မင်းတပ်-မတူပီကြား ၂ ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီ ၆ ဦးသေဆုံးပြီး သေနတ်တစ်လက်သိမ်းဆည်း

မင်းတပ်-မတူပီကြားမှာ ၂ ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီဖက်က ၆ ဦးသေဆုံးပြီး သေနတ်တစ်လက် သိမ်းယူရရှိတယ်လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး(သတင်းအဖွဲ့)က ထုတ်ပြန်ထားပါတယ်။

မတူပီမြို့ကနေ မင်းတပ်ဘက်ကိုပြန်ဆင်းလာတဲ့ အာဏာသိမ်းစစ်ကောင်စီတပ် ယာဉ်တန်းကို CDF-MINDATတပ်က ဒီကနေ့ ဖေဖော်ဝါရီ ၃ ရက် နေ့လည် ၂ နာရီဝန်းကျင်က မင်းတပ်-မတူပီကြား မိုင်တိုင် ၂၈ တိုက်ခိုက်ကြပါတယ်။

CDF-MINDATကရဲဘော်တစ်ဦး ဒဏ်ရာအနည်းငယ်ရရှိပြီး စစ်ကောင်စီဘက် ထိခိုက်မှုကတော့ အတိကျမသိရသေးပါ။

ဖေဖော်ဝါရီလ ၂ ရက်ကလည်း မင်းတပ်-မတူပီကြား မိုင်တိုင် ၃၂ နဲ့ ၃၀ ကြားမှာ CDF-MINDATက တိုက်ခိုက်လို့ အာဏာသိမ်းစစ်ကောင်စီတပ် ၆ ဦးသေဆုံးပြီး MA 3 သေနတ်တစ်လက်သိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိပါတယ်။

Zawgyi

မင္းတပ္-မတူပီၾကား ၂ ရက္ဆက္တိုက္ တိုက္ပြဲျဖစ္ပြားရာ စစ္ေကာင္စီ ၆ ဦးေသဆုံးၿပီး ေသနတ္တစ္လက္သိမ္းဆည္း

မင္းတပ္-မတူပီၾကားမွာ ၂ ရက္ဆက္တိုက္ တိုက္ပြဲျဖစ္ပြားရာ စစ္ေကာင္စီဖက္က ၆ ဦးေသဆုံးၿပီး ေသနတ္တစ္လက္ သိမ္းယူရရွိတယ္လို႔ မင္းတပ္ၿမိဳ႕နယ္ ျပည္သူ႔အုပ္ခ်ဳပ္ေရး(သတင္းအဖြဲ႕)က ထုတ္ျပန္ထားပါတယ္။

မတူပီၿမိဳ႕ကေန မင္းတပ္ဘက္ကိုျပန္ဆင္းလာတဲ့ အာဏာသိမ္းစစ္ေကာင္စီတပ္ ယာဥ္တန္းကို CDF-MINDATတပ္က ဒီကေန႔ ေဖေဖာ္ဝါရီ ၃ ရက္ ေန႔လည္ ၂ နာရီဝန္းက်င္က မင္းတပ္-မတူပီၾကား မိုင္တိုင္ ၂၈ တိုက္ခိုက္ၾကပါတယ္။

CDF-MINDATကရဲေဘာ္တစ္ဦး ဒဏ္ရာအနည္းငယ္ရရွိၿပီး စစ္ေကာင္စီဘက္ ထိခိုက္မႈကေတာ့ အတိက်မသိရေသးပါ။

ေဖေဖာ္ဝါရီလ ၂ ရက္ကလည္း မင္းတပ္-မတူပီၾကား မိုင္တိုင္ ၃၂ နဲ႔ ၃၀ ၾကားမွာ CDF-MINDATက တိုက္ခိုက္လို႔ အာဏာသိမ္းစစ္ေကာင္စီတပ္ ၆ ဦးေသဆုံးၿပီး MA 3 ေသနတ္တစ္လက္သိမ္းဆည္းရမိခဲ့ေၾကာင္း သတင္းရရွိပါတယ္။

 

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်