မကြာခင် ကျင်ဒွေးရွာ မြို့ရတော့မယ်

ကန်ပက်လက်မြို့နယ် ကျင်ဒွေးရွာကို မကြာမီမြို့အဆင့်တိုးမြှင့်ပေးမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အောက်တိုဘာ(၂၆)ရက်က ကတိပေးထားတယ်လို့သိရပါတယ်။

ကျင်ဒွေးရွာဟာ အိမ်ခြေ သုံးရာမှ လေးရာကြားရှိပြီး ၁၉၇၀ ခုနှစ်ဝန်းကျင်တွင်မြို့ဖြစ်သော်လည်း ၁၉၇၄ အခြေခံဥပဒေကြောင့် ရွာအဆင့်လျော့ကျသွားပါတယ်။

ယင်းကိစ္စနဲ့ပတ်သက်ပြီး ချင်းပြည်နယ် စည်ပင်၊လျှပ်စစ်နဲ့စက်မှုဝန်ကြီး ဦးစိုးထက်က “ကျင်ဒွေးရွာက မြို့ရဖို့ အမှုတွဲတင်ထားတာ နှစ်နှစ်၊သုံးနှစ်လောက်ကြာပြီ။ မကြာခင်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်လာတုန်းက ပြည်သူတွေတင်ပြမှု၊ ဝန်ကြီးနဲ့ဝန်ကြီးချုပ်တို့ရဲ့တင်ပြမှုကြောင့် ဒေါ်အောင်ဆန်းစုကြည်ဥက္ကဌတာဝန်ယူထားတဲ့ လုံ၊တည်၊ဥ(လုံခြုံရေး၊တည်ငြိမ်အေးချမ်းရေး၊ ဥပဒေစိုးမိုးရေးကော်မတီ) ရဲ့ အနီးစပ်ဆုံး အစည်းအဝေးကျရင်အတည်ပြုပေးမယ်လို့ပြောတယ်။ နောက်တစ်လ၊ နှစ်လအတွင်းအစည်းအဝေးထိုင်ဖြစ်ရင်တော့ မြို့ကတော့ သေချာပေါက်ရတော့မှာပေါ့။ ပြည်ထဲရေးမှာအမှုတွဲတင်ထားတာ လုံ၊တည်၊ဥကအတည်ပြုရင် မြို့ဖြစ်မှာ။ ဖြစ်ဖို့တော့သေချာတယ်။ လုံ၊တည်၊ဥက ဆုံးဖြတ်ရင် ပြည်ထောင်စုလွှတ်တော်မှာအတည်ပြုရမယ်။ လွှတ်တော်လည်း ဒီလ(၁၂)မှာကျင်းပမယ်။ ဒါက သေချာပေါက်ရမယ်လို့ထင်တယ်”လို့ပြောပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲကျင်းပခါနီးအခုလို ကျင်ဒွေးရွာမြို့အဆင့်တိုးမြှင့်သတ်မှတ်ဖို့သတင်းထွက်ပေါ်လာခြင်းနဲ့ပတ်သက်ပြီး ဝန်ကြီးဦးစိုးထက်က “အခုက မဲဆွယ်တာလည်းမဟုတ်ဘူး၊ တိုက်ဆိုင်လို့ပါ”လို့ပြန်လည်ဖြေရှင်းသွားပါတယ်။

ချင်းပြည်နယ်ဟာ မြို့နယ်(၉)မြို့နယ်နဲ့ မြို့(၈)မြို့ ဖြစ်တဲ့ တီးတိန်မြို့နယ်မှာ ခိုင်ကမ်းမြို့၊ ကျီးခါးမြို့၊ ဖလမ်းမြို့နယ်မှာ ရိခေါ်ဒါရ်မြို့၊ ဝေဘူလမြို့၊ ထန်တလန်မြို့နယ်တွင် နှရိန်းမြို့၊ မတူပီမြို့နယ်တွင် လိုင်လဲပီမြို့၊ ရေဇွာမြို့၊ မင်းတပ်မြို့နယ်တွင် မကွီအိမ်နူးမြို့၊ ပလက်ဝမြို့နယ်တွင် ဆမီးမြို့ စသည်တို့ပါဝင်ပါတယ်။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်