မင်းတပ်မြို့နယ်တွင် အောက်တိုဘာလအတွင်း စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု အကြိမ် ၇၇ အထိပြုလုပ်

၂ ၊‌နို၀င်ဘာ၊၂၀၂၄

Zalen

ချင်းပြည်နယ်၊မင်းတပ်မြို့နယ်တွင်အောက်တို ဘာလအတွင်း စစ်ကောင်စီရဲ့လေကြောင်းက‌ နေတိုက်ခိုက်မှုအကြိမ်ရေ ၇၇ကြိမ် ပြုလုပ်ခဲ့တယ်လို့မင်းတပ်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကနို၀င်ဘာလ ၁ ရက်နေ့ မနေ့က ထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါလေကြောင်းတိုက်ခိုက်မှုမှာစစ်ကောင် စီက ဂျက်ဖိုက်တာ၊ထောက်ပို့ကင်းထောက် Y-12လေယာဉ်တွေကိုအသုံးပြုပြီးတိုက်ခိုက်ခဲ့တာကြောင့်ရဲဘော် ၃ဦးကျဆုံးခဲ့သလိုထိခိုက်ဒဏ်ရာတွေလဲရှိခဲ့ တယ်လို့သိရပါတယ်။

Zalen ad

တာ၀န်နဲ့ခရီးသွားနေချိန်မှာလည်း မင်းတပ်-မတူပီ လမ်းမပေါ်မှာ ဆိုင်ကယ်နဲ့ကားယာဉ်တိုက်မှုဖြစ်ခဲ့ပြီး ရဲဘော်ဘော်တစ်ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

အဲဒါနဲ့ပတ်သက်လို့ ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်)ကတာ၀န်ရှိသူတစ်ဦးက”လေ ကြောင်းတိုက်ခိုက်မှုကြောင့် တော်လှန်ရေးရဲဘော် ၃ဦးကျတယ်၊ထိခိုက်ဒဏ်ရာရတာလဲရှိတယ်၊ရဲဘော်တစ်ဦးက ယာဉ်တိုက်မှုဖြစ်လို့ကျသွားတယ်”လို့ Zalenကိုပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ နဲ့ စက်တင်ဘာလတုန်းကလည်း မင်းတပ်မြို့နယ်အတွင်း စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှု ၄၄ကြိမ်ပြုလုပ်ခဲ့သ လို ၂၇၄ တပ်ရင်းကို ၅၃ကြိမ် ရိက္ခာဖြည့် တင်းခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူတစ်ဦးထိခိုက် ခဲ့ကာ ဘော်ဒါဆောင် ၄လုံး၊စာသင်ဆောင် ၂ လုံး၊လူနေအိမ် ၉လုံး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

သတင်း – မိုးပီအောင်

နောက်ဆုံးရသတင်းများ

ပေါ်တာကြောင့် လူငယ်မဲ့သွားသော ပလက်ဝမြို့နယ်က ‌ကျေးရွာများ

အယိုက်လင်း ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်အတွင်းရှိ ကျေးရွာတွေမှာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ခန့်မှစတင်ပြီး အာရက္ခတပ်တော် (ULA/AA) က ၎င်းတို့ခန့်အပ်ထားတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးက တဆင့် အမျိုးသမီး၊ အမျိုးသား လူငယ်တွေကို စစ်မှုထမ်းဖို့အတွက် ဆင့်ခေါ်မှုတွေကို ...

ဆက်ဖတ်ရန်