မီဇိုရမ်ပြည်နယ်အထွေထွေရွေးကောက်ပွဲတွင် ZPM က မဲဆန္ဒနေရာအများစုအနိုင်ရကာအစိုးရဖွဲ့နိုင်

၄၊ဒီဇင်ဘာ ၊၂၀၂၃

Zalen

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အထွေထွေရွေးကောက်ပွဲ မဲရလဒ်ကို ဒီကနေ့ ဒီဇင်ဘာလ ၄ ရက်နေ့တွင် ရေတွက်ရာ Zoram People Movement (ZPM) က မဲဆန္ဒနေရာအများစုမှာ အနိုင်ရရှိ ကာအစိုးရဖွဲ့ နိုင်ခဲ့တယ်လို့ သိရပါတယ်။

မီဇိုရမ်ပြည်နယ်အထွေထွေရွေးကောက်ပွဲကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့က ကျင်းပပြီးစီး ကာနိုင်ငံရေးပါတီ ၅ခုအပြင် တစ်သီးပုဂ္ဂလဖြင့် ဝင်ရောက်ယှဉ်ပြိုင်သူများလည်း ရှိခဲ့ပါတယ်။ပြည်နယ်အစိုးရလွှတ်တော် အတွက် လွှတ်တော်အယောက် ၄၀ အတွက်ရွေးကောက်တင်မြှောက်ကြတာဖြစ်ပြီး ထက်ဝက် ကျော် ၂၁ ယောက်အနိုင်ရရှိတဲ့ နိုင်ငံရေးပါတီက အစိုးရဖွဲ့ခွင့်ရှိတာဖြစ်ပါတယ်။

Zalen ad

၎င်းတို့ထဲမှ ဒုတိယအကြိမ်မြောက်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ကြသော ZPM ပါတီများအနေဖြင့် မဲဆန္ဒနယ် ၂၇ ခုတွင်အနိုင်ရရှိခဲ့တာကြောင့် အစိုးရဖွဲ့စည်းနိုင်ခဲ့တာဖြစ်ပါတယ်။ယခုလက်ရှိ အစိုးရတာဝန်ယူလျက်ရှိ သော MNF ပါတီက ၁၀ နေရာ၊ BJP ပါတီက ၂ နေရာနဲ့ INC ပါတီက  တစ်နေရာ အသီးသီး ရရှိခဲ့ကြ ပါတယ်။

အနိုင်ရပါတီ ဥက္ကဌ ပူးလာလ်ဒုအွမ်မာ ( Pu Lalduhoma) က မိမိတို့ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်ကာ အနိုင် ရရှိသွားကြတဲ့သူများအတွက်ဝမ်းသာကြောင်းနဲ့ ရှုံးသွားကြတဲ့သူများအတွက်လည်း လွန်စွာစိတ်မကောင်း ကြောင်းပြောကြားထားတဲ့အပြင် မီဇိုရမ်ပြည်သူများမှ ၎င်းတို့ကိုယုံယုံကြည်ကြည်နဲ့ ရွေးချယ်ပေးတဲ့အ တွက် ဒီအစိုးရဟာ ပါတီအစိုးရမဟုတ်ဘဲ ပြည်သူ့အစိုးရဖြစ်အောင် လုပ်ဆောင်သွားမှာဖြစ်ကြောင်း မဲရေ တွက်ပြီး အချိန်တွင်ပြောကြားထားပါတယ်။

သတင်း-Grace

နောက်ဆုံးရသတင်းများ

ချင်းပြည်ကောင်စီရဲ့ အရွယ်ရောက်ပြီးသူတိုင်း စစ်မှုထမ်းရမယ်ဆိုတဲ့အပေါ် ဒေသခံပြည်သူတို့ရဲ့ အမြင်သဘောထား မှတ်ချက်များ

ချင်းပြည်ကောင်စီ၊ ချင်းပြည်အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၁၄ ရက်မှာ ပြုလုပ်ခဲ့တဲ့ Defense Coordination Team (TDC) ရဲ့ ပထမအကြိမ်အစည်းအဝေးမှာ ချင်းပြည်နယ်အတွင်း အရွယ်ရောက်ပြီး သူတွေကို ချင်းပြည်တပ်ပေါင်းစုအတွက် တပ်သားသစ်တွေ စုဆောင်းသွားတော့မယ်လို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ...

ဆက်ဖတ်ရန်