ဖလမ်းမြို့နယ်မှာ စစ်ကောင်စီသတ်ဖြတ်ထားတယ်လို့ ယူဆရတဲ့အမျိုးသားတဦးရုပ်အလောင်းတွေ့ရှိ

မတ် ၉၊ ၂၀၂၆
Zalen

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ Tuphei ကျေးရွာမှာအကြမ်းဖက်စစ်တပ်ရဲ့သတ်ဖြတ်ခြင်းခံရတယ်လို့ ယူဆ ရတဲ့ အမျိုးသားရုပ်အလောင်းတလောင်းကို ယမန်နေ့ မတ်လ ၈ ရက်နေ့မှာဒေသခံများကတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါအလောင်း ကို ယမန်နေ့ မတ်လ ၈ ရက်၊ မွန်းလွဲပိုင်း ၁ နာရီခွဲဝန်းကျင်မှာ ဒေသခံများကတွေ့ရှိခဲ့ခြင်းဖြစ်ပြီး မီးရှို့ပေးခဲ့ကြတယ်လို့သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များဟာ အဆိုပါအမျိုးသားကိုသတ်ဖြတ်ပြီးနောက် Tuphei ရွာက ဦး ဗန်ရိုလျန်ရဲ့နေအိမ် ရှေ့မှာ မြေမြှုပ်ခဲ့ကြတာလို့သိရပါတယ်။

Zalen ad

ဒီကိစ္စနဲ့ပတ်သက်လို့ ဒေသခံများက “ အခြားနေရာမှာသတ်ဖြတ်ပြီးတော့ ဒီမှာလာမြှုပ်တာလား၊ အဲ့နေရာမှာဘဲ သတ်တာလားဆိုတာလည်းမသိရဘူး။သေဆုံးသွားတာကြာပြီဖြစ်လို့ မည်သူမည်ဝါမှန်းမသိနိုင်တော့ဘူး။ ကျွန်တော်တို့ပြည်သူတွေထဲမှာတော့ပျောက်ဆုံးတဲ့လူမရှိဘူး။ တော်လှန်ရေးတပ်ဖွဲ့ဝင်လည်းဖြစ်နိုင်တယ်၊ဒါမှ မဟုတ် သူတို့တပ်ဖွဲ့ဝင်လည်းဖြစ်နိုင်တယ်။” လို့ ပြောပါတယ်။

တဖက်မှာလည်း အကြမ်းဖက်စစ်တပ်က ဖလမ်းမြို့နယ်ထဲကို ထိုးစစ်ဆင်လာတဲ့ ၄လ ကျော်ကြာကာလအတွင်း ဖလမ်းမြို့နယ်အတွင်း ပြည်သူများရဲ့နေအိမ်များအပြင် ဘုရားကျောင်း များကိုပါ မီးရှို့ဖျက်ဆီးနေပြီး ဘာသာရေး ဆရာများကို ကဲ့ရဲ့စော်ကားခြင်း များပြုလုပ်နေကာ Bishop အိပ်ယာပေါ်မစင်စွန့်တာတွေအထိ လုပ်ခဲ့ကြတယ် လို့သိရပါတယ်။

အကြမ်းဖက်စစ်တပ်က ဖလမ်းမြို့နယ်၊ Farso ကျေးရွာ ၊ Thuphei ကျေးရွာ၊ Lunghawh ကျေးရွာ နဲ့ Hlanzawl ကျေးရွာ စတဲ့ကျေးရွာများထဲကို ဝင်ရောက်ပြီး ပြည်သူ့နေအိမ်များကို မီးရှို့ဖျက်ဆီးနေတာကြောင့် ဒေသခံ ၂,၂၅၀ ကျော်ဟာ စစ်ရှောင်နေရပြီး အကူအညီများလည်းလိုအပ်နေကြတယ်လို့သိရပါတယ်။

သတင်း – Mickey

#ဖလမ်းမြို့#Tupheiကျေးရွာ#အမျိုးသားရုပ်အလောင်း#စစ်ကောင်စီ#Zalen

နောက်ဆုံးရသတင်းများ

ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ ပြန်လည်လွှတ်ပေးဖို့ အမေရိကန်၊ ဂျပန်နှင့် ကုလသမဂ္ဂတို့ တောင်းဆို

မေ ၂၊ ၂၀၂၆Zalen နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ ပြန်လည်လွှတ်ပေးဖို့ အမေရိကန်၊ ဂျပန်နဲ့ ကုလသမဂ္ဂ တို့က တောင်းဆိုလိုက်ပါတယ်။ အဲဒီတောင်းဆိုမှုတွေဟာ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့လိုက်တဲ့ သတင်းတွေ ထွက်ပေါ်လာပြီးနောက် ထွက်ပေါ်လာတာပါ။ ...

ဆက်ဖတ်ရန်