ရိခေါ်ဒါရ်မြို့ကို ဒီနေ့ကစပြီး Stay at Home ကြေညာလိုက်ပြီ

အိန္ဒိယနယ်စပ်မှာရှိတဲ့ ရိခေါ်ဒါရ်မြို့တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၅ ယောက်ရှိလာတာကြောင့် ဒီနေ့ကစပြီး ၂ ပတ်ကြာ Stay at Home ကြေညာလိုက်ပြီလို့ ဒေသခံတွေစီကနေ သတင်းရရှိပါတယ်။

ရိခေါ်ဒါရ်မြို့ အမှတ် (၁)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးချန်လျန်နာက “ဒီနေ့ပဲ အုပ်ချုပ်ရေးမှူးတွေနဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ အစည်းအဝေးထိုင်ကြတယ်။ ခုနလေးပဲ မြို့ထဲမှာ ဒီနေ့ကစပြီး ၂၈ ရက်ထိ Stay at Home သတ်မှတ်လိုက်ပြီလို့ကြေညာတယ်။ ကုန်တင်ကားတွေကတော့ ဝင်လာလို့ရတယ်။ ဒါပေမယ့် ကုန်တင်ကုန်ချကတော့ သူတို့ဘာသာလုပ်ဖို့လိုမယ်။ ဒေသခံကုန်တင်ကုန်ချတွေကတော့ ပိတ်ထားတယ်ဆိုတော့” လို့ပြောပါတယ်။

ရိခေါ်ဒါရ်မြို့တွင် ဇန်နဝါရီလ (၁၅)ရက်နေ့တွင် ဆေးရုံအုပ် ဆရာဝန်အပါအဝင် သူနာပြု ၂ ယောက်နဲ့ ဒေသခံ ၂ ဦးထံ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိပါတယ်။

ကလေးမြို့မှ ရိခေါ်ဒါရ်သို့ ကုန်စည်သယ်ယူပို့ဆောင်တဲ့ ပန်းချယ်ရီဂိတ်မှူး မောင်ဇော်က ” ခုထိတော့ ကျနော်တို့စီမှာ တားမြစ်တဲ့စာမရသေးဘူး။ ဒါကြောင့် တနင်္လာနေ့ တော့ ကုန်တွေသွားကြည့်မယ်။ အခြေအနေသိအောင်” လို့ပြောပါတယ်။

(Zawgyi)

ရိေခၚဒါရ္ၿမိဳ႕ကို ဒီေန႔ကစၿပီး Stay at Home ေၾကညာလိုက္ၿပီ

အိႏိၵယနယ္စပ္မွာရွိတဲ့ ရိေခၚဒါရ္ၿမိဳ႕တြင္ ကိုဗစ္-၁၉ ပိုးေတြ႔လူနာ ၅ ေယာက္ရွိလာတာေၾကာင့္ ဒီေန႔ကစၿပီး ၂ ပတ္ၾကာ Stay at Home ေၾကညာလုိက္ၿပီလို႔ ေဒသခံေတြစီကေန သတင္းရရွိပါတယ္။

ရိေခၚဒါရ္ၿမိဳ႔ အမွတ္ (၁)ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး ဦးခ်န္လ်န္နာက “ဒီေန႔ပဲ အုပ္ခ်ဳပ္ေရးမွဴးေတြနဲ႔ ရပ္ေက်းအုပ္ခ်ဳပ္ေရးမွဴးေတြ အစည္းအေဝးထုိင္ၾကတယ္။ ခုနေလးပဲ ၿမိဳ႕ထဲမွာ ဒီေန႔ကစၿပီး ၂၈ ရက္ထိ Stay at Home သတ္မွတ္လိုက္ၿပီလို႔ေၾကညာတယ္။ ကုန္တင္ကားေတြကေတာ့ ဝင္လာလို႔ရတယ္။ ဒါေပမယ့္ ကုန္တင္ကုန္ခ်ကေတာ့ သူတို႔ဘာသာလုပ္ဖို႔လိုမယ္။ ေဒသခံကုန္တင္ကုန္ခ်ေတြကေတာ့ ပိတ္ထားတယ္ဆိုေတာ့” လို႔ေျပာပါတယ္။

ရိေခၚဒါရ္ၿမိဳ႕တြင္ ဇန္နဝါရီလ (၁၅)ရက္ေန႔တြင္ ေဆးရံုအုပ္ ဆရာဝန္အပါအဝင္ သူနာျပဳ ၂ ေယာက္နဲ႔ ေဒသခံ ၂ ဦးထံ ကိုဗစ္-၁၉ ေရာဂါပိုးေတြ႔ရွိပါတယ္။

ကေလးၿမိဳ႕မွ ရိေခၚဒါရ္သို႔ ကုန္စည္သယ္ယူပို႔ေဆာင္တဲ့ ပန္းခ်ယ္ရီဂိတ္မွဴး ေမာင္ေဇာ္က ” ခုထိေတာ့ က်ေနာ္တို႔စီမွာ တားျမစ္တဲ့စာမရေသးဘူး။ ဒါေၾကာင့္ တနလၤာေန႔ ေတာ့ ကုန္ေတြသြားၾကည့္မယ္။ အေျခအေနသိေအာင္” လို႔ေျပာပါတယ္။

နောက်ဆုံးရသတင်းများ

အိန္ဒိယ-မြန်မာနယ်စပ် မဏီပူရ်ပြည်နယ်မှာ မြန်မာဒုက္ခသည်များကို ဒီဇင်ဘာလ နောက်ဆုံးထားပြီး နေရပ်ပြန်ဖို့ ခရိုင်မှူးမှ ညွန်ကြား

၂၆၊ အောက်တိုဘာ ၂၀၂၄ Zalen မဏိပူရ်ပြည်နယ် အိန္ဒိယ-မြန်မာနယ်စပ် မဏီပူရ်ပြည်နယ် အော့ခရူခရိုင်နဲ့၊ ကမ်း‌ဂျွန်ခရိုင်မှာ စစ်ဘေးခိုလှုံနေတဲ့ မြန်မာစစ်ဘေးဒုက္ခသည်များကို ဒီဇင်ဘာလ နောက်ဆုံးထားပြီး နေရပ်ပြန်ဖို့ ခရိုင်အုပ်ချူပ်ရေးအဖွဲ့က အောက်တိုဘာ ၂၂ရက်နေ့က လာရောက်ညွန်ကြားခဲ့တယ်လို့ စစ်ဘေးရှောင်များက ပြောပါတယ်။ ...

ဆက်ဖတ်ရန်