ပြည်ပရောက် ချင်းတက္ကသိုလ်ကျောင်းသားတွေက ပြည်တွင်းကလူငယ်တွေကို အင်္ဂလိပ်စာအခမဲ့သင်ပေးမယ်

အမေရိကန်မှာအခြေစိုက်တဲ့ Hope for Tomorrow အဖွဲ့ကဦးဆောင်ပြီး HOPE E-LEARNING အစီအစဉ်နဲ့ ဖလမ်းမြို့နယ်နဲ့ ကလေးကဘော်ဒေသက အသက် ၁၅-၁၈ ကြားလူငယ်တွေကို အွန်လိုင်းကနေ အင်္ဂလိပ်စာသင် အခမဲ့သင်ကြားပေးမယ်လို့သတင်းရရှိပါတယ်။

သင်ကြားမယ့်သူတွေကတော့ နိုင်ငံတကာမှာရောက်နေတဲ့ တက္ကသိုလ်တက်နေဆဲ ချင်းတိုင်းရင်းသားတွေက စေတနာနဲ့သင်ပြပေးမှာဖြစ်တယ်။

ဒီသင်တန်းဟာ အောက်တိုဘာ ၁၈ ရက်ကနေ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလကုန်အထိကြာမြင့်မှာဖြစ်ပြီး တပတ်မှာ ၂ ရက်၊ ၁ ရက်မှာ ၁ နာရီခွဲကြာသင်ကြားရမှာဖြစ်ပါတယ်။

Hope For Tomorrow တည်ထောင်သူနဲ့ ဒါရိုက်တာဖြစ်သူ ဂျက်စတင်ထန်က “၂ နှစ်နီးပါး ကိုဗစ် ကပ်ရောဂါနဲ့ ပြည်တွင်းမငြိမ်မသက်ဖြစ်လို့ လူငယ်အမြောက်အများ ပညာဆက်သင်လို့မရပဲဖြစ်နေကြတယ်။ ဒီအကြောင်းကို စဉ်းစားတိုင်း ညမှာအိပ်မပျော်နိုင်ပဲဖြစ်နေတယ်။ ဒါကြောင့် Hope E-Learning အစီအစဉ်ပြုလုပ်ရခြင်းဖြစ်တယ်။ ဒီအခေါက်မှာတော့ ဖလမ်းနဲ့ ကလေးကဘော်ဒေသက အသက် ၁၅-၁၈ကြားလူငယ်တွေကိုအဓိကဦးတည်ထားတယ်။ လွန်ခဲ့တဲ့ ဇူလိုင်လတုန်းက ဟားခါးညီအစ်ကိုတွေက AEM ဆိုတဲ့နာမည်နဲ့ ဟားခါးမှာ အွန်လိုင်းကနေစာသင်ပေးကြတယ်။ အခု ဖလမ်းနဲ့ ကလေးကဘော်မှာလည်း စလုပ်လာတယ်။ နောက်ဆိုရင် ချင်းပြည်နယ် တခြားမြို့နယ်တွေမှာ ဒီလိုအစီအစဉ်ဖြစ်ပေါ်လာအောင် အားပေးမယ်။ ပ့ံပိုးပေးမယ်” လို့ပြောပါတယ်။

ယင်းသင်တန်းသို့တက်ရောက်လိုသူတွေဟာ ယနေ့ စက်တင်ဘာ ၁၇ ရက်ကနေ ၃၀ ရက်အထိ စာရင်းပေးသွင်းနိုင်ပါတယ်။ စာရင်းပေးသွင်းရမယ့် လင့် https://forms.gle/qD6NvvejPyxbFSWQ9

အသေးစိတ်စုံစမ်းလိုပါက ဖလမ်းမြို့နယ်အတွက် Saya Obed 09400305507၊ ကလေး ကဘော်ဒေသအတွက် စုံစမ်းရန် Saya Luai 09427482456 တို့ရှိပါတယ်။

Zawgyi

ျပည္ပေရာက္ ခ်င္းတကၠသိုလ္ေက်ာင္းသားေတြက ျပည္တြင္းကလူငယ္ေတြကို အဂၤလိပ္စာအခမဲ့သင္ေပးမယ္

အေမရိကန္မွာအေျခစိုက္တဲ့ Hope for Tomorrow အဖြဲ႔ကဦးေဆာင္ၿပီး HOPE E-LEARNING အစီအစဥ္နဲ႔ ဖလမ္းၿမိဳ႕နယ္နဲ႔ ကေလးကေဘာ္ေဒသက အသက္ ၁၅-၁၈ ၾကားလူငယ္ေတြကို အြန္လိုင္းကေန အဂၤလိပ္စာသင္ အခမဲ့သင္ၾကားေပးမယ္လုိ႔သတင္းရရွိပါတယ္။

သင္ၾကားမယ့္သူေတြကေတာ့ ႏိုင္ငံတကာမွာေရာက္ေနတဲ့ တကၠသိုလ္တက္ေနဆဲ ခ်င္းတုိင္းရင္းသားေတြက ေစတနာနဲ႔သင္ျပေပးမွာျဖစ္တယ္။

ဒီသင္တန္းဟာ ေအာက္တိုဘာ ၁၈ ရက္ကေန ၂၀၂၂ ခုႏွစ္ ေဖေဖာ္ဝါရီလကုန္အထိၾကာျမင့္မွာျဖစ္ၿပီး တပတ္မွာ ၂ ရက္၊ ၁ ရက္မွာ ၁ နာရီခြဲၾကာသင္ၾကားရမွာျဖစ္ပါတယ္။

Hope For Tomorrow တည္ေထာင္သူနဲ႔ ဒါရိုက္တာျဖစ္သူ ဂ်က္စတင္ထန္က “၂ ႏွစ္နီးပါး ကိုဗစ္ ကပ္ေရာဂါနဲ႔ ျပည္တြင္းမၿငိမ္မသက္ျဖစ္လုိ႔ လူငယ္အေျမာက္အမ်ား ပညာဆက္သင္လို႔မရပဲျဖစ္ေနၾကတယ္။ ဒီအေၾကာင္းကို စဥ္းစားတုိင္း ညမွာအိပ္မေပ်ာ္ႏိုင္ပဲျဖစ္ေနတယ္။ ဒါေၾကာင့္ Hope E-Learning အစီအစဥ္ျပဳလုပ္ရျခင္းျဖစ္တယ္။ ဒီအေခါက္မွာေတာ့ ဖလမ္းနဲ႔ ကေလးကေဘာ္ေဒသက အသက္ ၁၅-၁၈ၾကားလူငယ္ေတြကိုအဓိကဦးတည္ထားတယ္။ လြန္ခဲ့တဲ့ ဇူလုိင္လတုန္းက ဟားခါးညီအစ္ကိုေတြက AEM ဆိုတဲ့နာမည္နဲ႔ ဟားခါးမွာ အြန္လုိင္းကေနစာသင္ေပးၾကတယ္။ အခု ဖလမ္းနဲ႔ ကေလးကေဘာ္မွာလည္း စလုပ္လာတယ္။ ေနာက္ဆိုရင္ ခ်င္းျပည္နယ္ တျခားၿမိဳ႕နယ္ေတြမွာ ဒီလိုအစီအစဥ္ျဖစ္ေပၚလာေအာင္ အားေပးမယ္။ ပ့ံပိုးေပးမယ္” လို႔ေျပာပါတယ္။

ယင္းသင္တန္းသို႔တက္ေရာက္လုိသူေတြဟာ ယေန႔ စက္တင္ဘာ ၁၇ ရက္ကေန ၃၀ ရက္အထိ စာရင္းေပးသြင္းႏိုင္ပါတယ္။ စာရင္းေပးသြင္းရမယ့္ လင့္ https://forms.gle/qD6NvvejPyxbFSWQ9

အေသးစိတ္စံုစမ္းလုိပါက ဖလမ္းၿမိဳ႕နယ္အတြက္ Saya Obed 09400305507၊ ကေလး ကေဘာ္ေဒသအတြက္ စံုစမ္းရန္ Saya Luai 09427482456 တုိ႔ရွိပါတယ္။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်