မင်းတပ်မြို့မရဲစခန်းအချုပ်သားတွေ အခြေခံအခွင့်အရေးတွေ မရမချင်း အစာငတ်ခံဆန္ဒပြမည်

မင်းတပ်မြို့မရဲစခန်းရှိ အချုပ်သားတွေဟာ အခြေခံအခွင့်အရေးတွေဆုံးရှုံးတာကြောင့် ဒီမနက်ကစပြီး အစာငတ်ခံဆန္ဒပြကြပါတယ်။

ဒီမနက် မင်းတပ်မြို့မရဲစခန်းက အချုပ်သားတစ်ယောက်သွားရောက်တွေ့ဆုံတဲ့ ဆလိုင်းမန်ဟုန်းက အခုလိုပြောလိုက်ပါတယ်။

“ကျနော် ဒီနေ့ အချုပ်သားတစ်ယောက်သွားတွေ့တဲ့ချိန်မှာ ဒီသတင်းတွေကိုကျနော့်ဆီပြောပါတယ်။ အချုပ်သာတွေပြောတာကတော့ ရေသန့်ဗူးကို အထဲမယူခိုင်းဘူးတဲ့၊ တစ်ယောက်တစ်ဗူး မသုံးဘဲအများပေါင်းသုံးလို့  အရင်တစ်ခေါက်ကလည်း တုတ်ကွေးအားလုံးကူးပြီးဖျားကြသေးတယ်။ နေ့လည်တွေဆို ဆောင်အခင်းတွေကအစအကုန် သိမ်းပေးကြတယ်တဲ့။ ဆောင်းရာသီးဆိုတော့ချမ်းလို့မခံနိုင်ကြဘူး။ အချိုရည်ဆိုသယ်ဆောင်ခွင့်မပြုဘူး သောက်ခွင့်လဲ မပြုဘူး၊ ဧည်လာတွေ့တဲ့အချိန်လဲ နဲတယ်တဲ့. စနေ တနင်္ဂနွေနဲ့ ရုံးပိတ်ရက်တွေမှာ တွေ့လို့မရဘူး။ သွားတိုက်တံကအစ အပြင်မှာဘဲစုပုံပြီးထားပေးကြတယ်ပြောတယ်။ အချုပ်သားတွေကတော့ သူတို့လိုချင်တာ ရေသန့် တစ်ယောက်တစ်ဗူး သုံးဆွဲခွင့်ရဖို့ရယ် ကျန်းမာရေး စောင့်ရှောက်မှုရချင်ကြတယ်။ အခု သူတို့ ကျန်းမာရေးစောင့်ရှောက်မှုက  ဘာမှ မရှိပါဘူး”လို့ပြောပါတယ်။

မင်းတပ်မြို့မရဲစခန်းအချုပ်ခန်းထဲမှာ အချုပ်သား (၁၂)ယောက်ရှိပါတယ်။

Zalen ad

နောက်ဆုံးရသတင်းများ

ပေါ်တာကြောင့် လူငယ်မဲ့သွားသော ပလက်ဝမြို့နယ်က ‌ကျေးရွာများ

အယိုက်လင်း ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်အတွင်းရှိ ကျေးရွာတွေမှာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ခန့်မှစတင်ပြီး အာရက္ခတပ်တော် (ULA/AA) က ၎င်းတို့ခန့်အပ်ထားတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးက တဆင့် အမျိုးသမီး၊ အမျိုးသား လူငယ်တွေကို စစ်မှုထမ်းဖို့အတွက် ဆင့်ခေါ်မှုတွေကို ...

ဆက်ဖတ်ရန်