မင်းတပ်မြို့ပေါ်အနီးတဝိုက် စာသင်ကျောင်းကို စစ်ကောင်စီက ဗုံးကြဲ

မေ ၂၁၊၂၀၂၆
Zalen

ချင်းပြည်နယ် ၊မင်းတပ်မြို့အနီး စိချဲ့ရပ်ကွက်ကို ယမန်နေ့ညနေ ၅ နာရီ ၀န်းကျင်မှာ စစ်ကောင်စီက လေကြောင်းက‌ နေဗုံးကြဲတိုက် ခိုက်လို့ ပျက်စီး၊ထိခိုက်မှုတွေရှိတယ်လို့ ဒေသခံ တွေထံကသတင်းရရှိပါတယ်။

အဆိုပါလေကြောင်းတိုက်ခိုက်မှုမှာ ရှမ်းတဲ လေတပ်ကနေတက်လာတဲ့ ဂျက်ဖိုက်တာ နှစ် စီးက ပေါင် ၂၅၀ အားရှိတဲ့ ဗုံးသီး ၄ လုံးကို ကြဲချ ခဲ့တာကြောင့် စာသင်ဆောင်ထိခိုက်ပျက်စီး မှုတွေ ရှိတယ်လို့ဆိုပါတယ်။

” စိချဲ့ ရပ်ကွက်က စာသင်ကျောင်းကိုကြဲတာ။ စာသင်ကျောင်းကတော့ အကုန်ပျက်စီးသွားတယ်” လို့ မင်းတပ်မြို့ပေါ် ဒေသခံတဦးက Zalen ကိုပြောပါတယ်။

Zalen ad

ဆက်လက်ပြီး လေယာဉ်ဗုံးကြဲ တိုက်ခိုက် မှုကြောင့် လူထိခိုက်မှု ရှိ၊မရှိ ကိုတော့ အသေး စိတ် မသိရှိရသေးဘဲ ဆက်လက်စုံစမ်းနေဆဲဖြစ်တယ်လို့ သူက ရှင်းပြပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၈ ရက်နေ့ကလည်း မင်းတပ်မြို့ပေါ် အနောက်ရပ်ကွက်ကို စစ်ကောင်စီက ပေါင် ၅၀၀ နှစ်လုံးဗုံးကြဲလို့ ၃ ဦးထိခိုက်ဒဏ် ရာရရှိခဲ့ပြီး ၊အရပ်သားလူနေအိမ်တွေအများအပြား ပျက်စီးခဲ့တာဖြစ်ပါတယ်။

သတင်း – မိုးပီအောင်
ဓာတ်ပုံ -ပုံဟောင်း

နောက်ဆုံးရသတင်းများ

ပေါ်တာကြောင့် လူငယ်မဲ့သွားသော ပလက်ဝမြို့နယ်က ‌ကျေးရွာများ

အယိုက်လင်း ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်အတွင်းရှိ ကျေးရွာတွေမှာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ခန့်မှစတင်ပြီး အာရက္ခတပ်တော် (ULA/AA) က ၎င်းတို့ခန့်အပ်ထားတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးက တဆင့် အမျိုးသမီး၊ အမျိုးသား လူငယ်တွေကို စစ်မှုထမ်းဖို့အတွက် ဆင့်ခေါ်မှုတွေကို ...

ဆက်ဖတ်ရန်