ရုပ်ရှင်ဆင်ဆာစနစ်မှ Rating System သို့ပြောင်းလဲကျင့်သုံးဖို့ ချင်းတိုင်းရင်းသား အနုပညာရှင်တွေ လက်မှတ်ရေးထိုး

မြန်မာ့ ရုပ်ရှင်ဆင်ဆာစနစ် ကနေ မြန်မာ့ ရုပ်ရှင်အဆင့်သတ်မှတ်ချက်စနစ် (Rating System) သို့ ပြောင်းလဲကျင့်သုံး ချင်းပြည်နယ်နဲ့ ကလေးမြို့မှ ချင်းတိုင်းရင်းသား အနုပညာရှင် (၁၄)ဦးက လက်မှတ်ရေးထိုးကြပါတယ်။

Film Maker ကိုကမ်ခန့်ရှိန်းက “ဆင်ဆာက အရင်အစိုးရလက်ထက်ကလုပ်ထားတဲ့ဥပဒေလေ။ အဲ့ဒါက ရှပ်ရှင်ဖန်တီးတဲ့သူတွေတွက် လွတ်လပ်စွာဖန်တီးခွင့်မရဘူး။ ဒါကြောင့် Rating System ဖြစ်မှ လွတ်လပ်စွာဖန်တီးလို့ရမယ်။ ကိုယ်ဖန်တီးတဲ့ရုပ်ရှင်လည်း အဖြတ်အတောက်မရှိဘဲ ပရိသတ်နဲ့တိုက်ရိုက်ထိတွေ့လို့ရမယ်။ လက်မှတ်ကိုဒီနေ့ထိပဲကောက်ပြီးတော့ မနြက်ဖန် Rating System ကောက်တဲ့အဖွဲ့ကိုပို့မယ်။ သူတို့က နေပြည်တော် ပြန်ကြားရေးဝန်ကြီးဌာနကို ပို့မယ်” လို့ပြောပါတယ်။

Rating System campaign ဟာ မြန်မာနိုင်ငံအနုပညာရှင်တွေအားလုံးက လက်မှတ်ထိုးပြီးလှုပ်ရှားနေပါတယ်။

Zalen ad

နောက်ဆုံးရသတင်းများ

၂၀၂၀ မဲစာရင်းရလဒ်မှန်ကန်မှုမရှိဘူးလို့ဆိုတဲ့ အကြမ်းဖက်စစ်တပ်ဟာ ၂၀၂၀ ရွေးကောက်ပွဲ စာရွက်စာတမ်းများကို မီးရှို့ဖျက်ဆီး

ဖေဖော်ဝါရီ ၇ ၊ ၂၀၂၆။ Zalen အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ ၂၀၂၀ ခုနှစ်တုန်းကအသုံးပြုခဲ့တဲ့ ရွေးကောက်ပွဲစာရွက်စာတမ်းများကို ယမန်နေ့ ဖေဖော်ဝါရီ ၆ ရက်နေ့မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ကာလကျော်လွန်ပြီလို့ဆိုကာ ၂၀၂၀ ...

ဆက်ဖတ်ရန်