ဖလမ်းမြို့ခရစ်ယာန်အမှုတော်ဆောင်တွေ စကစထောက်ပံ့ငွေ ပြန်အပ်

အာဏာသိမ်း စစ်ကောင်စီက ဖလမ်းမြို့နယ် ခရစ်ယာန်ဓမ္မအမှုတော်ဆောင် တစ်ပါးမှာ ၁၈,၀၀၀ ကျပ်မနေ့ စက်တင်ဘာ ၅ ရက်ကပေးခဲ့တဲ့ငွေတွေကို မြို့နယ်ထွေအုပ်ရုံးမှာ ဒီနေ့ပြန်အပ်ကြတယ်လို့သတင်းရရှိပါတယ်။

ထောက်ပံ့ငွေပြန်အပ်တဲ့ အသင်းတော်တွေကတော့ သတင်းကောင်းနှစ်ခြင်းအသင်းတော်၊ ကယ်တင်ခြင်းတပ်အသင်းတော်၊ Revival Baptist Church, Ebenezer Baptist Church, BPC (Biblical Presbyterian Church), EMC (Evangelical Methodist Church) တို့ဖြစ်ပြီး ရိုမန်ကေသိုလစ်အသင်းတော်ကတော့ ယင်းနေ့က ထောက်ပံ့ကြေးမယူခဲ့ဘူးလို့သိရတယ်။

LCJC – Living Church of Jesus Christ အသင်းတော်ကတော့ ထောက်ပံ့ကြေး ပြန်အပ်၊ မအပ်မသိရသေးပေမယ့် JCC အသင်းတော်ကတော့ ပြန်မအပ်သေးဘူးလို့သိရတယ်။

Revival Baptist အသင်းတော် Rev. Run Siang Mang က “မနေ့က ကျနော်တို့ကိုအစည်းအဝေးဖိတ်တယ်လို့ပဲယူပြီး တက်ကြတယ်။ ဟိုရောက်တော့ ထောက်ပံ့ငွေပေးတဲ့အစီအစဉ်ဆိုတော့ ငြင်းရင်လည်းမကောင်းတော့လိုက်တယ်။ အဲ့အခမ်းအနားမှာပြန်အပ်ဖို့ စိတ်ကူးပေမယ့် သူတို့လည်းအလုပ်ရှုပ်ကြတော့ပြန်မအပ်ဖြစ်ဘူး။ ဒီမနက်မှာ ငွေပြန်အပ်ချင်တယ်ဆိုပြီးမြို့နယ်မှူးကိုဖုန်းဆက်တော့ သူကအထက်အမိန့်အရလုပ်တာဖြစ်တဲ့တွက်စာရေးပေးပါဆိုလို့ ထောက်ပံ့ငွေပေးအပ်တာဝမ်းသာပေမယ့် လက်ခံဖို့မဖြစ်လို့ဆိုပြီး သူတို့ပေးတဲ့စာအိတ်အတိုင်း ရုံးစာရေးမဆီပြန်အပ်ကြတယ်” လို့ပြောပါတယ်။

ယင်းထောက်ပံ့ငွေကို ဖလမ်းမြို့နယ်မှာ အသင်းဝင်အများဆုံးဖြစ်တဲ့ ဖလမ်းနှစ်ခြင်းအသင်းတော်နယ်အဖွဲ့အမှုတော်ဆောင် တစ်ယောက်မှမတက်ရောက်ဘူးလို့သိရတယ်။

ဒါ့ပြင်ယင်းထောက်ပံ့ငွေကို ဟားခါးမြို့နယ် ခရစ်ယာန်ဓမ္မအမှုတော်ဆောင်တွေကလည်းလက်ခံဖို့ငြင်းဆိုပြီး ကိုဗစ်ကာကွယ်ရေးအတွက်လှူဒါန်းမယ်ဆိုရင်စဉ်းစားပေးမယ်လို့ ပြောပါတယ်။

မင်းတပ်မြို့နယ် ခရစ်ယာန်ဓမ္မအမှုတော်ဆောင်တွေကလည်း မနေ့က အခမ်းအနားမှာ ထောက်ပံ့ငွေမယူပဲ အရင်ဆွေးနွေးမယ်လို့ဆိုကြပါတယ်။
(Zawgyi)

ဖလမ္းၿမိဳ႕ခရစ္ယာန္အမႈေတာ္ေဆာင္ေတြ စကစေထာက္ပံ့ေငြ ၿပန္အပ္

အာဏာသိမ္း စစ္ေကာင္စီက ဖလမ္းၿမိဳ႕နယ္ ခရစ္ယာန္ဓမၼအမႈေတာ္ေဆာင္ တစ္ပါးမွာ ၁၈,၀၀၀ က်ပ္မေန႔ စက္တင္ဘာ ၅ ရက္ကေပးခဲ့တဲ့ေငြေတြကို ၿမိဳ႕နယ္ေထြအုပ္ရံုးမွာ ဒီေန႔ျပန္အပ္ၾကတယ္လုိ႔သတင္းရရွိပါတယ္။

ေထာက္ပံ့ေငြျပန္အပ္တဲ့ အသင္းေတာ္ေတြကေတာ့ သတင္းေကာင္းႏွစ္ျခင္းအသင္းေတာ္၊ ကယ္တင္ျခင္းတပ္အသင္းေတာ္၊ Revival Baptist Church, Ebenezer Baptist Church, BPC (Biblical Presbyterian Church), EMC (Evangelical Methodist Church) တုိ႔ျဖစ္ၿပီး ရိုမန္ေကသိုလစ္အသင္းေတာ္ကေတာ့ ယင္းေန႔က ေထာက္ပံ့ေၾကးမယူခဲ့ဘူးလုိ႔သိရတယ္။

LCJC – Living Church of Jesus Christ အသင္းေတာ္ကေတာ့ ေထာက္ပံ့ေၾကး ျပန္အပ္၊ မအပ္မသိရေသးေပမယ့္ JCC အသင္းေတာ္ကေတာ့ ျပန္မအပ္ေသးဘူးလို႔သိရတယ္။

Revival Baptist အသင္းေတာ္ Rev. Run Siang Mang က “မေန႔က က်ေနာ္တုိ႔ကိုအစည္းအေဝးဖိတ္တယ္လုိ႔ပဲယူၿပီး တက္ၾကတယ္။ ဟိုေရာက္ေတာ့ ေထာက္ပံ့ေငြေပးတဲ့အစီအစဥ္ဆုိေတာ့ ၿငင္းရင္လည္းမေကာင္းေတာ့လုိက္တယ္။ အဲ့အခမ္းအနားမွာျပန္အပ္ဖို႔ စိတ္ကူးေပမယ့္ သူတို႔လည္းအလုပ္ရႈပ္ၾကေတာ့ျပန္မအပ္ျဖစ္ဘူး။ ဒီမနက္မွာ ေငြျပန္အပ္ခ်င္တယ္ဆုိၿပီးၿမိဳ႕နယ္မွဴးကိုဖုန္းဆက္ေတာ့ သူကအထက္အမိန္႔အရလုပ္တာျဖစ္တဲ့တြက္စာေရးေပးပါဆုိလို႔ ေထာက္ပံ့ေငြေပးအပ္တာဝမ္းသာေပမယ့္ လက္ခံဖို႔မျဖစ္လုိ႔ဆုိၿပီး သူတို႔ေပးတဲ့စာအိတ္အတုိင္း ရံုးစာေရးမဆီျပန္အပ္ၾကတယ္” လို႔ေျပာပါတယ္။

ယင္းေထာက္ပံ့ေငြကို ဖလမ္းၿမိဳ႕နယ္မွာ အသင္းဝင္အမ်ားဆံုးျဖစ္တဲ့ ဖလမ္းႏွစ္ျခင္းအသင္းေတာ္နယ္အဖြဲ႔အမႈေတာ္ေဆာင္ တစ္ေယာက္မွမတက္ေရာက္ဘူးလုိ႔သိရတယ္။

ဒါ့ျပင္ယင္းေထာက္ပံ့ေငြကို ဟားခါးၿမိဳ႕နယ္ ခရစ္ယာန္ဓမၼအမႈေတာ္ေဆာင္ေတြကလည္းလက္ခံဖို႔ၿငင္းဆိုၿပီး ကိုဗစ္ကာကြယ္ေရးအတြက္လွဴဒါန္းမယ္ဆိုရင္စဥ္းစားေပးမယ္လုိ႔ ေျပာပါတယ္။

မင္းတပ္ၿမိဳ႕နယ္ ခရစ္ယာန္ဓမၼအမႈေတာ္ေဆာင္ေတြကလည္း မေန႔က အခမ္းအနားမွာ ေထာက္ပံ့ေငြမယူပဲ အရင္ေဆြးေႏြးမယ္လုိ႔ဆိုၾကပါတယ္။

နောက်ဆုံးရသတင်းများ