မိုင်းမတော်တဆမှုကြောင့် ချင်းကာကွယ်ရေးတပ်ဖွဲ့က ရဲဘော် ၂ ဦးကျဆုံး

ချင်းပြည်နယ်၊ တီးတိန်မြို့နယ် ဟိန်ဇိန်ရွာအနီးမှာ ဒီနေ့ ဇန်နဝါရီ ၂၂ ရက်မနက် ၁၀ နာရီခွဲလောက်က မိုင်းမတော်တဆဖြစ်မှုကြောင့်PDF-Zoland က အသက် ၂၁ နှစ်အရွယ် ကိုမုန်နိုး နဲ့ CNA တပ်က ဆလိုင်း ကျူံးလျန်ဆန်တို့ ကျဆုံးသွားတယ်လို့သတင်းရရှိပါတယ်။

ကိုမုန်နိုးဟာ ကလေးနည်းပညာတက္ကသိုလ်မှာ တတိယနှစ်ပညာသင်ယူနေတဲ့ ကျောင်းသားလည်းဖြစ်ပါတယ်။ ဒါ့ပြင် ရဲဘော် ၂ ယောက်လည်း ဒဏ်ရာ (မစိုးရိမ်ရ) ရရှိကြပါတယ်။

၄င်းတို့ဟာ ဒီနေ့မနက် ရဟတ်ယာဉ်နဲ့ ဗုံးလာပစ်ပြီးနောက် ၄င်းတို့ထောင်ထားတဲ့မိုင်းကို သွားစစ်ကြည့်ရာ မတော်တဆပေါက်ကွဲသွားတာဖြစ်တယ်လို့ သိရတယ်။

Zawgyi

မိုင္းမေတာ္တဆမႈေၾကာင့္ ခ်င္းကာကြယ္ေရးတပ္ဖြဲ႕က ရဲေဘာ္ ၂ ဦးက်ဆုံး

ခ်င္းျပည္နယ္၊ တီးတိန္ၿမိဳ႕နယ္ ဟိန္ဇိန္ရြာအနီးမွာ ဒီေန႔ ဇန္နဝါရီ ၂၂ ရက္မနက္ ၁၀ နာရီခြဲေလာက္က မိုင္းမေတာ္တဆျဖစ္မႈေၾကာင့္PDF-Zoland က အသက္ ၂၁ ႏွစ္အရြယ္ ကိုမုန္နိုး နဲ႔ CNA တပ္က ဆလိုင္း က်ဴံးလ်န္ဆန္တို႔ က်ဆုံးသြားတယ္လို႔သတင္းရရွိပါတယ္။

 

ကိုမုန္နိုးဟာ ကေလးနည္းပညာတကၠသိုလ္မွာ တတိယႏွစ္ပညာသင္ယူေနတဲ့ ေက်ာင္းသားလည္းျဖစ္ပါတယ္။ ဒါ့ျပင္ ရဲေဘာ္ ၂ ေယာက္လည္း ဒဏ္ရာ (မစိုးရိမ္ရ) ရရွိၾကပါတယ္။

၄င္းတို႔ဟာ ဒီေန႔မနက္ ရဟတ္ယာဥ္နဲ႔ ဗုံးလာပစ္ၿပီးေနာက္ ၄င္းတို႔ေထာင္ထားတဲ့မိုင္းကို သြားစစ္ၾကည့္ရာ မေတာ္တဆေပါက္ကြဲသြားတာျဖစ္တယ္လို႔ သိရတယ္။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်