မင်းတပ်မြို့နယ်မှာ အိမ်(၃)လုံး မီးလောင်

မင်းတပ်မြို့နယ် ပြေကျေးရွာမှာ နိုဝင်ဘာ(၆)ရက် ည(၁၂)ခန့်မှာ လူနေအိမ်(၃)လုံးနဲ့ စတိုးအိမ်တစ်လုံးမီးလောင်သွားပါတယ်။

ပြေကျေးရွာဟာ မင်းတပ်မြို့ကနေ (၂)မိုင်လောက်ဝေးပြီး မင်းတပ်ကနေ ကန်ပက်လက်မြို့သွားတဲ့ ခေါ်နူးစုမ်တောင်တက်လမ်းမှာရှိတဲ့ အိမ်ခြေ(၆၀)ခန့်ရှိ ရွာဖြစ်ပါတယ်။

မင်းတပ်လူငယ်တွေက မီးဘေးသင့်မိသားစုတွေသွားရောက်တွေ့ဆုံစဉ်(ဓာတ်ပုံ-မာန်အွမ်)

Zalen ad

မီးလောင်အိမ်တွေအကူအညီသွားရောက်ပေးအပ်တဲ့ မင်းတပ်မြို့က ဆလိုင်းမာန်အွမ်က “မီးစလောင်တဲ့ အိမ်ရှင်မကတော့ ကြက်ခြံကနေ စလောင်တာတဲ့။ လူအသေအပျောက်တော့ မရှိဘူး။ ဒါပေမယ့် အမျိုးသမီး(၃)ယောက်မီးဟပ်တယ်။ အမျိုးသမီးတစ်ယောက်ဆိုရင် အိမ်လှေကားမီးလောင်သွားတော့ ပြတင်းပေါက်ကနေ ကားလမ်းပေါ်ခုန်ချလို့ ခြေထောက်တစ်ဘက်ယောင်နေတယ်”လို့ပြောပါတယ်။

လွန်ခဲ့တဲ့ (၁၀)နှစ်တုန်းကလည်း အခုမီးလောင်တဲ့နေရာမှာ တစ်ခေါက်မီးလောင်ခဲ့ဖူးတယ်လို့ဆိုပါတယ်။

နောက်ဆုံးရသတင်းများ

ဟားခါးမြို့ လမ်းဆုံနားမှာ အရပ်သားတွေကို စစ်ကောင်စီက စစ်ဆေးပြီး ဖမ်းဆီးတာတွေလုပ်နေ

￸ မေ ၃၀၊ ၂၀၂၆Zalen ချင်းပြည်နယ်၊ ဟားခါးမြို့က လမ်းဆုံနားမှာ မေလ ၂၉ ရက် မနက် ၁၀ နာရီလောက်ကစပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လမ်းသွားလမ်းလာ ပြည်သူတွေကို တင်းတင်းကျပ်ကျပ် တားဆီးစစ်ဆေးနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ...

ဆက်ဖတ်ရန်