မတူပီမြို့နယ်တွင်အရပ်သားတစ်ဦးကိုဖမ်းဆီးရိုက်နှက်တဲ့ CDF-Zotung တာဝန်ရှိ ၂ဦးကိုဖမ်းဆီးအရေးယူ

ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ စာလ်ထောင်ကျေးရွာရှိ ဦးဖွာတင်ကို ဇူလိုင် ၃၁ ရက်နေ့ကဖမ်းဆီးပြီး ရိုက်နှက်တဲ့ CDF-Zotung တာဝန်ရှိသူ ၂ဦးကိုဖမ်းဆီးထိန်းသိမ်းထားပြီး အကန့်အသတ်မရှိယာယီထုတ်ပယ်ထားတယ်လို့ CDF -Zotung တပ်ဖွဲ့က မနေ့ဩဂုတ် ၁၈ ရက်ကသတင်းထုတ်ပြန်ထားပါတယ်။

CDF-Zotung ပြောရေးဆိုခွင့်ရှိသူက “ဘာလို့တာဝန်ရှိသူ ၂ဦးကို အရေးယူထားတာလဲဆိုရင် သူ့ကို ဖမ်းဆီးတဲ့ချိန် ဗဟိုကိုအကြောင်းမကြားဘူး။ ကျနော်တို့မှာရှိတဲ့ ဥပဒေထက်ကျော်လွန်ပြီးလုပ်တာတွေ့ရတယ်။ သူတို့ ၂ဦးကို မနေ့က တာဝန်ကနေ အကန့်အသတ်မရှိ ယာယီနားထားပြီး ထိန်းသိမ်းထားတယ်”လို့ပြောပါတယ်။

ဒါပြင် ဦးဖွာတင်ဟာ စစ်တပ်အုပ်ချုပ်တုန်းက‌ ကျေးရွာအုပ်ချုပ်ရေးမှူးလုပ်ခဲ့သူဖြစ်ပြီး ကြံ့ခိုင်ရေးပါတီဝင်တစ်ဦးဖြစ်သလို မြဝတီနဲ့ မြန်မာ့အသံသတင်းသာကြည့်ရှုနေသူဖြစ်လို့ တော်လှန်ရေးကို အားမပေးသူလည်းဖြစ်တယ်လို့ဆိုပါတယ်။

ဆက်လက်ပြီး CDF-Zotung ပြောရေးဆိုခွင့်ရှိသူက “ကျေးရွာကရွေးချယ်ထားတဲ့ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့တွေက လုပ်တဲ့ရပ်ကျိုးရွာကျိုးကိစ္စနှင့် တော်လှန်ရေးကိစ္စရပ်များမှာ နှောက်ယှက်မှုတွေကြောင့် ဒီလိုဖြစ်သွားတာ။ အဓိကတော့ ကျနော်တို့တပ်ဖွဲ့မှာ ရဲဌာနမရှိသေးလို့ အခုလိုဖြစ်တာ၊ အမြန်ဆုံးဖွဲ့စည်းဖို့လည်းလုပ်နေတယ်”လို့ပြောပါတယ်။

ဦးဖွာတင်ကို ဇူလိုင် ၃၁ ရက်ည ၇ နာရီတွင်၎င်းနေအိမ်ကနေ CDF-Zotung ကသွားရောက်ဖမ်းဆီးပြီးအဲ့ဒီည ၁၁ နာရီတွင်ပြန်လွတ်ခဲ့တယ်လို့သိရတယ်။ ဖမ်းဆီးထိန်းသိမ်းစဉ် ရိုက်နှက်မှုကြောင့် အသက် ၇၀ ဝန်းကျင် ဦးဖွာတင်ရဲ့ ကျော၊ လက်မောင်းနဲ့ မျက်ရိုးတွင် ညိုမဲဒဏ်ရာရရှိပါတယ်။

၎င်းကို ဩဂုတ် ၁၀ ရက်က ဟားခါးပြည်သူ့ဆေးရုံသို့ခေါ်ဆောင်ပြီး ဩဂုတ် ၁၂ ရက်တွင် ရန်ကုန်သို့ပြန်လည်လွှဲပြောင်းလိုက်တယ်လို့သိရတယ်။

CDF-Zotung ထုတ်ပြန်ချက်ထဲတွင် ဇိုတုန်နယ်၊ စာလ်ထောင်ရွာရှိဦးဖွာတင်သည်တော်လှန်ရေးအားနည်းစေရန်နည်းလမ်းများစွာဖြင့် ကြိုးစားမှုအပါအဝင်ကျေးရွာရှိပြည်သူများမှဒီမိုကရေစီနည်းလမ်းကျစွာ ရွေးကောက်တင်မြောက်ထားသောအုပ်ချုပ် ရေးမှုးနှင့်အဖွဲ့ဝင်များမှဦးဆောင်အကောင်အထည်ဖော်သည့် ရပ်ကျိုး၊ရွာကျိုးလုပ်ငန်းများအားနှောင့်ယှက်လျက် ရှိသည်ဟု တိုက်နယ်မှူးနှင့် အုပ်ချုပ်ရေးမှူးတို့မှတိုင်ကြားလာရာ…. လို့ဖော်ပြထားပါတယ်။

နောက်ဆုံးရသတင်းများ

ကလေးမြို့ မော်လိုက်အကျဥ်းထောင်တွင်း ဖြိုခွင်းခံရခြင်း(၃)နှစ်ပြည့်

ရဲဝံ့သူ ရေးသည်။ စစ်ကိုင်းတိုင်း ကလေးမြို့ မော်လိုက်ကလေး အကျဥ်းထောင်အတွင်း ဖိနှိပ်မှုကို အဓိက အုပ်ချုပ်ရေးမဏ္ဏိုအဖြစ် အသုံးပြုခြင်းကြောင့် အရေးပေါ် ကိစ္စအဖြစ် ထိမ်းသိမ်းခံ အချုပ်သား ဗန်ဒိမ်း ဦးဆောင်သည့်အဖွဲ့များမှ ဆန္ဒထုတ်ဖော်မှုကြောင့် လူမဆန်စွာ ဖြိုခွင်းခံရပြီး အကျဥ်းသား ...

ဆက်ဖတ်ရန်