မင်းတပ် NLD ရုံးတည်ဆောက်မှု ယာယီရပ်ဆိုင်းဖို့ စည်ပင်ထုတ်ပြန်

 

 

 

 

မင်းတပ် NLD ရုံးတည်ဆောက်မှု ယာယီရပ်ဆိုင်းဖို့ စည်ပင်ထုတ်ပြန်

မင်းတပ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရုံးတည်ဆောက်တဲ့နေရာအောက်မှာ မြေအောက်ရေထွက်ရှိလာတာကြောင့် လုပ်ငန်းအားလုံးကို ယာယီရပ်ဆိုင်းထားဖို့ မြို့နယ်စည်ပင်က သြဂုတ်လ (၉)ရက်တွင်ထုတ်ပြန်ပါတယ်။

ယင်းထုတ်ပြန်ချက်စာတွင် မင်းတပ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး အဆောက်အဥိးဆောက်လုပ်ခွင့်ကို ဤအဖွဲ့ရုံး၏ (၆.၈.၂၀၁၉) ရက်စွဲဖြစ်ခွင့်ပြုပြီးဖြစ်သော်လည်း အဆောက်အဦးဆောက်လုပ်သည့်နေရာ၏အောက်ဖက်တွင် မြေအောက်ရေထွက်ရှိမှုရှိလာပါသဖြင့် လက်ရှိဆောင်ရွက်နေသော အဆောက်အဥိးဆောက်လုပ်နေမှုလုပ်ငန်းအားလုံးကို ယာယီရပ်ဆိုင်းထားရန်နှင့် ဤအဖွဲ့ရုံး၏နောက်ထပ်ခွင့်ပြုချက်ပြန်လည်ရရှိပြီးမှသာလုပ်ငန်းများပြန်လည်ဆောင်ရွက်သွားရန်အကြောင်းကြားပါသည်လို့ဖော်ပြထားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရုံးတည်ဆောက်တဲ့နေရာမျာ စံပြရပ်ကွက်၊ ကွပ်စိပ် (၉)၊ ဦးဝမ္မသူးမောင်းလမ်းတွင်ဖြစ်ပြီး လက်ရှိအချိန်မှာ အုတ်မြစ်ချပြီး ကွန်ကရစ်တိုင်တွေစိုက်နေကြပါပြီ။ ရုံးတည်ဆောက်မယ့်နေရာအတွင်းရှိ သစ်ပင်များကိုလည်းခုတ်လဲကြပါတယ်။

ယင်းနေရာဟာ စမ်းထွက်ဧရိယာမဟုတ်ဘူးလို့ မြို့နယ် ဒီချုပ်ပါတီဥက္ကဌနဲ့ ပြည်နယ်လွှတ်တော်ဒုဥက္ကဌ ဦးတိတ်ထန်းက ညင်းဆိုနေပါတယ်။

မင်းတပ်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတိတ်ထန်းက “အဲ့နေရာက စမ်းရေထွက်တယ်လို့ပြောတာက လျှောက်ပြောနေတာ။ အရင်ကတော့ စမ်းရေထွက်တယ်။ အခုတော့ မထွက်တော့ဘူး။ နွေရာသီမှာဆို ခန့်ခြောက်နေတယ်။ ဘာမှမရှိဘူး။ အခုအုတ်မြစ်ချတဲ့ပုံကိုလိုင်းပေါ်တင်လို့ပြဿနာအမျိုးမျိုးပေါ်လာတယ်။ ပါတီရုံးဆောက်မယ့်နားမှာလည်း အိမ်သာတွေ၊ ဝက်ခြံတွေရှိတယ်။ အခုကန့်ကွက်တဲ့သူက အတိုက်အခံပါတီက ဦးဆောင်ကန့်ကွက်တာ။ ဒီကိစ္စကြောင့် ရွေးကောက်ပွဲမှာထိခိုက်မှာမဟုတ်ဘူး၊ အများပြည်သူအတွက်တည်ဆောက်တဲ့ကိစ္စပဲလေ” လို့ပြောပါတယ်။

ယင်းမြေကွက်ကို မြို့နယ်ပါတီဥက္ကဌ ဦးတိတ်ထန်းနာမည်နဲ့ဒီချုပ်ပါတီရုံးတည်ဆောက်ဖို့ မြေစာရင်းပုံစံ (၁၀၅/၁၀၆)ရေးဆွဲခွင့်ကို ထွေအုပ်ရုံးတွင် ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်ကလျှောက်ထားပြီး ရပ်ကွက်နေပြည်သူလူထုက ဇန်နဝါရီလ (၂၅)ရက်တွင် မြို့နယ် စီမံခန့်ခွဲမှုကော်မတီထံသို့ကန့်ကွက်စာတင်သွင်းကြပါတယ်။

မြို့နယ်စည်ပင်ကလည်း ယင်းနေရာကို ၂၀၁၇ ခုနှစ်ကစပြီး စိမ့်စမ်းရေထွက်ဧရိယာအဖြစ်သတ်မှတ်ထားကြောင်း ထုတ်ပြန်ထားပါတယ်။

စိမ့်စမ်းရေထွက်ဧရိယာအနီး ဒီချုပ်ပါတီရုံးတည်ဆောက်မှုကန့်ကွက်သူတွင်ပါဝင်တဲ့ ပြည်နယ်စည်ပင်ဝန်ကြီးဟောင်း ဦးနိုန်နိုင်းက “ဒီကိစ္စကို ပါတီအီးစီတော်တော်များများကမသိဘူးတဲ့။ ကျနော်တို့ကန့်ကွက်နေတဲ့ကြားက အတင်းဆောက်တယ်ဆိုတာ လွှတ်တော်ဒုဥက္ကဌရာထူးနဲ့နှိပ်ကွက်နေတာပဲ။ ဒီမှာလူနေအိမ်ဆောက်ရင် စမ်းရေရဲ့ အရည်အသွေးညစ်ညမ်းသွားမယ်။ ဒီရေသောက်တဲ့သူက ကျနော့်ဘော်ဒါဆောင်က လူ ၁၅၀ ကျော်နဲ့ အိမ်ခြေ ၁၀ အိမ်ကလူတွေသောက်နေတယ်” လို့ပြောပါတယ်။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်