မတူပီမြို့နယ်မှာ ချင်းပါတီ အနိုင်ရပြီ

မတူပီမြို့နယ် အမှတ်(၁)ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်မှာ မဲရုံ(၇၀)ရှိတဲ့အနက် မဲရုံ(၆၆)ရုံမှာ CLD ပါတီက ဆန္ဒမဲ(၅၆၅၅)မဲရရှိပြီး NLD ပါတီက မဲ(၄၆၇၀)မဲရရှိပြီ မဲကိုးရာကျော်နဲ့ CLD က အနိုင်ရရှိပြီလို့သိရပါတယ်။

CLD ပါတီအတွင်းရေးမှူး ဆလိုင်းအောင်လိန်းက “အခု ရွာလေးရွာက မဲစာရင်းကျန်သေးတယ်။ အဲ့ရွာတွေမှာ မဲပေးနိုင်သူက (၇၀၀)ရှိတယ်။ အဲ့ဒီ (၇၀၀)ထဲမှာလည်း ကျနော်တို့မဲရှိမှာဆိုတော့။ အခု ကျနော်တို့က မဲကိုးရာကျော်သာနေပြီ”လို့ပြောပါတယ်။

မတူပီမြို့နယ် အမှတ် ၁ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်မှာ ရပ်ကွက် ၄ ခု၊ ကျေးရွာအုပ်စု ၃၄ ခု၊ မဲရုံပေါင်း ၇၀ နဲ့ မဲပေးနိုင်သူပေါင်း ၁၇၃၆၂ ဦး ရှိပါတယ်။

မတူပီမြို့နယ် အမှတ်(၁) ပြည်နယ်မဲဆန္ဒနယ်က ချင်းဒီမိုကရေစီအဖွဲ့ချုပ်(CLD)ပါတီ လွှတ်တော်ကိုယ်စားလှယ်ကတော့ အသက်(၃၁)နှစ်သာရှိသေးတဲ့ ဆလိုင်းအောင်လျန်ဖြစ်ပါတယ်။

Zalen ad

ဆလိုင်းအောင်လျန်ဟာ ၁၉၈၇ ခုနှစ် ဇန်နဝါရီလ (၂၁)ရက်မှာ မတူပီမြို့နယ် အမ်ဆွေးကျေးရွာမှာမွေးဖွားပါတယ်။ ၂၀၁၀ ခုနှစ်မှာ စက်မှုအင်ဂျင်နီယာ(B.Tech) ဘွဲ့ကို ပခုက္ကူနည်းပညာတက္ကသိုလ်ကနေရရှိထားပါတယ်။ အရင်က Mother Industrial Co.,Ltd မှာ Plant Manager လုပ်ခဲ့ပြီး လက်ရှိမှာတော့ သုခလမ်းညွန် Travel and Tour Co.,Ltd မှာ မန်နေဂျာလုပ်နေပါတယ်။

မတူပီမြို့နယ် အမှတ်(၁)ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်ဝင်ရောက်ယှဉ်ပြိုင်တဲ့ပါတီတွေကတော့ NLD ပါတီမှ ဦးအောင်ထန်း ဖြစ်ပါတယ်။

မတူပီမြို့နယ်မှာ ဆလိုင်းအောင်လျန်(CLD) က (၅၉၆၄)မဲ၊ ဆလိုင်းအောင်ထန်(NLD)က (၅၂၀၆)မဲရရှိပါတယ်။ ကန်ပက်လက်မြို့နယ်မှာ ဦးညွှန့်ဝင်း(NLD)က (၃၀၈၃)မဲ၊ ဥိးမနားနိုင်(USDP)က (၂၅၂၇)မဲ၊ ဥိးကီးထန်းလွန်း(CNDP)က (၂၄၄၅)မဲ၊ ဦးမနားရှင်(CPP)က (၂၄၂) မဲအသီးသီးရရှိတယ်လို့ ချင်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက နိုဝင်ဘာလ(၅)ရက်နေ့မှာ ကြေညာပါတယ်။

ကန်ပက်လက်မြို့နယ် ပြည်သူ့လွှတေ်တာ်မဲဆန္ဒနယ်မှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၁၂,၄၄၉)ဥိးရှိပြီး (၈,၄၃၂)ဦးကလာရောက်ဆန္ဒမဲပေးကြပြီး ခိုင်လုံတဲ့ဆန္ဒမဲ (၈၂၉၇)မဲရရှိပါတယ်။

နောက်ဆုံးရသတင်းများ

အောင်လံမြို့နယ်ရှိ အရှိုချင်းကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်

မတ် ၃ ၊ ၂၀၂၆ Zalen မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်အတွင်းရှိ အရှိုချင်းတိုင်းရင်းသားတွေ နေထိုင်တဲ့ ကန်စွန်းအင်း ကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးကျည်နဲ့ အကြောင်းမဲ့ ရမ်းသန်းပစ်ခတ်ခဲ့တယ်လို့  ဒေသခံတွေဆီက သိရပါတယ်။ ဒီနေ့ မတ်လ ၃ ...

ဆက်ဖတ်ရန်