ဖလမ်းမြို့နယ်တွင် ဘုရားကျောင်းအပါအဝင်အိမ် ၄လုံးအကြမ်းဖက်စစ်ကောင်စီတပ်မီးရှို့

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် ဖလမ်း-ဟားခါးလမ်းမပေါ်မှာရှိတဲ့ Rialti -ရီရယ်သီးကျေးရွာက နှစ်ခြင်းအသင်းတော်ဘုရားကျောင်းတစ်ကျောင်းအပါအဝင် လူနေအိမ် ၄ လုံးကို ဒီနေ့ အောက်တိုဘာ ၁၃ ရက် ညနေ ၃ နာရီခွဲလောက်က မီးရှို့ကြတယ်လို့ဒေသခံတွေထံမှသတင်းရရှိပါတယ်။

ရီရယ်သီးရွာဟာ အိမ်ခြေ ၁၀ ကျော်ရှိပြီး ဖလမ်းမြို့ကနေ ၈ မိုင်လောက်ဝေးပါတယ်။ အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ လုံပီအကျော်တွင် ကားတွေရပ်နားထားပြီး လုံပီရပ်ကွက်ထဲက ကြက်၊ ဝက်၊ ဆိတ်တွေကိုပစ်သတ်ပြီး အိမ်ထဲက ဆန်၊ ဆီ၊ ဆားတွေခိုးယူကြပါတယ်။

ဖလမ်းမြို့နယ် ဧရိယာအတွင်း ယနေ့ည ၅ နာရီထိ တိုက်ပွဲဖြစ်ပွားမှုမရှိသေးဘဲ စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်ကြပါတယ်။

CNDF တပ်ရဲ့ပြည်သူထံသတိပေးစာထုတ်ပြန်တာကြောင့် ဒီနေ့က လုံပီး၊ ရီရယ်သီး၊ တလန်ရောလ်၊ တားလ်၊ တလန်ဇာကျေးရွာက ပြည်သူတွေ ဘေးလွတ်ရာသို့ထွက်ပြေးကြပါတယ်။

Zalen ad

ယနေ့ညနေ ၅ နာရီတွင် ဖလမ်းမြို့ကနေ စစ်ကား ၃၁ စီးဟာ ဟားခါးဘက်သို့ အလျန်အမြန်နဲ့မောင်းနှင်ထွက်ခွါကြတယ်လို့ဒေသခံတွေထံမှသိရတယ်။
ယနေ့မနက် ၁၁ နာရီလောက်တွင် ဖလမ်းဘက်ကထွက်လာတဲ့ကားတွေသွားကြိုမယ့် စစ်တပ်ယာဉ်တန်းကို ဟားခါးမြို့ အထွက်တွင် ချင်းအမျိုးသားတပ်ဦးက စစ်ကောင်စီတပ်ကားတွေကို ပစ်ခတ်လို့ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပါတယ်။

Zawgyi

ဖလမ္းၿမိဳ႕နယ္တြင္ ဘုရားေက်ာင္းအပါအဝင္အိမ္ ၄လုံးအၾကမ္းဖက္စစ္ေကာင္စီတပ္မီးရွို႔

ခ်င္းျပည္နယ္၊ ဖလမ္းၿမိဳ႕နယ္ ဖလမ္း-ဟားခါးလမ္းမေပၚမွာရွိတဲ့ Rialti -ရီရယ္သီးေက်းရြာက ႏွစ္ျခင္းအသင္းေတာ္ဘုရားေက်ာင္းတစ္ေက်ာင္းအပါအဝင္ လူေနအိမ္ ၄ လုံးကို ဒီေန႔ ေအာက္တိုဘာ ၁၃ ရက္ ညေန ၃ နာရီခြဲေလာက္က မီးရွို႔ၾကတယ္လို႔ေဒသခံေတြထံမွသတင္းရရွိပါတယ္။

ရီရယ္သီးရြာဟာ အိမ္ေၿခ ၁၀ ေက်ာ္ရွိၿပီး ဖလမ္းၿမိဳ႕ကေန ၈ မိုင္ေလာက္ေဝးပါတယ္။ အၾကမ္းဖက္စစ္ေကာင္စီတပ္ေတြဟာ လုံပီအေက်ာ္တြင္ ကားေတြရပ္နားထားၿပီး လုံပီရပ္ကြက္ထဲက ၾကက္၊ ဝက္၊ ဆိတ္ေတြကိုပစ္သတ္ၿပီး အိမ္ထဲက ဆန္၊ ဆီ၊ ဆားေတြခိုးယူၾကပါတယ္။

ဖလမ္းၿမိဳ႕နယ္ ဧရိယာအတြင္း ယေန႔ည ၅ နာရီထိ တိုက္ပြဲျဖစ္ပြားမႈမရွိေသးဘဲ စစ္ေကာင္စီတပ္က ရမ္းသမ္းပစ္ခတ္ၾကပါတယ္။

CNDF တပ္ရဲ့ျပည္သူထံသတိေပးစာထုတ္ျပန္တာေၾကာင့္ ဒီေန႔က လုံပီး၊ ရီရယ္သီး၊ တလန္ေရာလ္၊ တားလ္၊ တလန္ဇာေက်းရြာက ျပည္သူေတြ ေဘးလြတ္ရာသို႔ထြက္ေျပးၾကပါတယ္။

ယေန႔ညေန ၅ နာရီတြင္ ဖလမ္းၿမိဳ႕ကေန စစ္ကား ၃၁ စီးဟာ ဟားခါးဘက္သို႔ အလ်န္အျမန္နဲ႔ေမာင္းႏွင္ထြက္ခြါၾကတယ္လို႔ေဒသခံေတြထံမွသိရတယ္။
ယေန႔မနက္ ၁၁ နာရီေလာက္တြင္ ဖလမ္းဘက္ကထြက္လာတဲ့ကားေတြသြားႀကိဳမယ့္ စစ္တပ္ယာဥ္တန္းကို ဟားခါးၿမိဳ႕ အထြက္တြင္ ခ်င္းအမ်ိဳးသားတပ္ဦးက စစ္ေကာင္စီတပ္ကားေတြကို ပစ္ခတ္လို႔ တိုက္ပြဲစတင္ျဖစ္ပြားခဲ့ပါတယ္။

နောက်ဆုံးရသတင်းများ

အပြစ်မဲ့အရပ်သားပြည်သူတွေအပေါ် ဗုံးကြဲတိုက်ခိုက်နေတဲ့ စစ်ကောင်စီရဲ့ ဝင်ငွေဖြတ်တောက်ရေး Brave Burma Act ဥပဒေမူကြမ်း အမေရိကန် အောက်လွှတ်တော်မှာ အတည်ပြု

ဖေဖော်ဝါရီ ၁၁၊ ၂၀၂၆။ Zalen မြန်မာစစ်ကောင်စီရဲ့  အရပ်သားပြည်သူတွေအပေါ်  စစ်လေယာဥ်သုံး ဗုံးကြဲတိုက်ခိုက်နေတာတွေနဲ့ စစ်အုပ်စုရဲ့ ငွေကြေးစီးဆင်းမှုတွေကို အဆုံးသတ်နိုင်မယ့် Brave Burma Act (H.R. 3190) ဥပဒေမူကြမ်းကို အမေရိကန်အောက်လွှတ်တော်က ဖေဖော်ဝါရီ ၁၀ ...

ဆက်ဖတ်ရန်