UNHCR အကူညီများ ဇူလိုင် ၁၉ ရက်နေ့က မင်းတပ်မြို့ကို ရောက်ရှိပြီး၊ မြို့တွင်းနေ ပြည်သူအချို့အတွက် အကူညီ ပစ္စည်းတွေ စတင် ဖြန့်ခဲ့ကြောင်း သိရ။
ယမန့်နေ့ ဇူလိုင် ၂၀ ရက်နေ့ မနက် ၆ : ၃၀ ဝန်းကျင်မှ စ၍ ချင်း-မကွေး နယ်စပ်အနီး ရွှေတွင်းတူးကျေးရွာ (Hrui Krum) တွင် မင်းတပ် CDF နှင့်စစ်ကောင်စီတို့ကြား တကျော့ပြန် တိုက်ပွဲ ပြန်လည်စတင်ခဲ့ပြီး နေ့လည်ပိုင်းတွင် ရမ်ပန်း ကျေးရွာ အနီး ပိုင်းတွီကျေးရွာတွင် နှစ်ဖက်ထိတွေ့ တိုက်ပွဲပြင်းထန်းခဲ့တယ်။
ဒီလို Covid19 တတိယလှိုင်း ကာလမှာ မင်းတပ် CDF အနေနဲ့ တိုက်ပွဲ ထပ်ဖြစ်ချင်တဲ့ ဆန္ဒမရှိတဲ့ ကြောင်း တပ်ဖွဲ့ဝင်အများစုကပြောကြတယ်။ သို့သော် စစ်ကောင်စီဘက်မှ ဒီကာလကို
အခွင့်ကောင်းယူပြီး စစ်ဆင်ရေးတွေ စတင်ဖို့ နယ်မြေကျူးကျော်ပြီး စစ်ကြောင်းတွေ ဆက်တိုက်ထွက် နေခြင်းကြောင့် မတတ်နိုင်တဲ့အဆုံး မင်းတပ် CDF အနေနဲ့ မိမိကိုယ်ကိုယ် ခုခံကာကွယ်နေရတာဖြစ်တယ်လို့ သိရတယ်။
မင်းတပ်မှာ ယခင်ထက် တိုက်ပွဲတွေ ပိုမို ပြင်းထန်နိုင်ကြောင်း မင်းတပ် CDF နဲ့ အတွင်းကျကျ ဆက်စပ်မှု ရှိသူတစ်ယောက်က ၎င်း၏ လူမှုကွန်ယက် တွင်တင်ထားတယ်။
ယမန့်နေ့ ဇူလိုင်၂၁ ရက်နေ့တွင် မကွေးတိုင်း ပခုက္ကူ နှင့် ကမ္မကဘက်မှ စစ်ကောင်စီကား အစီး ၂၀ ဝန်းကျင် ချင်းတောင်ပေါ်တက်သွားကြောင်း ဒေသခံသတင်း ရင်းမြစ်များထံမှ သိရတယ်။
စစ်ကောင်စီမှ လေယာဉ် ဖြင့် ကျောက်ထုလေယာဉ်ကွင်း အသုံးပြုပြီး အင်အား ဖြည့်တင်းနေကြောင်း သိရ ။ စစ်ကောင်စီပိုင် MWD သတင်းဌာနမှ အောက်ဆီဂျင်ဗူးများ ပို့ဆောင်ခဲ့ကြောင်း ညပိုင်းတွင်သတင်းထုတ်ပြန်ကြေညာခဲ့တယ်။
ယမန့်နေ့က မင်းတပ် CDF နှင့် စစ်ကောင်စီတိုက်ပွဲတွင်း အထိခိုက်ကျဆုံး ရှိနိုင်သော်လည်း Zalen မှသီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါ။
ယနေ့ ဇူလိုင်၂၂ ရက် နံနက်ပိုင်းတွင် မတူပီမြို့မှ မင်းတပ်သို့ လာနေသော စစ်ကောင်စီ တပ်များ ကားလမ်း အတိုင်း မလာတော့ဘဲ မိုင်တိုင်အမှတ် ၆၈ မှ စ၍ ကေဘယ်လ် ကြိုးမြှုပ်သည့် တောလမ်းအတိုင်း လာနေကြောင်းသိရတယ်။
ယမန့်နေ့ ဇူလိုင် ၂၁ ရက်က ကျောက်ထု လေယာဉ်ကွင်းတွင် ရပ်နားထားသည့် စစ်ကောင်စီယာဉ် ၁၀ စီးကျော် ယနေ့မနက်အစောပိုင်းတွင် မင်းတပ်မြို့သို့ တက်သွားပါတယ်။
ယနေ့ မနက် ၁၀:၃၀ နာရီဝန်းကျင်တွေ မကွေးဘက်က စစ်ကောင်စီတပ်များ မင်းတပ်မြို့ထဲ သို့ ဝင်ရောက်လာပြီး တချို့ ကားများမင်းတပ် – မတူပီ လမ်းအတိုင်း တက်သွားကြောင်းသိရတယ်။
(Zawgyi)
ယေန႔ မင္းတပ္ၿမိဳ႕နယ္ အၾကမ္းဖက္စစ္ေကာင္စီတပ္ေတြလႈပ္ရွားမႈမ်ား၊ မေကြးတုိင္းဘက္က စကစတပ္ကားေတြမင္းတပ္ၿမိဳ႕သို႔ဝင္လာၿပီ
UNHCR အကူညီမ်ား ဇူလိုင္ ၁၉ ရက္ေန႔က မင္းတပ္ၿမိဳ႕ကို ေရာက္ရွိၿပီး၊ ၿမိဳ႕တြင္းေန ျပည္သူအခ်ိဳ႕အတြက္ အကူညီ ပစၥည္းေတြ စတင္ ျဖန္႔ခဲ့ေၾကာင္း သိရ။
ယမန္႔ေန႔ ဇူလုိင္ ၂၀ ရက္ေန႔ မနက္ ၆ : ၃၀ ဝန္းက်င္မွ စ၍ ခ်င္း-မေကြး နယ္စပ္အနီး ေ႐ႊတြင္းတူးေက်း႐ြာ (Hrui Krum) တြင္ မင္းတပ္ CDF ႏွင့္စစ္ေကာင္စီတို႔ၾကား တေက်ာ့ျပန္ တိုက္ပြဲ ျပန္လည္စတင္ခဲ့ၿပီး ေန႔လည္ပိုင္းတြင္ ရမ္ပန္း ေက်း႐ြာ အနီး ပိုင္းတြီေက်း႐ြာတြင္ ႏွစ္ဖက္ထိေတြ႕ တိုက္ပြဲျပင္းထန္းခဲ့တယ္။
ဒီလို Covid19 တတိယလႈိင္း ကာလမွာ မင္းတပ္ CDF အေနနဲ႔ တိုက္ပြဲ ထပ္ျဖစ္ခ်င္တဲ့ ဆႏၵမရွိတဲ့ ေၾကာင္း တပ္ဖြဲ႕ဝင္အမ်ားစုကေျပာၾကတယ္။ သို႔ေသာ္ စစ္ေကာင္စီဘက္မွ ဒီကာလကို
အခြင့္ေကာင္းယူၿပီး စစ္ဆင္ေရးေတြ စတင္ဖို႔ နယ္ေျမက်ဴးေက်ာ္ၿပီး စစ္ေၾကာင္းေတြ ဆက္တိုက္ထြက္ ေနျခင္းေၾကာင့္ မတတ္ႏိုင္တဲ့အဆုံး မင္းတပ္ CDF အေနနဲ႔ မိမိကိုယ္ကိုယ္ ခုခံကာကြယ္ေနရတာျဖစ္တယ္လို႔ သိရတယ္။
မင္းတပ္မွာ ယခင္ထက္ တိုက္ပြဲေတြ ပိုမို ျပင္းထန္ႏိုင္ေၾကာင္း မင္းတပ္ CDF နဲ႔ အတြင္းက်က် ဆက္စပ္မႈ ရွိသူတစ္ေယာက္က ၎၏ လူမႈကြန္ယက္ တြင္တင္ထားတယ္။
ယမန္႔ေန႔ ဇူလုိင္၂၁ ရက္ေန႔တြင္ မေကြးတိုင္း ပခုကၠဴ ႏွင့္ ကမၼကဘက္မွ စစ္ေကာင္စီကား အစီး ၂၀ ဝန္းက်င္ ခ်င္းေတာင္ေပၚတက္သြားေၾကာင္း ေဒသခံသတင္း ရင္းျမစ္မ်ားထံမွ သိရတယ္။
စစ္ေကာင္စီမွ ေလယာဥ္ ျဖင့္ ေက်ာက္ထုေလယာဥ္ကြင္း အသုံးျပဳၿပီး အင္အား ျဖည့္တင္းေနေၾကာင္း သိရ ။ စစ္ေကာင္စီပိုင္ MWD သတင္းဌာနမွ ေအာက္ဆီဂ်င္ဗူးမ်ား ပို႔ေဆာင္ခဲ့ေၾကာင္း ညပိုင္းတြင္သတင္းထုတ္ျပန္ေၾကညာခဲ့တယ္။
ယမန္႔ေန႔က မင္းတပ္ CDF ႏွင့္ စစ္ေကာင္စီတိုက္ပဲြတြင္း အထိခိုက္က်ဆုံး ရွိႏိုင္ေသာ္လည္း Zalen မွသီးျခား အတည္ျပဳႏိုင္ျခင္း မရွိေသးပါ။
ယေန႔ ဇူလုိင္၂၂ ရက္ နံနက္ပိုင္းတြင္ မတူပီၿမိဳ႕မွ မင္းတပ္သို႔ လာေနေသာ စစ္ေကာင္စီ တပ္မ်ား ကားလမ္း အတိုင္း မလာေတာ့ဘဲ မိုင္တိုင္အမွတ္ ၆၈ မွ စ၍ ေကဘယ္လ္ ႀကိဳးျမႇဳပ္သည့္ ေတာလမ္းအတိုင္း လာေနေၾကာင္းသိရတယ္။
ယမန္႔ေန႔ ဇူလုိင္ ၂၁ ရက္က ေက်ာက္ထု ေလယာဥ္ကြင္းတြင္ ရပ္နားထားသည့္ စစ္ေကာင္စီယာဥ္ ၁၀ စီးေက်ာ္ ယေန႔မနက္အေစာပိုင္းတြင္ မင္းတပ္ၿမိဳ႕သို႔ တက္သြားပါတယ္။
ယေန႔ မနက္ ၁၀:၃၀ နာရီဝန္းက်င္ေတြ မေကြးဘက္က စစ္ေကာင္စီတပ္မ်ား မင္းတပ္ၿမိဳ႕ထဲ သို႔ ဝင္ေရာက္လာၿပီး တခ်ိဳ႕ ကားမ်ားမင္းတပ္ – မတူပီ လမ္းအတိုင္း တက္သြားေၾကာင္းသိရတယ္။