မဏီပူရ်ပြည်နယ်တွင် မြန်မာစစ်ဘေးရှောင်များ အိမ်ပြင်မထွက်ဖို့သတိပေး

အိန္ဒိယနိုင်ငံ၊ မဏီပူရ်ပြည်နယ် မိုးလေးမြို့တွင်နေထိုင်တဲ့ မြန်မာစစ်ဘေးရှောင်တွေကို လတ်တလော အိမ်ပြင်မထွက်ကြဖို့ ဒေသခံ အရပ်ဖက်လူမှုရေးအဖွဲ့တွေက သတိပေးကြပါတယ်။

မိုးလေးမြို့က မြန်မာစစ်ဘေးရှောင်တစ်ဦးက “မိုးလေးထဲက ဗမာစျေးသည်တွေအကုန်လုံးမောင်းထုတ်တယ်။ ကျနော်တို့ကိုလည်း အပြင်မထွက်ဖို့သတိပေးကြတယ်။ ကသည်းသူပုန်တွေ မိုးလေးမှာ ဗမာတွေအသုံးပြုပြီး ဖောက်ခွဲရေးလုပ်မယ်လို့သတင်းကြားတယ်တဲ့။ ဒါကြောင့် တစ် ပတ်ကြာ စစ်ဆေးရေးလုပ်မယ်သတိထားကြတဲ့” လို့ပြောပါတယ်။

ဒါ့ပြင် ခုတလော ကဒ်အတုကိုင်ဆောင်တဲ့မြန်မာနိုင်ငံသားတွေ မကြာခဏဖမ်းဆီးမိတာကြောင့် တအိမ်တက်ဆင်း စစ်ဆေးမှုတွေလုပ်ဆောင်နေကြတယ်လို့လည်းသိရတယ်။ အိန္ဒိယနိုင်ငံတွင် နိုင်ငံသားကဒ်အတုကိုင်ဆောင်တဲ့ မြန်မာနိုင်ငံသား ၇၀ နီးပါး ဖမ်းဆီးခံရပါတယ်။

(Zawgyi)

မဏီပူရ္ျပည္နယ္တြင္ ျမန္မာစစ္ေဘးေရွာင္မ်ား အိမ္ျပင္မထြက္ဖို႔သတိေပး

အိႏိၵယႏိုင္ငံ၊ မဏီပူရ္ျပည္နယ္ မိုးေလးၿမိဳ႕တြင္ေနထုိင္တဲ့ ျမန္မာစစ္ေဘးေရွာင္ေတြကို လတ္တေလာ အိမ္ျပင္မထြက္ၾကဖို႔ ေဒသခံ အရပ္ဖက္လူမႈေရးအဖြဲ႔ေတြက သတိေပးၾကပါတယ္။

မိုးေလးၿမိဳ႕က ျမန္မာစစ္ေဘးေရွာင္တစ္ဦးက “မိုးေလးထဲက ဗမာေစ်းသည္ေတြအကုန္လံုးေမာင္းထုတ္တယ္။ က်ေနာ္တို႔ကိုလည္း အျပင္မထြက္ဖို႔သတိေပးၾကတယ္။ ကသည္းသူပုန္ေတြ မိုးေလးမွာ ဗမာေတြအသံုးျပဳၿပီး ေဖာက္ခြဲေရးလုပ္မယ္လုိ႔သတင္းၾကားတယ္တဲ့။ ဒါေၾကာင့္ တစ္ ပတ္ၾကာ စစ္ေဆးေရးလုပ္မယ္သတိထားၾကတဲ့” လုိ႔ေျပာပါတယ္။

ဒါ့ျပင္ ခုတေလာ ကဒ္အတုကိုင္ေဆာင္တဲ့ျမန္မာႏိုင္ငံသားေတြ မၾကာခဏဖမ္းဆီးမိတာေၾကာင့္ တအိမ္တက္ဆင္း စစ္ေဆးမႈေတြလုပ္ေဆာင္ေနၾကတယ္လုိ႔လည္းသိရတယ္။

အိႏိၵယႏိုင္ငံတြင္ ႏိုင္ငံသားကဒ္အတုကိုင္ေဆာင္တဲ့ ျမန္မာႏိုင္ငံသား ၇၀ နီးပါး ဖမ္းဆီးခံရပါတယ္။

နောက်ဆုံးရသတင်းများ

အိန္ဒိယ-မြန်မာနယ်စပ် မဏီပူရ်ပြည်နယ်မှာ မြန်မာဒုက္ခသည်များကို ဒီဇင်ဘာလ နောက်ဆုံးထားပြီး နေရပ်ပြန်ဖို့ ခရိုင်မှူးမှ ညွန်ကြား

၂၆၊ အောက်တိုဘာ ၂၀၂၄ Zalen မဏိပူရ်ပြည်နယ် အိန္ဒိယ-မြန်မာနယ်စပ် မဏီပူရ်ပြည်နယ် အော့ခရူခရိုင်နဲ့၊ ကမ်း‌ဂျွန်ခရိုင်မှာ စစ်ဘေးခိုလှုံနေတဲ့ မြန်မာစစ်ဘေးဒုက္ခသည်များကို ဒီဇင်ဘာလ နောက်ဆုံးထားပြီး နေရပ်ပြန်ဖို့ ခရိုင်အုပ်ချူပ်ရေးအဖွဲ့က အောက်တိုဘာ ၂၂ရက်နေ့က လာရောက်ညွန်ကြားခဲ့တယ်လို့ စစ်ဘေးရှောင်များက ပြောပါတယ်။ ...

ဆက်ဖတ်ရန်