မတူပီမြို့တွင် အမျိုးသားတစ်ဦးကို စစ်တပ်က ဖမ်းဆီး

ချင်းပြည်နယ်၊ မတူပီမြို့ လောင်ဗန်းရပ်ကွက်တွင်နေထိုင်သော ထယ်ဘွေးရွာသား ဦးယောရှု (ယိုဆွား) ကို စစ်တပ်က မနေ့ အောက်တိုဘာလ ၂၀ ရက်နေ့ ညနေ ၄ နာရီခန့်တွင် ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။

ဦးယောရှုဟာ ရွာဘက်က တက်လာသောသူများနှင့် ပစ္စည်း အလဲအလှယ်လုပ်ရန်အသွားတွင် စစ်တပ်က စစ်ဆေးခဲ့ရာ ရွာကိုပို့မည့် ဓာတ်ခဲများ၊ ဓာတ်မီးများ၊ စာအုပ်များနှင့် အခြားအသုံးအဆောင်များပါရှိကြောင်းကို စစ်သားများက တွေ့ရှိပြီးနောက် မသင်္ကာသောကြောင့်ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

စစ်သားများဟာ ရွာဘက်တက်လာမယ့် လူနှစ်ယောက်ကို ထောင်ချောက်ဆင်ဖမ်းဆီးရန် ကြိုးစားခဲ့သော်လည်း ထိုလူနှစ်ယောက်ဟာ စစ်သားများကို မြင်ပြီးနောက် ထွက်ပြေးသွားခဲ့သောကြောင့် အဖမ်းမခံခဲ့ရခြင်းဖြစ်ကြောင်း ဆိုပါတယ်။

ဦးယောရှုဟာ ဒေသအတွင်း ၎င်းကိုယ်ပိုင်စီးပွားရေးလုပ်ငန်းအဖြစ် ကုန်သည်လုပ်ငန်း လုပ်ကိုင်နေသောသူတစ်ယောက်ဖြစ်ပါတယ်။ ဒီကနေ့ မတူပီမြို့ပေါ်တွင် ကြားခဲ့ရသော သတင်းများအရ ဦးယောရှုဟာ စစ်သားများ ရိုက်နှက်ခံနေရကြောင်း ဆိုပါတယ်။

Zalen ad

မတူပီမြို့ပေါ်တွင် စစ်တပ်က ညနေ ၆ နာရီက စပြီး အပြင်မထွက်ရ အမိန့်ထုတ်ထားသောကြောင့် ညမှောင်လာလျှင် ဘယ်သူမှ အပြင် မထွက်ကြတော့ကြောင်း သိရပါတယ်။ ထို့အပြင် စစ်သားများဟာ လူမရှိသော အိမ်များကို သော့ဖျက်ဝင်ပြီး ပစ္စည်များကိုလည်း ခိုးယူမှု ပိုများလာကြောင်း ဒေသခံများက ပြောပါတယ်။

နောက်ဆုံးရသတင်းများ

ပလက်ဝမြို့နယ်ကိုလေကြောင်း တိုက်ခိုက်မှု ပြုလုပ်မည်ဟု ဦးလှဆွေ ခြိမ်းခြောက်

မေ ၈၊ ၂၀၂၆Zalen ချင်းပြည်နယ်၊ မတူပီခရိုင်၊ ပလက်ဝမြို့နယ်မှာ ရက္ခိုင့်တပ်တော် (AA) ဗိုလ်ချုပ်ထွန်းမြတ်နိုင် ရောက်ရှိနေသဖြင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်သွားမှာဖြစ်တယ်လို့ စစ်တပ်ထောက်ခံသူ ဘူးလက်လှဆွေက ခြိမ်းခြောက်ထားပါတယ်။ ဗိုလ်ချုပ်ထွန်းမြတ်နိုင် ဟာ ကျောက်တော်မြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုပြင်းထန်ပြီးနောက် ...

ဆက်ဖတ်ရန်