပါတယ်။

လက်ရှိ ချင်းပြည်နယ်နဲ့ ပြည်တွင်းက CDM မှာပါဝင်တဲ့ ဝန်ထမ်းတွေအကူအညီပေးဖို့ ပြည်ပ (၁၀) နိုင်ငံမှာရောက်နေတဲ့ ချင်းတိုင်းရင်းသားအဖွဲ့အစည်းနဲ့ အသင်းတော်တွေက ပူးပေါင်းပြီး မိမိမြို့နယ်အလိုက် CDM သမားတွေကူညီဖို့အဖွဲ့အစည်းတည်ထောင်ကြပါတယ်။

သိက္ခာတော်ရ ဆရာ စသင်လာလ်က “ဘာသာရေးပိုင်းကိုလည်းတိုက်တွန်းချင်တာက အသင်းသူအသင်းသားတွေ လမ်းမပေါ်မှာ သွေးထွက်သံယိုနဲ့ ဆန္ဒပြနေတဲ့ချိန်မှာ သင်းထောက်လူကြီးနဲ့ အသင်းတော်ပါစတာတွေ ပုံမှန်အစည်းအဝေးတွေဆက်နေတာ စဉ်းစားဖို့လိုမယ်လို့ပြောချင်တယ်။ ပြည်သူက ကျနော်တို့ အသင်းသူအသင်းသားတွေပဲ။ တော်လှန်ရေးကာလပြီးသွားရင် အသင်းသူအသင်းသားတွေ အသင်းတော်လူကြီးပါစတာတွေပေါ် သံသယစိတ်တွေဝင်လာမှာစိုးတယ်။ အနောက်ဘက်ကနေ ဆုတောင်းပေးတာဆိုတာ အရမ်းကောင်းပါတယ်။ ဘုရားချီးမွမ်းတဲ့အချိန်ရှိတယ်။ ဆုတောင်းတဲ့ချိန်ရှိတယ်။

အခုတော့ လက်တွေ့အလုပ်လုပ်တဲ့ချိန်ဖြစ်တယ်။ ပါစတာတွေ သင်းထောက်လူကြီးတွေ လူထုရှေ့ကနေရပ်တည်ပေးပါ။ ပြည်သူရှေ့ကနေ ဦးဆောင်ကြပါ။ ပြည်ပက အသင်းသူအသင်းသားတော်တော်များများမေးကြတာက ၁၀ ဖို့ ၁ ဖို့ထဲကနေ CDM မှာလှူတာ မှန်ကန်လာ၊ မှားလာဆိုတဲ့မေးခွန်းမေးလာကြတယ်။ ပြန်ဖြေချင်တာက ၁၀ ဖို့ ၁ ဖို့က အသက်ငြင်နေတဲ့သူ၊ နွမ်းပါသူတွေကူညီဖို့ လှူနိုင်မလာ၊ မလှူနိုင်ဘူးလာ။ ဒါပါပဲ။ မတရားမှုကို တွန်းလှန်တာက ဘုရားအမှုတော်ဆောင်ခြင်းရဲ့ အကြီးမားဆုံးအလုပ်ပဲ။ ပြည်ပမှာ ကျနော်တို့စီးဖို့ကားကိုတောင် အကြွေးနဲ့ဝယ်တာပဲ။ အဲ့ဒါထက် တိုင်းပြည်လွတ်လပ်ဖို့ တော်လှန်နေတဲ့ချိန်မှာ အကြွေးနဲ့လည်း အလှူငွေထည့်နိုင်ရမယ်။ အမေရိကန်မှာ သာသာယာယာနဲ့ နေနိုင်တာဘာကြောင့်လဲ။ ပိုက်ဆံရှိလို့၊ ပညာတတ်လို့မဟုတ်ဘူး။ ၈၈ ကာလက လူအယောက်သောင်းနဲ့ချိန် အသက်တွေစတေးကြတယ်။ သူတို့ရဲ့ သွေးမြေကျတာကြောင့် ကုလက ဒုက္ခသည်အနေနဲ့လက်ခံလာတာဖြစ်တယ်။ ဒါကြောင့် ကျနော်တို့လည်း တကိုယ်ကောင်းဆန်တဲ့စိတ်မရှိဘဲ ပေးလှူကြပါ။ အဆုံးထိ နိုင်အောင်သွားကြမယ်” လို့ပြောပါတယ်။

အမေရိကန်အခြေစိုက် ချင်းနှစ်ခြင်းမိတ်သဟာယအဖွဲ့ (မြောက်အမေရိက) ရဲ့ သာသနာပြုရေးဌာနက အထွေထွေအတွင်းရေးမှူးဖြစ်တဲ့ သိက္ခာတော်ရ ဒေါက်တာ ကြီးလျန်ကပ်က “လိုအပ်တဲ့ချိန်ကူညီတာ သူတို့တွက်အသက်ဆက်ပေးတာနဲ့အတူတူပဲ။ ပြည်တွင်းကလူတွေလည်း ရှိတာအတူတူမျှဝေအသုံးပြုကြပါ။ အသင်းတော်က CDM မှာ အလှူငွေပါဝင်တာ သာသနာပြုတာနဲ့ အတူတူပဲဖြစ်ပါတယ်” လို့လည်းပြောပါတယ်။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်