မြေပုံမြို့တွင် ချင်းအမျိုးသား တစ်ဦးကို သူခိုးဟု စွပ်စွဲကာ ဝိုင်းရိုက်နှက်မူဖြစ်ပွား

ရခိုင်ပြည်နယ်၊ မြေပုံမြို့တွင် နယ်မှ အလုပ်လာလုပ်သည့် ချင်းအမျိုးသား တစ်ဦးအား သစ်သူခိုးဟု စွဲစွပ်ကာ စက်တင်ဘာလ ၁၉ ရက်နေ့က ဝိုင်းရိုက်နှက်မူဖြစ်ပွားသည်ဟု သတင်းရရှိပါသည်။

ဝိုင်းရိုက်နှက်ခံရသည့် ချင်းအမျိုးသားမှာ ဆလိုင်းထွန်းထွန်းဝင်းလို့ သိရှိရပြီး မြေပုံမြို့နယ်၊သရက်တောကျေးရွာ ဇာတိဖြစ်သည်။ ၎င်းအား ရပ်ကွက်ရှိ လူနေအိမ် တစ်အိမ်၌ သစ်များကို ခိုးယူသည်ဟု စွပ်စွဲပြီး ဝိုင်းရိုက်နှက်ကာ ရက္ခိုင့်တပ်တော်(AA/ULA) ၏ အုပ်ချုပ်ရေးမှူးထံ တိုင်ကြားဖမ်းဆီးထားသည်ဟု မျက်မြင်သက်သေ တစ်ဦးက ဆိုပါသည်။

“ညနေ့ပိုင်းလောက်က သစ်လုံးတွေ ခိုးတယ်ဆိုပြီး လူ ၅ ယောက်၊ ၆ ယောက် လောက်ရှိမယ်ထင်တယ် ဝိုင်းရိုက်နှက်ကြတယ်။ မရိုက်ကြဖို့ တားကြတဲ့လူတွေလည်းရှိတယ်။ ဒါပေမဲ့ မရဘူး ရိုက်နှက်ကြတယ်။ နောက်ဆုံးမှာတော့ ULA ထံ တိုင်ကြားပြီး ဖမ်းသွားတယ်”ဟု ဆိုပါသည်။

ULA ထံ ဖမ်းဆီးပြီး အမှူစစ်ဆေးရာ သစ်ခိုးယူမူမရှိသည့်အတွက် သရက်တောကျေးရွာ လူကြီးများက ငွေ နှစ်သောင်းကျပ်ဖြစ် အာမခံချက်နှင့် နောက်တစ်ရက် စက်တင်ဘာ ၂၀ ရက်တွင်ရွေးကာ ပြန်လွတ်မြောက်ခဲ့သည်ဟု ယင်းကျေးရွာနဲ့ နီးစပ်တဲ့ ဒေသခံ တစ်ဦးက ပြောပါသည်။

Zalen ad

ဝိုင်းရိုက်နှက်ဒဏ်ကြောင်း ဆလိုင်းထွန်းထွန်းဝင်းသည် အလုပ်မဆင်းနိုင်ဘဲ ခန္ဓာကိုယ်လုံး ညှိမည်းပြီး ဒဏ်ရာအများပြားရရှိသည်ဟု သိရှိရသည်။

နောက်ဆုံးရသတင်းများ

ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ အမျိုးသားတန်းတူရေး အတွက် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ CDF-Zophei ဆို

ဧပြီလ ၁၇၊ ၂၀၂၆ Zalen စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချေမှုန်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေးအတွက် တော်လှန် တိုက်ပွဲဝင်ရန် CDF-Zophei ကို တည်ထောင်ခဲ့ရာ ၂၀၂၆၊ ဧပြီလ(၁၆)ရက် တွင် (၅)နှစ် ပြည့်ခဲ့ပြီဖြစ်ပြီး ရှေ့လျှောက် ...

ဆက်ဖတ်ရန်