မြန်မာဒုက္ခသည်တွေတွက် အိန္ဒိယနိုင်ငံ မီဇိုရမ်ရဲ့အကြီးဆုံး TV Channels ၂ ခုက ရန်ပုံငွေရှိုးပွဲကျင်းပမယ်

အိန္ဒိယနိုင်ငံ မီဇိုရမ်ရဲ့အကြီးဆုံး TV Channels ၂ ခုဖြစ်တဲ့ LPS နဲ့ Zonet တို့ပူးပေါင်းပြီး Benjamin Sum အပါအဝင် မီဇိုအဆိုတော် (၁၅)ဦးက ဒီည အိန္ဒိယစံတော်ချိန် (၈)နာရီ (မြန်မာစံတော်ချိန် ၉ နာရီ)တွင် မြန်မာဒုက္ခသည်တွေအတွက် ရန်ပုံငွေရှိုးပွဲပြုလုပ်သွားမှာဖြစ်ပါတယ်။

ယင်းရှိုးပွဲကို LPS Vision Youtube Channels Chttps://www.youtube.com/channel/UCw7W5MUsosRX93tyfpwvGXg
Zonet Youtube Channels https://www.youtube.com/channel/UCjJeMQLzfzkfIHvTHKoJ4qg တို့တွင် တိုက်ရိုက်ထုတ်လွှင့်မှာဖြစ်ပါတယ်။

သီဆိုဖျော်ဖြေမယ့်သူတွေကတော့ Vanlalsailova, Laduhsaki, Rosy Remsangpuii, Sangteii Khuptong, Jonathan Lianhna, Young Fella, Mazuali K, Maruati, Hlimhlimi, One in Christ, Fiona Pachuau, Jerry Lalrinawma, Jaui , Kimkima နဲ့ Benjamin Sum နဲ့ အခြားအနုပညာသမားတွေလည်းပါဝင်မှာဖြစ်တယ်။

ဒါပြင် WBC World Youth Boxing Champion Lalrinsanga Tlau နဲ့ Miss Mizoram 2017 Rody Vanlalhriatpuii တို့ကလည်း လာရောက်ပါဝင်မှာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်