ဖလမ်းမြို့နယ်တွင် ကိုယ်ထူကိုယ်ထ မိုးရေသိုလှောင်ကန် တူးဖော်ပြီးစီး

စက်တာဘာ ၂၅၊ ၂၀၂၃

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ပါရ်သဲ ကျေးရွာ တွင် ဩဂုတ်လ ၂၆ရက်မှ စပြီး ရွာခံ လူငယ်လုပ်အားဖြင့် ကိုယ်ထူကိုယ်ထ တူးဖော်ခဲ့တဲ့ မိုးရေသှိလှောင်ကန်ဟာ စက်တင်ဘာ ၂၄ ရက်တွင် တူးဖော်တာရာနူန်းပြည့် ပြီးစီးသွားပြီလို့ သိရပါတယ်။

နွေရာသီ ရေရှားပါးမူ ကြောင့်တိရိစ္ဆာန် ကျေးငှက်တွေ စာကျက်ပျောက်သွားနိုင်တယ်ဆိုတဲ့ ရည်ရွယ်ချက်ဖြင့် ဆလိုင်းအောင့်မြင့်က အွန်လိုင်းပေါ်မှတဆင့် အလှူခံရာ အခုလို လှေကားထစ် ရေလှောင်ကန်ငယ် တူးဖော်ဖို့ အကောင်ထည် ပေးခဲ့တာဖြစ်ပါတယ်။

စနေ့ နေ့တိုင်း ရွာခံလူငယ် အယောက်၃၀ကျော်ရဲ့ အားတက်တရော ပါဝင်ခဲ့တာကြောင့် အခုလို တစ်လအတွင်းမှာ ပြီးစီးလုပ်ဆောင်ခဲ့တာလဲ ဖြစ်ပါတယ်။

Zalen ad

 “ စနေ နေ့ကပဲ ရွာခံ လူတွေ နဲ့ တူးဖော်နိုင်ခဲ့ပြီ။ ပီတိ ဖြစ်ရတာပေါ့ အခုလို အကောင်ထည်ဖော်ပေးတဲ့ ဆလိုင်းအောင်မြင့်ကိုလဲ ကျေးဇူး အရမ်းတင်တယ်။ အခုလို တူးဖော်နိုင်ခဲ့တဲ့ ကျေး‌ဇူးတွေ ကြောင့် နွေရာသီ ရေရှားပါးတဲ့ အချိန်မှာ ကျေး ငှက် တိရိစ္ဆာန်တွေ အတွက် ရေရှားပါးတာမျိူး မကြုံရတော့ဘူး။ နောက် နှစ်ပေါင်း များစွာအတွက် နှစ်ရှည် သစ်သီး တွေ ထောပတ်၊ သရက်သီးတွေလဲ စိုက်ပျိူး‌သွားမယ် ” လို့ ရွာခံလူ တစ်ဦးမှ လဲ ပြောပါတယ်။

မိုးရေသိုလှောင်ကန်ငယ်ဟာ အနက် တစ်ပေခွဲ အရှည်ကို ပေ ၁၀၀၊ အချိူ့ကန်ဆို ပေ ၆၀၊ ၅၀ လောက်ထိ တူးကာ စုစုပေါင်း ကန် ၂၈ ကန်လောက် တူးနိုင်ခဲ့ကြပြီး ကန်ရဲ့ အရှည် အလျား ပေ ၁၀၊ ၃၀ ထိ တူးဖော်ခဲ့ကြတယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းများ

နာဂကိုယ်ပိုင်အုပ်ချူပ်ခွင့်ဒေသမှာ နာဂရိုးရာ နှစ်သစ်ကူးပွဲတော်ကျင်းပ

ဇန်နဝါရီ ၁၄၊ ၂၀၂၆။ Zalen စစ်ကိုင်းတိုင်း၊ နာဂကိုယ်ပိုင်အုပ်ချူပ်ခွင့်ရဒေသမှာ နာဂတိုင်းရင်းသားရိုးရာ နှစ်သစ်ပွဲတော် ကို ယနေ့ဇန်နဝါရီလ ၁၄ ရက်နေ့ကစတင်ကျင်းပခဲ့တယ် ဒေသသတင်းများအရသိရပါတယ်။ ယ‌ေန့ဇန်နဝါရီလ ၁၄ရက်နေ့မှာ စစ်ကိုင်းတိုင်း၊ နာဂကိုယ်ပိုင်အုပ်ချူပ်ခွင့်ရဒေသလေရှီးမြို့ မှာ နှစ်စဉ်ကျင်းပနေတဲ့ နာဂတိုင်းရင်းသားရိုးရာ ...

ဆက်ဖတ်ရန်