ယနေ့ ဖားကန့်မြေပြိုမှုတွင် ချင်းအမျိုးသားတစ်ယောက်ပါဝင် (၂၅)ယောက်ပျောက်ဆုံး

ဧရာရတနာ ကုမ္မဏီကျင်းဟောင်း မက်လင်ချောင်ကျင်းဟာ ယနေ့ နံနက် (၆)နာရီခန့်တွင် မြေပြိုလို့ လူ(၈)ယောက်သေဆုံးပြီး (၂၅)ယောက်ပျောက်ဆုံးနေတယ်လို့သိရပါတယ်။

အဆိုပါ လူပျောက်စာရင်းထဲမှာ ချင်းလူမျိုး ဦးမန်ထန်ရဲ့သား ဦးနန်ဇရက်(၄၀နှစ်)လည်းပါဝင်ကြောင်း ဖော်ပြထားပါတယ်။ ဦးနန်ဇရက်ဟာ မမုံ ၂/၁၉၄ မှာနေထိုင်တယ်လို့ဖော်ပြထားပါတယ်။ လူပျောက်စာရင်းထဲမှာ အများစုက ကချင် နဲ့ ရဝမ်လူမျိုးတွေဖြစ်ကြတယ်။

နောက်ဆုံးရသတင်းများ

အမတ ၃၇၁ ကို စစ်ကောင်စီ ကရဟတ်ယာဉ်နဲ့လူအင်အားဖြည့် ၊ ဒုတပ်ရင်းမှူးကိုလည်း ရဟတ်ယာဉ်နဲ့ ခေါ်ဆောင်သွား

မေ ၁၅၊ ၂၀၂၆Zalen မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ် ပြည်ဝရွာအခြေစိုက် အမြောက်တပ်ရင်း (အမတ – ၃၇၁) ကို စစ်ကောင်စီတပ်က Mi-17 ထောက်ပံ့ရေးရဟတ်ယာဉ်တစီး နဲ့ တပ်သားအင်အားလာရောက်ဖြည့်တင်းခဲ့ပြီး၊ ဒုတပ်ရင်းမှူး တဦးကိုလည်းပြန်လည်ခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ ...

ဆက်ဖတ်ရန်