မြစ်သာမြစ်မှာ ငါးရှာ၊ရေချိုးရင်း ချင်းလူငယ်၂ဦးရေနစ်သေဆုံး



ဧပြီ ၁၀၊၂၀၂၆
Zalen

မကွေးတိုင်း ၊ ဂန့်ဂေါခရိုင် ၊ တောင်ကုန်းရပ်ကွက် မြစ်ဆိပ် မြစ်သာမြစ်ထဲမှာ မနေ့က ဧပြီ ၉ ရက်နေ့က ငါးရှာအပြီး ရေချိုးရင်းနဲ့ ချင်း လူငယ် ၂ဦး ရေနစ် သေဆုံးသွားကြတယ်လို့ ဒေသခံတွေထံက သတင်းရရှိပါတယ်။

အဆိုပါ ရေနစ်သေဆုံးသွားတဲ့ ချင်းလူငယ် ၂ဦးကတော့ အမျိုးသား နဲ့ အမျိုးသမီး တွေလို့သိရပြီး သူငယ်ချင်းတွေ ငါဖမ်း ၊ ရေချိုးတဲ့အချိန်မှာ အခုလိုဖြစ်သွားတာလို့ဆိုပါတယ်။

အဲဒါနဲ့ပတ်သက်လို့ ဒေသခံအမျိုးသားတဦးက” မြစ်ဆိပ်မှာ သူငယ်ချင်း​တွေ ငါးရှာထွက်လာရင်းနဲ့ ဖြစ်တာတဲ့။ငါးရှာအပြီး ရေချိုးရာမှာ ဖြစ်ကြတာ။ အမျိုးသားအလောင်းကိုတော့ပြန်တွေ့ကြတယ်” လို့ Zalen ကိုပြောပါတယ်။

Zalen ad

ရေနစ်သေဆုံးသွားတဲ့ အမျိုးသမီးရဲ့ နာမည်နဲ့ အသက်ကိုတော့မသိရ‌ ပေမဲ့ အမျိုးသားကတော့ အသက် ၁၇ နှစ် ၊မောင် ဖွာသိန်းထန်လို့သိရပြီး မနေ့က ကရာနီ နှစ်ခြင်းအသင်းတော်မှာ နာရေးပြုလုပ်နေကြတယ်လို့သိရပါတယ်။

အဲဒီရေနစ်သေဆုံးသွားတဲ့ ချင်းလူငယ်၂ဦးကတော့ ယခင်က မတူပီမြို့နယ် ၊ ဇိုတုန်ဒေသမှာရှိတဲ့ရှာတလိုင်း ရွာကနေ ဂန့်ဂေါမြို့ ၊ကျောတိုက်ရပ်ကွက် ကို ပြောင်းရွှေ့ နေထိုင်သူတွေဖြစ်တယ်လို့ သိရပါတယ်။

သတင်း – ယောနေ
ဓာတ်ပုံ – လူမှုကွန်ယက်

နောက်ဆုံးရသတင်းများ

ကတုတ်ကျင်းထဲက ပျောက်ဆုံးနေတဲ့အနာဂတ်များ

စာရေးသူ- ပီအောင် ” ကလေးက နှနှစ်ပဲရှိသေးတယ်။ လေယာဉ်သံကြားရင် ကျွန်မဆီပြေးလာတယ်။ ကတုတ်ကျင်းထဲ ၀င်ရင်လည်း သူ့ဟာသူ နားပိတ်တတ်လာတယ်။ ကလေးကိုကြည့်ပြီးကျွန်မ အရမ်းပဲသောကရောက်ရတယ်” မြန်မာနိုင်ငံရဲ့ လက်ရှိပဋိပက္ခဒေသ တွေမှာနေထိုင်ကြရတဲ့ ကလေးငယ် တွေအတွက် “ကတုတ်ကျင်း” ဆိုတဲ့ ...

ဆက်ဖတ်ရန်