ဖလမ်းဒေသ ပြန်လည်တည်ဆောက်ရေးကော်မတီက ပြည်သူများအား ပူးပေါင်းဆောင်ရွက်ရန် တောင်းဆို

မေ ၅၊ ၂၀၂၆
Zalen

ဖလမ်းမြို့ကို စစ်တပ်ပြန်လည်ထိန်းချုပ်နိုင်ပြီးနောက် မြို့အတွင်း ပြည်သူများ ပြန်လည်ဝင်ရောက်လာနေကြ ချိန်တွင် လုံခြုံရေးနှင့် လူမှုရေးပြဿနာများ ဖြစ်ပေါ်နိုင်ခြေရှိကြောင်းကြောင့် ဖလမ်းဒေသ ပြန်လည် တည်ဆောက်ရေးကော်မတီ (Falam Remdaihnak Committee) ယမာန်နေ့ မေလ ၄ရက်နေ့က ပြည်သူများထံသို့ တောင်းဆိုချက်တရပ် ထုတ်ပြန်ခဲ့ပါတယ်။

Zalen ad

အဆိုပါကော်မတီရဲ့ ထုတ်ပြန်ချက်တွင် လက်ရှိအခြေအနေများကြောင့် အငြင်းပွားမှုများ၊ မလုံခြုံမှုများ၊ နားလည်မှုလွဲမှားမှုများနဲ့ အပြန်အလှန် အပြစ်တင်မှုများ ဖြစ်ပေါ်လာနိုင်ကြောင်း ဖော်ပြပါရှိပါတယ်။

ဒါ့ကြောင့် ပြည်သူများအနေဖြင့် CDM နဲ့ Non-CDM အကြား နားလည်မှုရှိစေရန် ကြိုးပမ်းကြရန်၊ မြို့သို့ အရင်ဆုံး ဝင်ရောက်နေထိုင်သူများအနေဖြင့် အနီးအနားရှိ အိမ်များနှင့် ပစ္စည်းများကို စောင့်ရှောက်ကာကွယ်ပေးကြရန် တောင်းဆိုထားပါတယ်။

လက်ရှိ အခြေအနေများကြောင့် နားလည်မှုလွှဲမှားခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် တဦးနှင့်တဦး အပြစ်တင်ခြင်း၊ ပဋိပက္ခဖြစ်ပွားခြင်းများ မဖြစ်စေရန်လည်း တိုက်တွန်းထားပါတယ်။

ကော်မတီက ထပ်မံပး ဖလမ်းမြို့နှင့် ဖလမ်းဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေသူများကို အနှောင့်အယှက် မပြုကြရန်နဲ့ နိုင်ငံတဝန်းတွင် ရောက်ရှိနေထိုင်ကြကုန်သော ဖလမ်းဒေသသူ/သားများအားလုံး ပူးပေါင်းပါဝင်ကြရန် အလေးအနက်ထား တိုက်တွန်းနှိုးဆော်ထားပါတယ်။

မိုင်

ဓာတ်ပုံ- Falam Remdaihnak Committee

#ဖလမ်းမြို့ #FalamRemdaihnakCommittee #ပြည်သူများ#ပူးပေါင်းဆောင်ရွက်ရန် #တောင်းဆို#Zalen

နောက်ဆုံးရသတင်းများ

ဟားခါးမြို့ လမ်းဆုံနားမှာ အရပ်သားတွေကို စစ်ကောင်စီက စစ်ဆေးပြီး ဖမ်းဆီးတာတွေလုပ်နေ

￸ မေ ၃၀၊ ၂၀၂၆Zalen ချင်းပြည်နယ်၊ ဟားခါးမြို့က လမ်းဆုံနားမှာ မေလ ၂၉ ရက် မနက် ၁၀ နာရီလောက်ကစပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လမ်းသွားလမ်းလာ ပြည်သူတွေကို တင်းတင်းကျပ်ကျပ် တားဆီးစစ်ဆေးနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ...

ဆက်ဖတ်ရန်